Past Jeon & Bae Miyoon

821 77 8
                                    

ခမ်းနားကြီးကျယ်တဲ့ စားသောက်ဆိုင်အတွင်းတွင် လူအနည်းငယ်သာ ရှိနေသည် ။ မနက်အစောဖြစ်တာကြောင့် လူရောက်နည်းတာလည်း ဖြစ်နိုင်သည် ။ အနီရောင် lady suit နဲ့ လှပနေသော သူမကို လူတိုင်းငေးနေကြလျက် ။ ရွှေအိုရောင်ဆံနွယ်နဲ့ ဖြူဥနေတဲ့ အမျိုးသမီး . သူမကတော့ ရင်ခုန်စွာနဲ့ တစ်ဖက်လူကို စောင့်မျှော်နေသည် ။

မနေ့ညက ရောက်လာတဲ့ massage လေးက သူမရဲ့ ချစ်ရသူ ဂျောင့်ဆီကပင် ဖြစ်လေသည် ။ ဆိုင်လိပ်စာနဲ့ အချိန်ပို့ထားပြီး ' စကားပြောရအောင် ' ဟု ပို့ထားသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူမ ဂျောင်နဲ့ အတူ နစ်ယောက်တွေ့ခွင့်ရပြီမလား ။ နောက်ဆုံးတော့ ဂျောင်က သူမဆီ ပြန်လာတော့မယ် ။

အစကတည်းက ဂျောင်က သူမအပိုင် ။ သူမက ဂျောင်ရဲ့ အချစ်ဦး မဟုတ်လား ။ ' အချစ်ဦးကို မြေးဦး ရတဲ့ထိ မမေ့ဘူး 'တဲ့လေ ။ ဂျောင်က သူမကို ဘယ်လိုမှ မေ့နိုင်မည် မဟုတ်ပေ ။

အချိန်ခနအကြာ တံခါးတွန်းဖွင့်လျက် ဝင်လာတဲ့ အမျိုးသား ။ သူမ သိပ်ချစ်ရတဲ့ အမျိုးသား ။ Black Suit နဲ့ လိုက်ဖက်လွန်းသည် ။ အကြည့်စူးစူး သူမ ဆီရောက်လာတဲ့ အခါ သူမ ထိုအကြည့်ကို ခံနိုင်ရည် မရှိပေ ။ သိပ်ကို ရင်ခုန်ဖို့ ကောင်းလွန်းသည် ။

ဂျောင်ကို  သူမ အချစ်မျက်ဝန်းနဲ့သာ ငေးကြည့်နေမိသည် ။ အရင်က ကောင်ငယ်လေးက အခု အရမ်းကို မိုက်လွန်းတဲ့ လူ ဖြစ်လာတာပဲ ။ နမြောဖို့ ကောင်းသလို သူမပြန်အရယူမည် ။

ဂျောင်က သူမရှေ့တွင် နှုတ်တောင်မဆက်ဘဲ ဝင်ထိုင်လိုက်သည် ။

"မင်း ကင်မ့် အပေါ်လုပ်ကြံဖို့ ကြံစည်နေတာကို ရပ်တန်းက ရပ်လိုက်ပါ ဘေမီယွန်း "

ရောက်ရောက်ချင်း ပြောတဲ့ စကားက ရင့်ဝကို စောင့်ကန်လိုက်သလိုပင် ။ ပါလာပြန်ပြီ အဲ့ မော်ဒယ်ကောင် အကြောင်း ။ သူမရဲ့ စိတ်ကို လောင်အောင် လောင်စထည့်ပေးလိုက်သလိုပင် ။

" ဂျောင်က ဘာကြောင့် အဲ့လိုပြောတာလဲ "

" ကင်မ်ကတော့ အမှု့မဲ့အမှတ်မဲ့မို့ သူသတိမထားမိတာ အကြောင်းကိစ္စကို နားထောင်လိုက်ရတဲ့ ငါက သိတယ်  ။ ကင်မ့်လက်စွပ်ကို မင်းယူထားတာ "

You've reached the end of published parts.

⏰ Last updated: Oct 02 ⏰

Add this story to your Library to get notified about new parts!

𝐌𝐨𝐝𝐞𝐥 𝐊𝐢𝐦'𝐬 𝐎𝐰𝐧𝐞𝐫 𝐉𝐞𝐨𝐧 //Where stories live. Discover now