" ဂျွန် ညကျရင် Movie Date မယ်လို့ ပြောထားတယ်မလား "
"အွန်းလေ ကိုယ် အပေါ်ထပ်အခန်းထဲမှာ ပြင်လိုက်မယ် "
"ဟင့်အင်း ရုပ်ရှင်ရုံမှာပဲ သွားကြည့်ချင်တာ "
သူတို့အိမ်ရဲ့ အပေါ်ထပ်အခန်းတွင် ဂျွန်က projector နဲ့ ဇာတ်လမ်းတွေကြည့်လို့ရအောင် လုပ်ထားပေးသည် ။ သို့သော် အခု ကင်မ်က ရုပ်ရှင်ရုံမှာ ကြည့်ချင်လေသည် ။
"ဘာလို့လဲ ကင်မ် "
"ကင်မ်တို့လည်း အခြားအတွဲတွေလို လုပ်ကြည့်ကြမယ်လေ သာမန်လူပုံစံတွေလို "
နာမည်ကြီး Model တစ်ယောက်ဖြစ်သော်လည်း ကင်မ်ထယ်ယောင်း ဟာ အမြဲသာမန်လူတစ်ယောက်လို သွားလာနေတာကြောင့် လူအများကတော့ မထူးဆန်းတော့ပေ ။ သူတို့အနေနဲ့ သူတို့ idolကို အမြဲ real life မှာတွေ့နေသလိုပင် ဖြစ်နေတဲ့အတွက် သူတို့ကတောင် ကျေးဇူးတင်နေကြသည်မဟုတ်လား ။
"ကောင်းပါပြီ ကိုယ့် ကင်မ်လေး သဘော "
"ဟုတ်ပြီ အခုက အလုပ်လည်း ပြီးပြီဆိုတော့ အိမ်ပြန်ပြီး နေရအောင် နည်းနည်းတော့ ကြည့်စရာလေးရှိသေးတယ် ။ ညကျမှ အတူတူထွက်ရအောင်လေ နော် "
နှုတ်ခမ်းတချွန်ချွန်နဲ့ ပြောနေသော ကောင်လေးကို ကြည့်ပြီး ဂျွန့်မှာ အပြုံးတွေ ထိန်းမရပေ ။ ဘာကြောင့်များ ဒီကောင်လေးက သိပ်ချစ်ဖို့ကောင်းနေတာပါလိမ့် ။
"ဟုတ်ပြီ ကင်မ့်သဘော "
အိမ်ရောက်တော့ အခန်းတွင်း ကုတင်ပေါ်တွင် laptop နဲ့ အလုပ်ရှုပ်နေကြသော ဂျွန် နဲ့ ကင်မ် ။
ဂျွန်ရဲ့ဘေး စားပွဲလေးပေါ်တွင် တင်ထားသော ကင်မ့်ရဲ့ဖုန်း ဝင်လာတာကြောင့် ဂျွန်က လှမ်း၍ပေးလိုက်သည် ။ ပြီးတော့ contant name လေးကိုတော့ ချောင်း၍ ကြည့်လိုက်ပါသေးသည် ။*Alex တဲ့လေ
ကင်မ်က ဖုန်းကိုယူရင်း Speaker ဖွင့်ကာ ပေါင်ပေါ်တင်ရင်းစကားပြောလိုက်နေသည် ။ ဤအချက်က ဂျွန့်အပေါ် အလွန်ပင်နွေးထွေးသွားစေသည် ။ သူတို့အချင်းချင်းတွင် ပွင့်လင်းတဲ့ ဆက်ဆံရေးရှိသည်မဟုတ်လား ..
" Alex ပြော ."
" ထယ် . ငါတို့တွေ့ရအောင်လေ ဂျီမင့်လည်းပြောနေတယ် မတွေ့တာကြာလို့တဲ့ "
YOU ARE READING
𝐌𝐨𝐝𝐞𝐥 𝐊𝐢𝐦'𝐬 𝐎𝐰𝐧𝐞𝐫 𝐉𝐞𝐨𝐧 //