" ဂျွန် ~~~ ဘာလို့ ကျွန်တော့်ကိုမကြည့်နေတာတုန်း "
Dinner party ကအပြန်တွင် ဂျွန်သည် သူ့ကိုစကားမပြောပေ ။ အခုလည်းသူ့ကို တစ်ချက်လေးတောင်မကြည့်ဘဲ ကားလမ်းကိုသာ စိုက်ကြည့်နေသည် ။
"ကိုယ်ကားမောင်းနေတယ်လေ ကင်မ် "
"အဲ့ဆို ဘာလို့စကားမပြောတာလဲ "
"ဒီတိုင်း ကားလမ်းကို အာရုံစိုက်နေလို့ "
ကားလမ်းမမှာ ကားတစ်စီးမှမရှိတာကို အာရုံစိုက်နေတာ ။ သဝန်တိုတဲ့ လူကြီးက အခုလည်း သဝန်တိုပြန်ပြီထင်တယ် ။
"အဲ့မိန်းကလေးက ငယ်သူငယ်ချင်းတစ်ယောက်ပါ ။ ကြီးတော့ မတွေ့ဖြစ်တာ ခုတွေ့တော့ နှုတ်ဆက်ရင်း ဓာတ်ပုံရိုက်လိုက်မိတာပါ ။ သူကလည်း ကျွန်တော့် fanဖြစ်တော့လေ "
"ကိုယ်မေးလို့လား ကင်မ် "
"အားရှ် .. ဂျွန် သဝန်တိုနေမှန်းသိလိူ့ ပြောပြတာလေ "
"မပြောနဲ့ရတယ် "
"ကျစ် ! "
သဝန်တိုမှန်းသိလို့ပြောပြတာကိုလည်း ဂျွန်ကလက်မခံ ကိုယ့်ကိုတောင် လေသံမာမာနဲ့ပြောနေတာကြောင့် ထယ်ယောင်းလည်း စိတ်တိုမိသည် ။ နဂိုကတည်းက ဒီလူက ခပ်ဆိုးဆိုးပါဆို အခုလို လာပြောရင်လည်း သည်းမခံတတ်တော့ ခက်သား ။
ဒီလိုနဲ့ တစ်လမ်းလုံး ကင်မ်ရယ် ဂျွန်ရယ် စကားမပြောဖြစ်ပါ ။ ဂျွန်သွားတဲ့နေရာက ဂျွန်ရဲ့ JK's villa လို့ အမည်ရတဲ့ အိမ်ပင်ဖြစ်သည် ။ အိမ်ရှေ့ရောက်လို့ ကားရပ်တာတောင် တစ်ယောက်နဲ့တစ်ယောက်မကြည့်။ ကင်မ်ကလည်း သူ့ဘာသာသူ ဆင်းပြီး အိမ်ထဲဝင်သွားသည် ။
အခန်းတစ်ခန်းထဲ အတူသုံးနေကြသူများဖြစ်၍ ကင်မ်ဝင်သွားသောကြောင့် ဂျွန်ဟာ အခန်းထဲတန်းမဝင်ဘဲ သူရဲ့ အားကစားလေ့ကျင့်ခန်းထဲကိုသာ ဝင်သွားသည် ။ ဘာရယ်မဟုတ် အနည်းငယ် စိတ်မကြည်နေတာကြောင့် သွေးပူလေ့ကျင့်ခန်းလုပ်သည့်အနေဖြင့် လက်ဝှေ့ထိုးခြင်းကို စတင်ကစားလိုက်တော့သည် ။
အိမ်ခန်းထဲဝင်သွားသော ကင်မ်မှာလဲ ညီးစိနေသည့် ခန္ဓာကိုယ်နှင့် စိတ်ကြောင့် ရေစိမ်ရန် စဉ်းစားမိသည်။ လေးလံလှသော အပေါ်ထပ်အင်္ကျီအထပ်ထပ်အား ချွတ်ပစ်၍ တဘတ်အင်္ကျီ (bathrobe) ကိုဝတ်ကာ ရေချိုးခန်းထဲဝင်သွားသည်။ ရေးအေးရေနွေးရောစပ်၍ အနည်းငယ်နွေးသော ရေချိုးစိမ်ကန်ထဲ အမွှေးနံ့သာ အရောင်ကို ထည့်နေသည့်ကင်မ် ၊ ထိုအမွှေးတွေက ခန္ဓာကိုယ်ကို ပေါ့ပါးစေတယ့်အပြင် စိတ်ကို ကြည်လင်စေသည်။
YOU ARE READING
𝐌𝐨𝐝𝐞𝐥 𝐊𝐢𝐦'𝐬 𝐎𝐰𝐧𝐞𝐫 𝐉𝐞𝐨𝐧 //