The beginning...

916 75 5
                                    

" ပြန်တွေ့ရတာ ဝမ်းသာပါတယ်နော် ဂျောင် .."

ကြားလိုက်ရတဲ့အသံကြောင့် တစ်ဆက်တည်းမှာပင် ခံစားချက်တို့က မုန်းတီးခြင်းကို ဖြစ်ပေါ်လာသည် ။ ရုတ်တရက်ဆန်တဲ့ ဖြစ်ရပ်ကို စဉ်းစားလိုက်ရင်း မတွေ့တာ ကြာပြီဖြစ်တဲ့သူမ‌က ကိုယ့်အတွက် စိတ်ရှုပ်စရာပင် ဖြစ်သည် ။ သိပ်မုန်းတယ် ...

"မင်း ! Bae Miyoon . ထွက် သွား ! "

လှိုက်တက်လာတဲ့ ရင်ထဲက မဆို့မနစ်ခံစားချက်နဲ့အတူ ဒေါသတွေပါ ဝင်ရောက်လာသည် ။ စိတ်ကို ထိန်းထားပေမယ့် ‌မျက်နှာကတော့ ထိန်းထားလို့မရပေ ။ မျက်လုံးတွေတောင် နီလာ၍ မေးရိုးတွေတင်းနေပြီး အကြောတွေတောင် ထောင်လာတော့သည် ။

" ဂျောင် တို့က အလုပ်ကိစ္စဆွေးနွေး.."

"ဖြတ်တယ် လက်တွဲမလုပ်ဘူး ! "

"အဟွန်း.. CEO Jeon Jungkook က အလုပ်ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာကို မခွဲခြားတတ်ဘူးလား "

မထိတထိ ပြောလာတဲ့ ‌‌သူမ .. အကြည့်စူးစူး ကြည့်ပေးလိုက်တော့ ရယ်လာသည် ။ ဘေးမှ အတွင်းရေးမှူး ဆွန်းမင်ကလည်း တစ်ခုခုကို ပြောချင်နေသည့်ပုံ ။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကိုခွဲခြားရမှန်း သိတာပေါ့ ။ ဒါပေမယ့် ‌ဒီရှေ့က မိန်းမကတော့ မပါဘူး ..

"‌CEO ‌Jung ရယ် ကျွန်မက ဘာမှမလုပ်ပါဘူး အခုက company က အလုပ်ကိစ္စအတွက်လာတာပါ "

မနက်ကလေးတင်ပြန်လာပြီ ဆိုပြီး ပြောခဲ့တာ ဒီမိန်းမ မဟုတ်ဘူးလား ။ ဉာဏ်များလိုက်တာ .. ။ ဆွန်းမင်ဘက်လှည့်ပြီး ဘာပြောချင်တာလဲဆိုပြီး မျက်ခုံးပင့်ပြတော့ .

"CEO အလုပ်ကိစ္စက ဖြတ်လို့ အဆင်မပြေပါဘူး တောင်းပန်ပါတယ် "

"ထားလိုက်ပါ အလုပ်ကိစ္စပဲလေ ဒီတစ်ခေါက်ပြီးရင်တော့ မင်းတို့ Company နဲ့ လက်တွဲဖို့ဆိုတာ မမျှော်လင့်နဲ့ ! "

"ဟုတ်ပါပြီ အခုတော့ စာချုပ်ဆွေးနွေးကြတာပေါ့ "

သူမ ဘက်က အတွင်းရေးမှူးက စာချုပ်တွေပေးတာကို ကြည့်လိုက်သည် ။ ကိုယ့် company က အားကစား ပစ္စည်းတွေနဲ့ ပတ်သက်တာဆိုတော့ သူတို့က ပစ္စည်း အကောင်းပေးမယ်ဆိုပြီး ချုပ်ထား‌ခြင်းပင် ။ ဒါပေမယ့် လက်တွဲမယ့် နစ်က ၅နစ် စာချုပ်ဖြစ်နေလေသည် ။

𝐌𝐨𝐝𝐞𝐥 𝐊𝐢𝐦'𝐬 𝐎𝐰𝐧𝐞𝐫 𝐉𝐞𝐨𝐧 //Where stories live. Discover now