အပိုင်း (၁၃)

3.7K 102 0
                                    

Unicode
~~~~~~~~~

ဆရာဝန်ပေးလိုက်သော ဆေးထုပ်လေးဆွဲကာ သူမကွန်ဒိုသို့ ပြန်လာခဲ့တော့သည်။ သူမစိတ်တွေထွေပြားနေပါသည် ကလေးရေ မင်းက ဖိုးသက်ရှည်လေးလားကွာ အခု ဘယ်လိုလုပ်ရပါ့မလဲ အတွေးပေါင်းများစွာ ဖြင့် ဓာတ်လှေကားထဲဝင်တော့ ပန်းသစ်တော်ခြင်းနှင့် ကိုလင်းကိုဝင်တိုက်မိတော့မလိုဖြစ်သွားသည်။

"အချစ် သတိထားဦးလေ ဘာတွေအတွေးများနေတာလဲ"

"ရှင် ကိုလင်း"

ထိုအခါမှ သူမက မူလအခြေအနေသို့ပြန်ရောက်သွားတော့သည်။လက်ထဲက ဆေးထုပ်ဖြူဖြူကလေးကို နောက်သို့ဝှက်ထားမိ၏ ဒါပေမယ် အထုပ်ကိုတော့သူတွေ့ပြီးလောက်ပါပြီ။

"အထုပ်တွေနဲ့ပါလား ဒီမှာ ကိုယ်လွန်းကြိုက်တဲ့ အသီးဝယ်လာပေးတယ် ကိုယ်လွန်းကိုလိုက်ပို့မယ်နော်"

သူ့အပြောကို သူမ အင်းမလုပ် ဟင့်အင်းမလုပ်နေမိသည်။သူမကွန်ဒိုထဲရောက်တော့ သူကအသီးများအားရေဆေးရန် ဝင်သွားလေသည်။ သူမဆိုဖာပေါ်သို့ ဝင်ထိုင်၍ လက်ကဆေးထုပ်ကိုသာကြည့်နေမိပါ၏ သူမကြောက်သည်၊ ဒီကလေးကို သူမ ကောင်းကောင်းမပျိုးထောင်နိုင်မှာကြောက်သည်။

"လွန်းဒီမှာ ကိုယ်အသီးခွဲလာပေးတယ် စားလိုက် "

ပြောပြီး သူမကို ပန်းကန်ပေးလာသည်။သူပေးတာကို ယူပြီး တစ်ကိုက် ကိုက်လိုက်၏။ထို့နောက် သူမကိုကြည့်ကာ ဒီရက်ပိုင်း သူမပိန်လာသည်ကို သူသတိထားမိပါသည် နေမကောင်းလို့လားတွေးမိပြီး သူ့အကြည့်က သူမ၏ အထုပ်သို့ရောက်လာပါသည်။

"အချစ်နေမကောင်းလို့လားမှန်းစမ်း"

ပြော၍ သူမနှဖူးပေါ်သူ့လက်တင်က ကိုယ်အပူရှိမရှိစမ်းနေလေသည်။ ထိုနောက် သူမအထုပ်အားကြည့်၍

"လွန်းဆေးခန်းပြထားတာလား ကိုယ့်ကိုဘာလို့မပြောတာလဲ"

သူစိတ်ပူပူပြောရင်း သူမရဲ့ဆေးထုပ်ကို ယူမယ်ကြံတော့ သူမက ထိုအထုပ်အား ပြန်ဆွဲယူလိုက်သည်။

"ဟို လွန်းဘာမှမဖြစ်ဘူး "

"အချစ်ကိုယ့်ကို မလိမ်စမ်းနဲ့ ကိုယ်စိတ်ပူလို့ပါကွာ ဆေးထုပ်မလား ပေးပါကိုယ်ဆေးတိုက်မယ်"

ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်လို့Where stories live. Discover now