မနက်အလင်းရောင်လည်း ထွက်လာသလို ထယ်ယောင်း သူထရတော့မယ့်အချိန်လဲဖြစ်တာကြောင့် နိုးထလာခဲ့သည် ။ ဘေးမှာတော့ ဂျွန်မရှိပေ ။ အညောင်းအညာပြေ အကျောဆန့်ရန် ပြင်နေတုန်းမှာပဲ ဝင်လာတဲ့ဖုန်းသံ ။ ဂျွန့်ဖုန်းသံ ဖြစ်သည် ။
စားပွဲပေါ်မှာတင်ထားတဲ့ဖုန်းကို ယူကြည့်မိတော့ နံပါတ်စိမ်းတစ်ခုဖြစ်သည် ။ contant name မမှတ်ထားပေ ။ ဒါကြောင့်မို့ ထယ်ယောင်းလည်း မကိုင်လိုက်ပေ ။ အလုပ်ကိစ္စချိန်းထားတာကြောင့် ရေချိုးအဝတ်အစားအမြန်လဲပြီး ယူစရာပစ္စည်းယူကာ အောက်ထပ်ဆင်းသွားလိုက်သည် ။
" မောနင်း ကင်မ် "
"မောနင်း ဂျွန် မွ "
ဂျွန့်ပါးလေးကို နမ်းလိုက်တော့ ဂျွန်က ကင်မ့် နှာဖူးလေးကို ပြန်နမ်းလာသည် ။
"အလုပ်ချိန်နီးနေပြီမို့ ထမင်းတွေမလုပ်ထားဘူး ။ အသားညှပ်ပေါင်မုန့်နဲ့ စတော်ဘယ်ရီဖျော်ရည်လေးလုပ်ထားပေးတယ် ကားပေါ်မှာစားလို့ရအောင် "
"အွန်း ! ရတယ်ဂျွန် သွားရအောင် အဝတ်မလဲတော့ဘူးလား "
အိမ်နေရင်း တီရှုပ်အမဲအပွဲနဲ့ ချည်သားဘောင်းဘီ အပွကြီး ဝတ်ဆင်ထားတဲ့ ဂျွန့်ကို ကြည့်ပြီးမေးလိုက်သည် ။
"ကားပေါ်ကနေမဆင်းတော့ဘူး ဒီအတိုင်း လိုက်ပို့လိုက်မယ် ကဲသွားမယ် *
အမှန်တစ်ကယ်လဲ ကားပေါ်ကနေမဆင်းဘဲနဲ့သာ ပို့လိုက်သည်ဖြစ်သည် ။ ထယ်ယောင်း ELLE company ထဲဝင်သွားလိုက်ပြီး အကြီးအကဲတွေနဲ့ ဆွေးနွေးကာ သဘောတူညီမှုရခဲ့သည် ။
ELLE V ဆိုတဲ့ magazine ထုတ်မှာဖြစ်ပြီး ဓာတ်ပုံရိုက်ရမယ့်အချိန်တွေကိုပါ ပေးခဲ့သည် ။ နောက်အပတ်ထဲ Fashion Show ပွဲတစ်ခုမှာလဲ model Kim က show လျှောက်ပေးရမည် ဖြစ်သည် ။
"Kim shi အခုပဲ စပြီး ဓာတ်ပုံရိုက်ကြရင်ရော ရမလား "
"ရတာပေါ့ ကျွန်တော့်အတွက် အဆင်ပြေပါတယ် "
"ဟုတ်ကဲ့ပါ ဒါဆို အပေါ်ထပ်အခန်းက stylist room ပါ ပြီးရင် ကျွန်တော်တို့ လာခေါ်ပါမယ် "
"ဟုတ်ပါပြီ "
အလုပ် .. ကိုယ့်ရဲ့အလုပ်ကို လေးစားပြီး သေချာလုပ်ရမယ်မလား ။ နေ့ရက်တိုင်းက ဒီအတိုင်းကြီးဖြတ်သန်းရင် ဘယ်အဓိပ္ပာယ်ရှိမလဲ ။ အလုပ်လေးတော့ လုပ်ရမယ်မလား ။
YOU ARE READING
𝐌𝐨𝐝𝐞𝐥 𝐊𝐢𝐦'𝐬 𝐎𝐰𝐧𝐞𝐫 𝐉𝐞𝐨𝐧 //