Company Problem

629 93 7
                                    

လက်မထက်ရသေးသော်လည်း လက်ထက်ထားတဲ့သူလိုဖြစ်နေတဲ့ သူတို့နစ်ယောက် ။ ထယ်ယောင်းကလည်း အိမ်မပြန်ဘဲ ဂျောင်ဂု အိမ်မှာသာနေလေသည် ။ အချစ်တွေနဲ့ လွှမ်းခြုံနေတဲ့ သူတို့ရဲ့ အိမ်လေးမှာပဲပေါ့ ။

"ဂျွန် ဖုန်းလာတယ် အတွင်းရေးမှူးဆွန်းမင်တဲ့ "

"ကိုယ်လာပြီ "

ဟင်းချက်နေတဲ့ အေပွန်ကြီးဝတ်ထားတဲ့ ဂျွန်ကို ကင်မ်က ဖုန်းလေးပေးလိုက်သည် ။ ဂျွန်က ဖုန်းပြောရင်း မနက်စာကိုလည်း ချက်ပေးနေလေသည် ။

"အင်း ဆွန်းမင်ပြော "

"CEO စာရင်းစစ်ရုံးကလာသွားတယ် Company ကစာရင်းတွေမှာ 5 billion ကွာခြားမှုရှိနေပါတယ်တဲ့ ။ BMY company နဲ့ ချုပ်ထားတဲ့ အခု လက်ရှိ စာချုပ်ကလည်း ပျောက်နေခဲ့တယ် "

"ဘာ ! ဘယ်လို !! ''

"ဟုတ်ပါတယ် CEO အခု ရုတ်ရုတ်သဲသဲဖြစ်နေကြပြီ Company ကိုအမြန်‌လာခဲ့ပါ "

"ငါအခု ချက်ချင်းလာပြီ "

ဖုန်းချပြီးတဲ့နောက် ဂျွန်ရဲ့ပုံစံက သိပ်ဒေါသထွက်နေလေသည် ။ ဖုန်းထဲကနေ တစွန်းတစ သူကြားခဲ့ရတယ်မဟုတ်လား ။

"ကိုယ်သွားမှဖြစ်မယ် ကင်မ် "

"အင်း သွားတော့ ပြီးမှ လိုက်ခဲ့မယ် စိတ်အေးအေးထား "

"အင်း ပြွတ်စ် ကိုယ်သွားပြီ "

အဝတ်လဲပြီးသားဖြစ်တဲ့ ဂျွန်က ဒီအတိုင်းပင် ကုတ်အင်္ကျီကိုယူပြီး အမြန်ထွက်သွားသည် ။ ကားကို အရှိန်နဲ့ မောင်းသွားတာကြောင့် ထယ်ယောင်း စိတ်ပူသွားသည် ။ သူလည်း အဝတ်လဲပြီး အောက်ဆင်းကာ ခနက အဖြစ်အပျက်ကို ပြန်စဉ်းစားနေလေသည် ။

စာရင်းဇယားလုပ်တဲ့နေရာမှာ ဂျွန်လောက် တိကျတာ ဂျွန်ပဲရှိသည် ။ အားကစားပစ္စည်းတွေဝင်တဲ့အခါမှာ စာရင်းတွေက ပစ္စည်းအလိုက် အတိအကျအရေအတွက်နဲ့ လာမှာပင် ။

"ဘယ်လိုလို့များ 5 billion တောင်ကွာနိုင်မှာလဲ စောက်အဓိပ္ပာယ်မရှိလိုက်တာ .. BMY က ဘယ် company လဲ "

ဖုန်းကို ထုတ်ကာ အဖိုးဆီကို ခေါ်လိုက်သည် ။ စီးပွားရေးလောကအကြောင်းကို ထုံးလိုကြေရေလိုနှောက်အောင် အဖိုးကပဲ သိသည်မဟုတ်လား ။

𝐌𝐨𝐝𝐞𝐥 𝐊𝐢𝐦'𝐬 𝐎𝐰𝐧𝐞𝐫 𝐉𝐞𝐨𝐧 //Where stories live. Discover now