အပိုင်း (၈)

3.7K 109 1
                                    

Unicode
~~~~~~~~~~
လရိပ်လွန်း သူမအိမ်သို့ပြန်ရောက်သောအခါ ကမ်းခြေမှာ ရိုက်ခဲ့သော Videoများကို edit နေသည်။ ထိုနောက် သူမရဲ့accတွေထဲ တင်လိုက်သည်။ အားလုံးပြီးစီးသွားပြီး အနားယူမလို လှဲအိပ်မယ်လုပ်တုန်း လင်းရှိန်ခန့် မှ သူမကို ဖုန်းဆက်လာသည်။

Ring Ring Ring Ring

"ကိုလင်းရှိန်ခန့် "

သူမဖုန်းဖြေလိုက်သည်။

"လွန်း အိပ်တော့မှာလား"

"အိပ်တော့ မအိပ်သေးပါဘူး ကိုလင်းရှိန်ခန့် လွန်းကို ပြောစရာရှိလို့လား"

"ဟုတ်တယ် သဘက်ခါ ကိုယ့်အလုပ်မှာ MDရာထူးကိုတရားဝင်လက်ခံရမယ် အဲ့တာ မိုးရိပ်နဲ့လွန်းကို အမှတ်တရအနေနဲ့ Dinner ကျွေးချင်လို့ လွန်းအားရင် လာခဲ့ပါလား"

"အရင်ဆုံး ဂုဏ်ယူပါတယ်နော် ကိုလင်းရှိန်ခန့် လွန်းအားရင် ကိုကိုနဲ့လိုက်လာခဲ့ပါ့မယ်"

သူမသူ့ကို ဂုဏ်ပြုစကားဆိုလိုက်သည်။တကယ်က သူမက LAသွားဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်သောကြောင့် ကိုကိုပြန်တာနဲ့ လိုက်သွားရုံပါပဲ။

~~~~~~~~~~~~~

ဒီနေ့မနက်တင် လင်းရှိန်ခန့် MDရာထူးကို လွှဲပြောင်းယူလိုက်ပြီဖြစ်သည်။ ယခုညတွင် မိုးရိပ်တို့မောင်နှမနှစ်ယောက်ကို Dinner ကျွေးဖို့ ( )ဆိုင်သို့ ရောက်ရှိနေပြီဖြစ်သည်။သူကအရင်ရောက်နေသောကြောင့် ဘိုကင်ချိတ်ထားသော ဝိုင်းသို့ဦးစွာဝင်ထိုင်လိုက်သည်။ ရုတ်တရက်သူ့ ဖုန်းမြည်လာသည်။

Ring Ring Ring Ring

"ဟယ်လို မိုးရိပ် ရောက်တော့မှာလား"

"ငလင်းရေ ငါတော့မရောက်ဖြစ်တော့ဘူးကွာ ငါ့ကို ရှောင်ဖယ်ရှောင်ဖယ်လုပ်နေတဲ့လူကို တွေ့လိုက်လို့ ငါသွားတွေ့ဦးမယ် MDဖြစ်သွားတဲ့အတွက် ဂုဏ်ယူပါတယ်ကွာ ငါ့ညီမပဲ လာလိမ့်မယ် "

"အေးရပါတယ်ကွာ"

သူဖုန်းချလိုက်သည်။ မိုးရိပ်သွင်ဒီကောင် အခုတလော သက်နှင်းဖြူဆိုလား အဲ့အမျိုးသမီးကို အသည်းအသန်ဖြစ်နေလေရဲ့။ အခုလည်း ဟိုကသူ့ကိုရှောင်နေလို့ လိုက်ဖမ်းနေတာနေမယ်။ မိုးရိပ်အကြောင်းစဥ်းစားနေရင်း သူမလေးကရောက်လာသည်။ရောက်ရောက်ချင်း သူ့ကိုပြုံးပြကာ

ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်လို့Donde viven las historias. Descúbrelo ahora