Baby Kim

912 81 9
                                    

ညကအလည်ကောင်းပြီး ကင်မ်က ဖျားနေလေသည် ။ တစ်ညလုံးလဲ ဂျွန်ဂျောင်ဂု မှာ မအိပ်ဘဲ ကင်မ့်ကို ဂရုစိုက်နေရသည် ။ ဖျားရင် ပူလွယ်အေးလွယ်လွန်းတဲ့ ကောင်လေးကြောင့် အရိပ်တကြည့်ကြည့်နဲ့ ၊ ချွေးထွက်ရင်လည်း ချွေးသုတ်ပေးလိုက် ၊ အင်္ကျီလဲပေးလိုက်နှင့်ပင် ။ အဖျားနည်းနည်းကျသွားတာကြောင့် အနည်းငယ်စိတ်အေးသွားရ‌သည် ။ ရေချိုးခန်းထဲဝင် ကိုယ်လက်သန့်စင်လိုက်ပြီး ကင်မ်ရဲ့ ဘေးနားလေးမှာ ဝင်အိပ်လိုက်သည် ။ အချိန်ကြည့်မှ မနက် ၄နာရီတောင် ရှိတော့မယ် ..

ဘေးတွင်ဝင်အိပ်ပြီး ကင်မ့်ကိုယ်လုံးလေးကိုဖက်လိုက်တော့ အိပ်နေရင်း ကိုယ့်ဘက်လှည့်ပြီး ရင်ဖက်ပေါ်တွင် အိပ်နေလျက် ။ ဖျားရင် အရမ်းချွဲတတ်လွန်းတဲ့ ဒီကောင်လေးကို အချစ်ပိုရပါတယ် ..

အနည်းငယ်ကွေးနေသော ဆံနွယ်လေးတွေကို မျက်နှာပေါ်ကနေ သပ်တင်လိုက်ရင်း အဖျားကြောင့် ဖျော့နေသော မျက်နှာလေးကို ကြည့်နေလျက် ။

"ဖျားနေတာတောင် လှနိုင်သေးတာပဲ ကိုယ့် ကင်မ်လေးက "

နှာဖူးလေးကို အနမ်းဖိကပ်လိုက်ရင်း ကိုယ်ငွေ့ငွေ့လေးကိုပါ ခံစားလိုက်ရသည် ။ ‌ဖြူဖျော့နေသော နှုတ်ခမ်းသားလေးကို အတော်ကြာလေး ငုံရင်း နမ်းရှိုက်လိုက်သည် ။ ပြီးတော့မှ အနည်းငယ် စိုပြေလာသော နှုတ်ခမ်းလေးကြောင့် ပြုံးမိသွားသည် ။

"ကိုယ်လုပ်သမျှတောင် ဘာမှမသိနေပါလား .. ကိုယ့်မှာ မင်းကို ချစ်လွန်းလို့ ဘယ်လိုလုပ်ရပါ့မလဲ "

မင်းမျက်ရည်ကျရင် ကိုယ့်မှာ မီးခဲကိုင်ထားရသလိုပဲ မနေနိုင် မထိုင်နိုင်ဖြစ်နေရတယ် ကင်မ် ရယ် ။

ကိုယ်လုံးသေးသေးလေးအား ဖက်ထားရင်း အတွေးတွေက ဒီနေ့အဖြစ်အပျက်တွေကို တွေးမိသွားပြန်သည် ။ ဘေမီယွန်း .. ပြန်လာတာက သူတို့အတွက် အနှောင့်အယှက်လို ဖြစ်မှာကို ဆိုးရိမ်သည် ။ အထူးသဖြင့် ကင်မ့်ကို ထိမှာကိုပင် .။

" အင့် ဟင့် ပူတယ် ဂျွန် ~~"

ကိုယ်ဖက်ထားမိတာ ကြာသွားလို့ထင်သည် ။ ကင်မ်က အိပ်နေရင်း အသံလေးထွက်လာတာကြောင့် ဖက်ထားတာ လွှတ်လိုက်ရင်း စောင်လေးအနည်းငယ် ဟထားပေးလိုက်သည် ။

𝐌𝐨𝐝𝐞𝐥 𝐊𝐢𝐦'𝐬 𝐎𝐰𝐧𝐞𝐫 𝐉𝐞𝐨𝐧 //Where stories live. Discover now