အိမ်ရှေ့က ဘဲလ်တီးသံကြောင့် ဂျယ်ဟွန်း မျက်ခုံးပင့်သွားသည် ။ အလုပ်ကိစ္စဆိုရင်လည်း အခြားနေရာမှာကြိုချိန်းကြတာ မဟုတ်လား ။ အာ ဘေမီယွန်း ထင်တယ် ။"ကျစ် ဘာလာရှုပ်မလို့လဲ မသိဘူး ဘေမီယွန်းကတော့ "
ဂျယ်ဟွန်း မျက်ခုံးတို့ တွန့်ချိုးကာ စိတ်ရှုပ်ဟန်ဖြင့် တံခါးသွားဖွင့်လိုက်သည်။ သို့သော် သူထင်သလို ဘေမီယွန်းမဟုတ်ခဲ့တာကြောင့် အံဩမှုပါသွားသလို ။ တွေ့ချင်နေသော လူကြောင့် နှုတ်ခမ်းပါးလေးပြုံးရောင်သန်းကာ သူရဲ့ သွားတက်ကလေးပါ ပေါ်သွားသည် ။
"Ciao "
" အာညော် ..အရှုပ်လေး "
ဂျယ်ဟွန်း သဘောကျစွာနဲ့ အရှေ့က ကောင်လေးရဲ့ ဆံပင်လေးတွေကို ဖွာလိုက်သည် ။
"အဲ့လိုမလုပ်စမ်းနဲ့ ဂျယ်ဟွန်း ငါ့ကိုအထဲပေးမဝင်တော့ဘူးလား "
" ဟက် ဝင်ခဲ့ပါ ပြန်ရောက်နေတာ အခုမှ ငါ့ဆီလာရတဲ့အကြောင်းလေး "
"အိုး ပြန်ရောက်နေတာကို သိတယ်ပေါ့ "
"ငါက ဘယ်သူမှတ်လို့လဲ "
"အင်းးး ယူဂျယ်ဟွန်း ခေါ် Lucas "
ဆိုဖာထက်မှာ ခြေချိတ်ထိုင်ပြီး သူ့ကို စပြီးပြောနေတဲ့ ကောင်လေးကြောင့် အပြုံးတွေသီနေလျက် ။
"အခုမှ လာရတဲ့ Baek Alex ရဲ့အကြောင်းလေးပြောပြပါဉီး "
သူရဲ့မျိုးရိုးနာမည်ကို တပ်ပြီး ခေါ်လိုက်တာကြောင့် Alex ရဲ့ မျက်လုံးလေးက ဝိုင်းသွားကာ ရီလေသည် ။ ဘယ်သူမှသိပ်မသိကြတဲ့ Alex ရဲ့ မျိုးရိုးနာမည်ပေါ့ ။ ကျောင်းမှာ CV form မှာ Alex Kim လို့သာ ရေးထားပေမယ့် တစ်ကယ့်မျိုးရိုးက Baek (ဘဲ့ ) မျိုးရိုးပင် ။
ကိုရီးယားနိုင်ငံသား ဟန်းဂု စစ်စစ်ကောင်လေးဆိုပေမယ့် Alex လို့နာမည်ပေးထားသည် ။ ငယ်ကတည်းက Kim အဖိုးစီမှာ မွေးစားခံထားရတာကြောင့် Alex Kim ဖြစ်သွားရခြင်းပေါ့ ။
"အခုမှလာဖြစ်တာက အဖိုးဆီရောက်နေလို့လေ အဖိုးက လုပ်ငန်းပိုင်းတွေကို ပြောပြနေတာ သိတဲ့အတိုင်း အစ်ကိုကြီးနစ်ယောက်ကလည်း သူ့အလုပ်နဲ့သူ ၊ ထယ်ကလည်း သူ့ရဲ့မော်ဒယ်အလုပ်နဲ့ ပြီးတော့ သူ့CEOကြီးနဲ့ဆိုတော့ အဖိုးအလုပ်ကို မလုပ်ချင်သေးဘူးဟာ အဲ့တော့ အဖိုးက လက်တလော ငါ့ကိုအားကိုးနေတာပေါ့ "
YOU ARE READING
𝐌𝐨𝐝𝐞𝐥 𝐊𝐢𝐦'𝐬 𝐎𝐰𝐧𝐞𝐫 𝐉𝐞𝐨𝐧 //