အပိုင်း (၁၆)

3.8K 94 0
                                    

Unicode

~~~~~

အဲ့ဒီနေ့က သူမိုးရိပ်သွင်ကို အတော်လေးတောင်းပန်ခဲ့ရသည်။ သူတောင်းပန်ပါများတော့ သူစိတ်လျော့ထားလိုက်ပုံရကာ ပြောခဲ့ပါသည် "သူတကယ် ဝဋ်လည်သွားတာထင်တယ်"တဲ့ မိုးရိပ်ပြောတဲ့ဝဋ်လည်တယ်ဆိုတာ ဘာကိုပြောတာလဲတော့ သူမသိ သူသိတာက မိုးရိပ်က သူ့ကိုခွင့်လွတ်လိုက်ပြီဆိုတာပဲ။

ဒီနေ့ သူLAကို ပြန်သွားသည့်နေ့ဖြစ်သည်။ယခုပြန်လာတဲ့အခေါက်က သူမလေးအား တရားဝင်ချစ်ခွင့်ပန်မည်ဖြစ်သည်။ချစ်ခွင့်ပန်တဲ့အချိန်တွင် ဂစ်တာတီးပြမည်ဖြစ်၍ ဝယ်ယူထားသာ ဂစ်တာအသစ်အား သွားထားနေခြင်းဖြစ်သည်။ပြီးမှ အောက်ထပ်သို့ ဆင်းလာလိုက်သည်။သူမလေးပေးထားသော လျှို့ဝှက်နံပါတ် အားနှိပ်ကာ ဝင်ခဲ့၍

"လွန်း ကိုယ်ပြန်ရောက်ပြီ"

"ကိုလင်းလာပြီလား"

သူအသံပေးမှသာ TVထဲ အာရုံရောက်နေသော သူမလေးက လှည့်ကြည့်ကာ သူ့ဆီသို့ လိုက်လာလေသည်။ ချက်ပြုတ်ရန်ဝယ်လာသောအရာများအား ရေခဲသေတ္တာထဲသို့ စနစ်တကျထည့်နေသည်ကို ကြည့်နေသော သူမသည် သူ့အဖို့ အလွန်ပင်ချစ်ဖို့ကောင်းနေပါသည်။

ထို့နောက် အခုနက ဘာကို စိတ်ဝင်တစားကြည့်နေလဲ ဆိုတာသိချင်လို့ TVကို တစ်ချက်လှမ်းရှိုးလိုက်တော့ Mr. Beanကိုမှ ကာတွန်းနဲ့ဟာကို ကြည့်နေတာပါ။ထို့နောက် သူမအားကြည့်ကာ

"အချစ်က Mr. Beanကြည့်နေတာလား"

"ဟီး ဟုတ်တယ် ကိုလင်း အခုတလော လွန်း ကာတွန်းကား တွေပဲကြည့်ချင်နေတာ"

သူမက ရှက်ပြုံးပြုံးလေးဖြင့် သူအမေးကို ပြန်ဖြေရှာသည်။သူမလေးဗိုက်နား သူကပ်ကာ

"ဘေဘီလေးရေ မာမီကတော့ ဘေဘီလေးကို လွယ်ရင်း ကလေးစိတ်ပေါက်သွားပြီထင်တယ်"

ရုတ်တရက် သူမကို စနောက်ချင်စိတ်တွေပေါ်လာသဖြင့် သူမလေးအား စနောက်လိုက်သည်။ထိုအခါ သူမလေးဗိုက်နားကပ်နေသောသူ့အား အားဖွဖွကလေးဖြင့် တွန်းကာ

"ကိုလင်းနော် လွန်းကိုဆိုအမြဲအဲ့လိုပဲ"

"ဟားဟားဟား ကိုယ့်က ချစ်လို့စတာပါဗျ"

ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်လို့Tahanan ng mga kuwento. Tumuklas ngayon