အပိုင်း (၁၂)

4K 104 0
                                    

Unicode
~~~~~~~
"ညီမလေး ဟိုဖက်မှာ ဒိတ်လွန်သွားတဲ့တားဆေး အစ်မခွဲထားတယ်နော် ဝယ်သူလာရင်မှားပေးမိမှာဆိုးလို့ ခဏစောင့်ထားပေး Toiletဝင်ဦးမယ်"

"ဟုတ်ကဲ့အစ်မ"

ဆေးဆိုင်က ဆရာဝန်က သူမ၏ အကူကောင်မလေးကို မှာကြားခဲ့ပါသည်။
လရိပ်လွန်း အရေးပေါ်တားဆေးသောက်ရန် ဆေးဆိုင်သို့ အလျင်အမြန်ထွက်လာခဲ့တော့သည်။

"တဆိတ်လောက်ရှင့် အရေးပေါ်တားဆေးလိုချင်လို့ပါ"

ဆေးဆိုင်ကဖုန်းကြည့်နေသော ကောင်မလေးက သူမပြောတော့ ဆေးယူကာ သူမကိုပေးလိုက်သည်။သူမလည်းပြုံးကာထိုဆေးကိုယူကာငွေချေပြီး ဆေးသောက်ကာထွက်လာလိုက်တော့သည်။

ထိုဆေးဆိုင်က ကောင်မလေးက တစ်ခုခုလွဲနေမှန်းသတိထားမိပြီးတော့မှ ဟာ သွားပြီ ဒိတ်လွန်တာကြီးသွားပေးမိတယ် ။သူမနှဖူးသူမပြန်ရိုက်ကာ စိတ်ရှုပ်ထွေးနေတော့သည်။

~~~~~~~~~

"ဘယ်လိုပဲ စိတ်ရောဂါဖြစ်နေပါစေ ကျွန်တော်ကတော့ အမှုကိုဆက်သွားရမှာပဲ သူမနေရာမှာ ခင်ဗျားတို့ သမီးတွေ၊တူမတွေဖြစ်နေခဲ့ရင်ရော "

လင်းရှိန်ခန့် ရဲစခန်းမှာ ကယ်ဗင့်မိခင်နှင့်အဒေါ်ဖြစ်သူအား ဒေါသကြီးစွာပြောဆိုနေသည်။

"အန်တီနားလည်ပါတယ်မောင်ရင်ရယ် အဲ့အတွက်လည်း အန်တီကပဲတောင်းပန်ပါတယ် အန်တီ့သားက ငယ်ငယ်ထဲက အစွဲအလန်းကြီးလွန်းလို့ပါ။ ဖြစ်နိုင်ရင်မောင်ရင့်ညီမကိုပါ လူကိုယ်တိုင်တောင်းပန်ချင်တာပါ"

"ညီမ မဟုတ်ဘူး ကျွန်တော့ချစ်သူဗျ!"

လင်းရှိန်ခန့် နဂိုကတည်းကဒေါသထွက်နေပါသည်ဆို မောင်နှမဇုံသွင်းနေသော ကယ်ဗင့်အမေကိုပါ စိတ်တိုမိလာသည်။

"Mr Nicolas ကျွန်တော်တို့အနေနဲ့ နစ်နာသူကိုလည်း တွေ့ဖို့လိုတယ် သူမ မလာသေးဘူးလား"
စခန်းမှူးက သူအားမေးလိုက်သည်။

"သူမခဏနေရောက် ပါတော့မယ် စခန်းမှုးခဏစောင့်ပေးပါ"

"ကျွန်မရောက်ပြီ"

သူပြောရင်းနဲ့ သူမက ဝင်လာသည်။အမှုကိစ္စကို သူမဖက်က ကျေးအေးပေးလိုက်ပါသည်။ ကယ်ဗင့်အမေနဲ့အဒေါ်က မျက်ရည်ကျလုမတက်တောင်းပန်တာရော စိတ်ရောဂါ ခံစားနေရသူဆိုတာရော ကြောင့် ခွင့်လွတ်ပေးလိုက်ပါသည်။ ဒါကို သူမဘေးကသူ့ကိုကြည့်မိတော့ ကိုလင်းက မကျေမနပ်ဖြစ်နေပုံရကာ မျက်မှောင်ကျုပ်ထားလေရဲ့ သူက အခွင့်အရေးရသွားတာကိုများ ဟမ့်။

ချစ်ခြင်းကမ္ဘာထဲသို့ ဝင်ရောက်ခဲ့ပြီဖြစ်လို့Tahanan ng mga kuwento. Tumuklas ngayon