အပိုင်း (၅)

4.5K 122 3
                                    

Unicode
____________
Y University

Y University ၏ ဘွဲ့နှင်းသဘင်ခမ်းမနှင့် အနည်းငယ်အလှမ်းဝေးသောနေရာတွင် မိုးရိပ်သွင်တစ်ယောက် အကြပ်ရိုက်နေသည်။ သူ့ညီမကို လက်ဆောင်ပေးဖို့ရန် ဝယ်ယူထားသော ဝက်ဝံရုပ်ကလေးမှာ သူ့ကွန်ဒိုတွင်ကျန်ခဲ့ခြင်းကြောင့်ဖြစ်သည်။ ဒီမလာခင် သူ့PA ကို ကိစ္စတစ်ခုစုံစမ်းခိုင်းထားလို့ Phoneနှင့် အကြောင်းကြားနေလို့ လောလောနှင့်မေ့ကျန်ခဲ့ခြင်းဖြစ်သည်။

မတက်နိုင်ပါ လင်းရှိန်ခန့်ကိုပဲ အကူအညီတောင်းရမည်။ သူ့ကွန်ဒိုနှင့် ဒီက အသွားအပြန် မိနစ် ၄၀ တောင်ကြာသည့်အတွက် ဒီကောင့်ကိုပဲ အပူကပ်ရမည်။

_____________________

ဒီနေ့မနက်ပိုင်းမှာ လင်းရှိန်ခန့်အားနေသည့်အတွက် အပြင်ထွက်လည်ဖို့ ပြင်ဆင်ပြီး ကားပေါ်တက်မည်အပြု မိုးရိပ်သွင်မှ Phone ဆက်လာသည်။

Ring Ring Ring Ring

"မိုးရိပ်ပြော ဘာဖြစ်လို့လဲ "

" မင်းကတော့ ဖြစ်ရမယ် "

"အေးပို့ထားလိုက် ငါယူလာပေးမယ် "

Phoneကျသွားတော့ လင်းရှိန်ခန့်ကားလမ်းကြောင်းကို မိုးရိပ်သွင် ကွန်ဒိုသို့ပြောင်းလိုက်သည်။ သူ့ကွန်ဒိုက ဝက်ဝံရုပ်ကို ယူပြီး Y University သို့ ထွက်လာရသည်။ လမ်းတွင် ပန်းဆိုင်တွေ့တော့ သူစိတ်ကူးတစ်ခုရသွားသည် သူ့လက်ဗလာနှင့်မသွားသင့်ပေ သူ့ညီအစ်ကိုရဲ့ ညီမပဲမလား ပန်းစည်းဖြင့် သူဂုဏ်ပြုပေးရမည်ဖြစ်သည်။

~~~~~~~~~~~~~~~
Y University

ဘွဲ့နှင်းသဘင်အခမ်းအနားကလည်းပြီးဆုံးသွားပြီဖြစ်သည်။ လရိပ်လွန်းအပါအဝင် သူမ၏မိဘများက မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးနေသည်။ မိဘများနှင့်ရိုက်ပြီးနောက် မိုးစန္ဒီ၊ခြူးခြူးနှင့်လည်း ဓာတ်ပုံရိုက်သည်။

လင်းရှိန်ခန့်တစ်ယောက် မိုးရိပ်သွင်နှင့် ချိန်းဆိုထားရာနေရာသို့ သွားရာလမ်းတစ်လျှောက်တွင် သူ့ကို ရုပ်ရှင်မင်းသားအလား မိန်းကလေးများက ဓာတ်ပုံရိုက်ယူကြသည်။ ချိန်းဆိုရာနေရာ ရောက်တော့ ခမ်းမထဲသို့ မကြာခဏမော့ကြည့်နေသော မိုးရိပ်သွင်ကို တွေ့ရသည်။

ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်လို့Tempat cerita menjadi hidup. Temukan sekarang