မင်းကအချစ်အကြောင်း သီကျူးခိုင်းရင်
ကိုယ်က မင်းအကြောင်းတွေပဲပြောမိမှာ ကိုယ့်အချစ် ။𝐌𝐨𝐝𝐞𝐥 𝐊𝐢𝐦'𝐬 𝐎𝐰𝐧𝐞𝐫 𝐉𝐞𝐨𝐧
အိမ်ပြန်ရောက်တော့ ညစာအတွက် ဂျောင်ဂုက ချက်ပြုတ်နေသည် ။ အမဲသားဝယ်လာခဲ့၍ အမဲသားကို သေချာလေး တုန်းပြီး အစာပလာထည့်ကာ ကင်ထားလိုက်သည် ။ cheese ခေါက်ဆွဲထုပ် ကို ရေနွေးထဲ သေချာထည့်ပြုတ်ထားသည် ။ ဆလပ်ရွက် အချို့နှင့် အပ်မှိုများကို ရေဆေးလိုက်ကာ ဆလပ်ရွက်ကို ပန်းကန်ပေါ်တွင် ဖြန့်၍ အလှဆင်ထားသည် ။ အမဲသားရတဲ့အခါ ထိုဆလပ်ရွက် အပေါ်သေချာလေး တင်လိုက်သည် ။ အပ်မှိုအနည်းငယ်ကို ဖယ်ထားပြီးကျန်တဲ့ဟာကို ခနက အမဲသားကင်ထားတဲ့ မီးပေါ် ပြန်ကင်လိုက်သည်။ အပ်မှိုပေါ်အရသာမှုန့်လေးတွေဖြူးပြီး ပန်းကန်ထဲထည့်လိုက်သည် ။
ခေါက်ဆွဲပြုတ်ထားတာကို ရချိန် ဒယ်အိုးထဲကရေကိုသွန်ပြီး ရေအသစ်ထည့်ကာ ခေါက်ဆွဲထုတ်ထဲက ပါတဲ့အနှစ်တွေအပြင် အသားအချို့နှင့် အပ်မှို ၊ cheese အပြားလေးတွေပါထပ်ထည့်လိုက်သည် ။ အနည်းငယ် ပွတ်တဲ့အချိန်ရောက်မှ ခနက ခေါက်ဆွဲကို ထည့်ကာ ရောမွှေလိုက်သည် ။ ဒါဆို စားကောင်းတဲ့အခြေအနေ ပြည့်စုံသွားပြီ ။
အမဲသားကင် အတွက် ဆော့စ် ကို ပန်းကန်တစ်လုံးထဲသို့ ကြက်သွန်ဖြူသုံးတက်လောက်ကို အတုန်းသေးသေးလေးနဲ့ပါးပါးလေးတွေ လှီးထည့် ၊ အရောင်တင်မှုန့် ၊ ငရုတ်သီးမှုန့်ကို ထည့် ၊ နှမ်းနည်းနည်းနဲ့ အမွှေးအကြိုင်လေးတွေထည့် ငရုတ်ကောင်းမှုန့်ရောထည့်ပြီး နည်းနည်းမွှေလိုက်သည် ။ တည်ထားတဲ့ ဆီပူတစ်ဇွန်းလောက်ကို ထိုပန်းကန်ထဲထည့်လိုက်သည် ။ ပြီးမှ ငရုတ်ဆီဆော့စ် အနစ် နဲ့ ပဲငံပြာရည်ကို ထည့်ကာ သမအောင် မွှေလိုက်သည် ။ ငရုတ်နစ် အနံ့လေးက မွှေးကြိုက်စွာ ထွက်လာပြီ ။
ရေခဲသေတ္တာထဲက စတော်ဘယ်ရီသီး သကြားနဲ့နယ်ေချထားတဲ့ဟာကို နို့ဆီနှင့် နို့စိမ်း နွားနို့ အနည်းငယ်ထည့်ကာ သေချာလေးမွှေလိုက်သည် ။ ရေခဲတုန်းလေးတွေထည့်ကာ ရေခဲသေတ္တာထဲ ပြန်ထည့်ထားလိုက်သည် ။ ဝယ်လာတဲ့ စတော်ဘယ်ရီ crepe cake လေးကို ပန်းကန်လေးထဲ သေချာထည့်ကာ ရေခဲသေတ္တာထဲပြန်ထည့်လိုက်သည် ။
YOU ARE READING
𝐌𝐨𝐝𝐞𝐥 𝐊𝐢𝐦'𝐬 𝐎𝐰𝐧𝐞𝐫 𝐉𝐞𝐨𝐧 //