Unicode
~~~~~~~
လင်းရှိန်ခန့် သူ၏ မိသားစုနှင့်ထမင်းစားနေတုန်း သူ့ကိစ္စကို ရှင်းပြရန်အခက်တွေ့နေသည်။
"ဖွားဖွား ဒယ်ဒီ နဲ့မာမီ အားလုံးကို ကျွန်တော် အရေးကြီးကိစ္စပြောစရာရှိတယ်"
"ဘာကိစ္စများလဲ Nicolas ဖွားတို့နားထောင်နေတယ်"
"ဖွားတို့အားလုံးကျွန်တော်ကို စိတ်မဆိုးပါနဲ့ ကျွန်တော် ကလေးအဖေဖြစ်တော့မယ်"
"ဘယ်လိုသား သားဘာပြောလိုက်တာ"
ဒေါ်သီတာအံသြခြင်းများစွာဖြင့် သူမသားကို ကြည့်ကာ မေးလိုက်သည်။ဦးထွန်းလင်းနဲ့ အဖွားဆိုဖီယာကလည်း သူ့ထံသို့ ကြည့်နေကြလေ၏။
"ဟုတ်တယ် မာမီ ကိုယ်ဝန်ရှိလို့ မာမီတို့ လွန်းကို အထင်မသေးရဘူးနော် လွန်းက ဆေးမိနေခဲ့တာ အဲ့တာကို ကျွန်တော်က အခွင့်အရေးယူမိသွားတယ်"
"လင်းရှိန်ခန့်! မာမီတို့ သားကို ဒီလိုပျိုးထောင်ခဲ့တာလား ဟမ် အမျိုးသမီးတွေကို မလေးမစားမဆက်ဆံရဘူးလို့ မာမီသားကို အမြဲသင်ပြပေးခဲ့တယ် နဂိုကတည်းကမှ မာမီ့ကို မာမီရဲ့အသိုင်းအဝိုင်းက မယားငယ်ဆိုပြီး နောက်ကွယ်မှာ ဝိုင်းပြောနေကြတာ အခုတော့ သူတို့ပြောစရာဖြစ်ပြန်ပြီ ကြည့်ရတာ မာမီသားကို ဆုံးမမှုညံ့ဖျင်းခဲ့တာပဲ"
"သီတာ မင်းက ဇနီးကောင်းနဲ့မိခင်ကောင်းတစ်ယောက်ပါကွာ ကိုယ်တို့သားက လူငယ်ဆိုတော့ စိတ်အလိုလိုက်မိသွားတာ ကိုယ်သိလာသမျှထည်မှာ မင်းကအတော်ဆုံးမိခင်တွေထဲက တစ်ယောက်ပဲ"
ဒေါ်သီတာဦးသားဖြစ်သူကို စိတ်ဆိုးဒေါသထွက်ကာ ပြောလိုက်တော့ ဇနီးဖြစ်သူ၏ အပြောကိုကြားပြီး ဦးထွန်းလင်းမှာ သူ၏ဇနီးကို စိတ်လျော့အောင် ချော့မော့ပြောရသည်။
"ဟုတ်ပါတယ် မာမီရယ် အခုကလည်း ကျွန်တော် လွန်းကို ချစ်လွန်းလို့ဖြစ်သွားတာပါ ကျွန်တော်အခု လက်ထပ်ဖို့ လုပ်နေတယ် လွန်းက အခြားလူမဟုတ်ဘူး ကျွန်တော့သူငယ်ချင်းရဲ့ ညီမပါ"
"ဘာကွ Nicolas မင်းကတော့ကွာ"
ဦးထွန်းလင်း သားဖြစ်သူကို တကယ်လက်ခါသွားသည် ကိုယ့်သူငယ်ချင်းရဲ့ ညီမကိုမှ။ သူ့သားက လုပ်လိုက်ရင်တကယ့်ကိုရိုက်ပေါက်ပဲ အဲ့မိန်းကလေးအစ်ကိုရဲ့ လက်သီးကို မြည်းစမ်းရတော့မယ်ထင်ပါ့။
![](https://img.wattpad.com/cover/336620658-288-k512436.jpg)
ESTÁS LEYENDO
ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်လို့
Romanceလရိပ်လွန်း။ ။ ကိုလင်းအတွက်ကရော ကိုလင်းရဲ့အဖိုးတန်ဆုံးကရော ဘာမို့လို့လဲ! လင်းရှိန်ခန့်။ ။ ဟ ကိုယ့်ရဲ့အဖိုးတန်ဆုံးက မင်းလေ မင်းဖြစ်နေလို့ မင်းအနားမှာ ဒီလိုမျိုးတွယ်ကပ်နေတာပေါ့ကွ လရိပ်လွန်း။ ။ ကိုလင်းအခု လွန်းကိုအော်နေတာလား လင်းရှိန်ခန့်။ ။ ဘယ...