အပိုင်း (၂၃)

3.3K 89 0
                                    

Unicode
~~~~~

လွန်းသမီးကိုချီပြီး အိမ်ပြင်ထွက်လိုက်သည် မိဘအိမ်ပြန်လို့ကလည်းမဖြစ် ဟိုတယ်ကိုပဲတန်းသွားလိုက်တော့သည်။

လင်းရှိန်ခန့် သမီးနဲ့ထွက်သွားသော သူမအား ရှာရန်ထွက်လာတော့ ဘယ်သူမှမတွေ့တော့ ကားတစ်စီးကလည်းမရှိ။Phoneဆက်ကြည့်တော့ မကိုင် သူမကို အချိန်ခဏလေး ပေးမယ်ဆိုပြီး ထားထားလိုက်သည်။

"သမီးလာ မာမီနဲ့ဒီမှာနေမယ် သမီးဒယ်ဒီကိုမချစ်နဲ့တော့"

သမီးက ငိုထားပေမယ့် အငိုတိတ်နေပြီဖြစ်သည်။လွန်းမှာသာ သူအော်ထားလို့ ဝမ်းနည်းပြီး အခုချိန်ထိ ရှိုက်နေရတုန်း သမီးကို နို့တိုက်တော့ သမီးက ပြန်အိပ်ပျော်နေပြီဖြစ်သည်။ လွန်းကတော့ သူ့ဆီပြန်ဦးမှာမဟုတ်။ လိုက်တွေးနေရင်း သူငယ်ချင်းတွေကို သတိရလာလို့ Video Call ပြောမလို့ခေါ်လိုက်သည်။စ Join လိုက်သူက မိုးစန္ဒီ

"အမလေး လင်နဲ့သမီးနဲ့အလုပ်ရှုပ်နေတဲ့လူက စခေါ်လို့ပါလား"

မိမိုးက စောင်းချိတ်ပြောတော့ သူမပြုံးပြလိုက်သည်။နောက်တော့ ခြူးခြူးကပါ ဝင် Join လိုက်သည်။

"စိတ်မဆိုးပါနဲ့ဟယ် အခုငါအရမ်းအားနေတယ် စကားတဝကြီးပြောရအောင် "

"အခုမှ မျက်နှာချိုသွေးမနေနဲ့ ငါ့တူမပဲပြ ဘယ်မှာလဲ"

"သမီးက အိပ်ပျော်နေပြီ"

ခြူးခြူးက သူမအားပြောတော့ သူမကပြန်ဖြေလိုက်သည်။ထို့နောက် ဟိုစပ်စပ်ဒီစပ်စပ် ပြောခဲ့ကြသည်။

လင်းရှိန်ခန့် နာရီကို ကြည့်လိုက်တော့ ည၉နာရီတောင်ရှိနေပြီဖြစ်သည်။စိတ်ပူလို့ Phone ဆက်တော့ ဆိုးပေမလေးက သူ့Phoneအား block ထားသည်။ ထို့ကြောင့် လူကြီးတွေ ကိုပါ သူမရှိလားဆိုတာ လှမ်းအစ်ရတော့သည်။

"ဟုတ်ကဲ့ အန်ကယ် နေကောင်းပါလားဗျ"

". ......"

"ဗျာ ဟုတ်ကဲ့ လွန်းနဲ့သမီးကအိပ်နေပြီဗျ ဟုတ်ကဲ့ "

ယောက္ခမတွေထံဆက်ပြန်တော့ ရောက်မသွားပေ။

"မိုးရိပ် လွန်းမင်းဆီကို ရောက်လာသေးလား"

ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်လို့Where stories live. Discover now