ဟိုတယ်အခန်းထဲက ကုတင်ဖြူကြီးပေါ်တွင် အိပ်နေသော ကောင်လေးတစ်ယောက်နဲ့ ထိုကောင်လေးကိုစိုက်ကြည့်နေတဲ့ကောင်လေးတစ်ယောက် ။
" ခင်ဗျားက ကျွန်တော့်အပိုင်လေဟုတ်တယ်မလားဂျွန် ''
ပြတင်းပေါက်ကနေထိုးနေတဲ့နေရောင်ခြည်ဟာ ဂျောင်ကုမျက်နှာပေါ်ကျနေတာကြောင့် ထယ်ယောင်းအမြန်ပင် လက်လေးနဲ့ မျက်နှာကိုကာပေးလိုက်သည် ။ ဂျွန်ဟာ အိပ်နေတာတောင် အရမ်းချောပြီး ဆွဲဆောင်မှုရှိလွန်းသည် ။ တည်ကြည်နေတဲ့မျက်နှာဟာလည်း အိပ်နေရင်လည်း တည်ကြည်လျက်သာ ။ ဒီအမျိုးသားကိုချစ်တာကြောင့်ပဲလား သူဘာလုပ်လုပ်အကုန်သဘောကျနေမိတာလေ ။
ထယ်ယောင်းဂျောင်ကုရဲ့မျက်နှာကိုလက်လေးနှင့် ဖြည်းဖြည်းချင်းပွတ်သက်ပြီး ပါးကိုကိုင်ကာ နှုတ်ခမ်းလေးကို ခပ်ဖွဖွနမ်းလိုက်သည် ။ အိပ်နေတဲ့ဂျွန်ဟာ အပေါ်ပိုင်းဗလာဖြစ်နေတာကြောင့် စောင်အပါးလေးကို လွှာခြုံပေးလိုက်သည် ။ ထယ်ယောင်းဘေးနားမှာရှိတဲ့ bathrobe ကိုယူပြီးဝတ်လိုက်သည် ။ မတ်တပ်ရပ်အထမှာ နာကျင်သွားသော်လည်း သူမမှုပါ ။ ချစ်ရသူကေပးေသာ နာကျင်မှုကြောင့် ဆိုသည်ကို တွေးရင်းပြုံးလိုက်မိသေးသည် ။
ရေချိုးသန့်ရှင်းရေးလုပ်ပြီးထွက်လာသည်အထိ ဂျွန်ဟာ မနိုးသေး ။ အချိန်ကြည့်တော့ မနက်၁၀နာရီရှိနေပြီ ။ ၁၀နာရီခွဲ ထယ်ယောင်းအလုပ်ရှိသေးသည် ။ နစ်ခြိုက်စွာအိပ်နေတဲ့ဂျွန့်ကိုမနိုးချင်တာကြောင့် ဒီတိုင်းထားလိုက်သည် ။ ထယ်ယောင်းကတော့ အမြန် အဝတ်စားလဲ အနည်းငယ်ပြင်ဆင်ပြီး ဂျောင်ကုအတွက်စာချန်ကာ ဟိုတယ်အခန်းထဲမှထွက်သွားလိုက်သည် ။
𝐌𝐨𝐝𝐞𝐥 𝐊𝐢𝐦'𝐬 𝐎𝐰𝐧𝐞𝐫 𝐉𝐞𝐨𝐧
" Kim shi ဘာလို့နောက်ကျနေတာလဲ ''
" Sorry soohyung ကားလမ်းတွေပိတ်နေတာ ''
" ရပါတယ် သူတို့ဘက်က မန်နေဂျာကလည်းကားပိတ်နေလို့နည်းနည်းနောက်ကျမယ်တဲ့ ''
" အဲ့ဆို ကျွန်တော့်ကို အဝတ်အစားပြင်ပေးပါဦး ''
" Stylist တွေအသင့်ရှိတယ် အဲ့အခန်းဝင်သွားလိုက် Taehyung ''
YOU ARE READING
𝐌𝐨𝐝𝐞𝐥 𝐊𝐢𝐦'𝐬 𝐎𝐰𝐧𝐞𝐫 𝐉𝐞𝐨𝐧 //