အဖိုးကိုတောင်းဆိုချက်ကြောင့် အဖိုးတပည့်တွေက ညနေမှာ ဂျွန့်companyကနေ စာချုပ်တွေ ယူသွားခဲ့သည် ။ ဂျွန်က အခြားအလုပ်တွေရှိသေးတာကြောင့် နောက်ကျမယ်ဆိုပြီး ပြောထားသည် ။ ထယ်ယောင်းမှာ နေ့လည်ကတည်းက ပြန်လာပြီး အလုပ်မရှိ၍ ညနေထိဒီအတိုင်းသာ အိမ်မှာနေလေသည် ။
ထယ်ယောင်း ဖုန်းသုံးနေရင်း ဖုန်းလာတော့ ဂျွန်လို့ထင်လိုက်ပေမယ့် နာမည်က မင်ဒယ်ဝူ ဖြစ်နေလေသည် ။ အကြောင်းမရှိဘဲ မဆက်လောက်ဘူးထင်တာကြောင့် ကိုင်လိုက်သည် ။
"ဟုတ်ကဲ့ ပြောပါ မင်ဒယ်ဝူရှီ "
မင်ဒယ်ဝူက အခု ELLE Company မှာ မန်နေဂျင်းဒါရိုက်တာ ဖြစ်၍ ထယ်ယောင်းနဲ့စာချုပ်ချုပ်ပြီး ကျန်တဲ့modelပိုင်း ဝေယျာဝစ္စအကုန် သူကသာ တာဝန်ခံပေးရသည် ။ ထယ်ယောင်းနဲ့ ကျောင်းတူခဲ့သော်လည်း အရမ်းမခင်ခဲ့ပေ ။ အခုတော့ အနည်းငယ်တော့ ရင်းနှီးမှုရရှိနေလေပြီ ။
" ထယ်ယောင်းရှီ ည ELLE ရဲ့ Party ရှိတယ် လာခဲ့ပါလားဗျ "
" အာ ဘယ်အချိန်လဲဘယ်မှာလဲ "
" ည 7နာရီစမှာပါ နေရာက MKOJ Club မှာပါ "
" အာဟုတ်ကဲ့ လာခဲ့ပါ့မယ် "
" ကျွန်တော် စောင့်နေပါ့မယ် "
"Nae "
ထယ်ယောင်း အလုပ်တွဲလုပ်နေတဲ့ Company က ဖိတ်ထားတာကြောင့် သွားရန်ဆုံးဖြတ်လိုက်သည် ။ မသွားခင် ဂျွန့်ကိုလည်း အရင်ဖုန်းဆက်ပြောရသေးသည် ။ ဖုန်းဆက်လိုက်တာနဲ့ တန်းကိုင်ပြီး ဂျွန်ဘက်ကအရင်စပြောလာသည် ။
"ကင်မ် ညစာစားထားနှင့်နော် ကိုယ်ပြန်ရောက်တာ နောက်ကျလိမ့်မယ် "
" အွန်း အလုပ်ရှုပ်နေတာလား "
"ဟုတ်တယ် နည်းနည်း အလုပ်ရှုပ်စရာလေးတွေပေါ်လာလို့ "
" စာရင်းဟာက စစ်နေကြပြီ ညသန်းခေါင်လောက်ကျရင်တောင် ရလောက်ပြီတဲ့ အဖိုးပဲ အကုန်လုပ်ပေးမယ်တဲ့ "
"အဖိုးကို ကျေးဇူးတင်ကြောင်းပြောရဦးမှာပဲ "
" မလိုပါဘူး မိသားစုဝင်ပဲကို အော်ဒါနဲ့ ဂျွန် ELLE က Party ရှိတယ် ဖိတ်ထားလို့"
YOU ARE READING
𝐌𝐨𝐝𝐞𝐥 𝐊𝐢𝐦'𝐬 𝐎𝐰𝐧𝐞𝐫 𝐉𝐞𝐨𝐧 //