အပိုင်း (၁၁)

3.8K 92 0
                                    

Unicode
~~~~~~
"ဟေ့ကောင်တွေမင်းတို့ အခုရပ်လိုက်ကြစမ်း"

လင်းရှိန်ခန့်အမြန်ပြေးသွားတို့ သူတို့က သူမကိုအမြန်သယ်သွားကြသည်။ သူမကိုသယ်သွားတဲ့ကားနောက် သူလည်းအမြန်လိုက်ရသည်။ရဲစခန်းကိုဖုန်းခေါ်၍ သူ့မှာ သူမအတွက်စိုးရိမ်ပူပန်စွာဖြင့် လိုက်ရသည်။ ရဲကားနှစ်စီးက သူမပါသွားသည့်ကားရှေ့ရောက်လာကာ ပိတ်ရပ်လိုက်သည်။ထိုကားက နောက်ကလည်းပြန်ထွက်လို့မရတော့သောကြောင့် အဖမ်းခံလိုက်ရသည်။လင်းရှိန်ခန့်သူမလေးရှိတဲ့ကားသို့အမြန်သွားရသည်။

"လွန်း လွန်း ထပါဦး"

သူဆက်တိုက်ခေါ်နိုးလိုက်သည်။

"မစိုးရိမ်ပါနဲ့ သူမက ခဏနေနိုးလာပါလိမ့်မယ် အရင်ဆုံးသူမကို အိမ်ပြန်ခေါ်သွားလိုက်ပါ အရင်ဆုံး တရားခံတွေကို ကျွန်တော်တို့ ထိန်းသိမ်းထားပါမယ် ဒီကလူကြီးမင်း အမှုဖွင့်ဖို့ ( )ကိုလိုက်လာခဲ့ပါ"

"ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး"

ရဲတစ်ယောက်က သူ့ကိုပြောတော့ သူက သူမလေးအားသယ်ကာ ကွန်ဒိုသို့ပြန်ခေါ်လာလိုက်သည်။

သူမကို သူ့ကွန်ဒိုထဲကိုသာခေါ်လာခဲ့တော့သည်။သူမရဲ့အိတ်လည်း ကျကျန်ခဲ့မည်ထင်သည်။သူမကိုသူ့ကုတင်ပေါ်သိပ်လိုက်ရင်း သူမက သူမရဲ့အဝတ်များချွတ်နေကာ ညီးညူးနေတော့သည်။

" အမ်း ပူတယ် ပူတယ် အရမ်းပူတယ်"

"လွန်း လွန်းသတိထားဦးလေ ကိုယ့်ကိုကြည့်လွန်း လွန်း"

လင်းရှိန်ခန့်သူမအားချော့မော့ကာ သူမမျက်နှာလေးအားယူကာ သူ့ကိုကြည့်စေသည်။ထိုအခါသူမမျက်လုံးများဖွင့်ကာ သူကိုကြည့်လိုက်ရင်း

"ကိုလင်း ကိုလင်း လွန်းအရမ်းပူနေတယ် အဟင့် ဟင့်"

လရိပ်လွန်းသူမရှေ့က လူအားကြည့်နေရာ စိတ်ထဲမရိုးမရွဖြစ်လာမိသည်။တွေးနေရင်း သူမနှုတ်ခမ်းလေးများက သူ၏နှုတ်ခမ်းများနှင်တစ်ထပ်ထည်းကျစေလိုက်တော့သည်။ သူမလေးက သူ့အားရုတ်တရက်ထိုသို့ ပြုမူလိုက်တော့ သူလည်းဖြစ်ပျက်သမျှအားလုံးမေ့ကာ စျာန်လျှောသွားလေတော့သည်။

ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်လို့Where stories live. Discover now