" ဂျွန် မပြီးသေးဘူးလား နောက်ကျနေမယ် ! "
"ခနလေး ကင်မ် ပြီးပြီ ကိုယ်ကင်မ့်အတွက် အနွေးထည်ယူနေလို့ပါ "
"ရပါတယ်ဆို မအေးပါဘူး ! "
"ကဲ သွားမယ် ကင်မ် "
ဒီနေ့ ကင်မ့်အဖိုးရဲ့ မွေးနေ့ဖြစ်တာကြောင့် နေ့လည် ကတည်းက ပြင်ဆင်နေကြတာဖြစ်သည် ။ အိမ်သားဖြစ်တဲ့ ကင်မ်က စောရောက်ရမည်မဟုတ်လား ဒါကြောင့် နောက်မကျချင် ။ ဂျွန်က ကားပေါ်ရောက်ခံနီးကျမှ အပေါ်ပြန်တက်ပြီး ကင်မ့် အတွက် အနွေးထည်ကို ပြန်သွားယူနေသေးတယ် ။ကင်မ့်ရဲ့ ဆူပူသံလေးကို နားဆင်ရင်းပေါ့ ။
ဂျွန်က ကားမောင်းတဲ့သူနေရာမှာ ထိုင်ပြီး ကင်မ်က ဘေးမှာထိုင်သည် ။ အဖိုးအတွက် ဘာမှမဝယ်ဘူးလို့သာ ပြောတဲ့ ကင်မ်က အခုတော့ ကားနောက်ထိုင်ခုံ အပြည့် ပစ္စည်းတွေပင် ။ ဒီကောင်လေးက ပြောရင်သာ ဂရုမစိုက်သလိုနဲ့ အရမ်းချစ်တတ်တာ မဟုတ်လား ။
"ပြောတော့ ဘာမှမဝယ်ဘူး အဖိုးက ဘာမှမလိုအပ်ဘူးတဲ့ အခုတော့ တစ်စုံတစ်ကင်မ် တို့က ကားနောက်ခုံအပြည့် ဝယ်ထားပါလား "
ဂျွန် စချင်စိတ်ဖြင့် ကင်မ့်ကို ရွဲ့ပြီး ပြောနေလေရဲ့ ။
"တစ်စုံတစ်ဂျွန် တို့ကလည်း လူကို ဂရုမစိုက်သလိုလိုနဲ့ အကုန်အသေးစိတ် လိုက်လုပ်တတ်တာကြတော့ မပြောပါလားကွယ် "
"ဟေး ! ဘယ်သူ့ကိုပြောနေတာတုန်း "
"အောဟော ပြောချင်တဲ့သူကို ပြောမှာပေါ့ "
ဂျွန်က ကင်မ့်ဘက်ကို လှည့်ပြီးပြောတော့ ကင်မ့်ကလည်း ဂျွန်ဘက်ကို လှည့်ပြီး ပြန်စွာနေသည် ။ နောက်တော့ နစ်ယာက်သား အကြည့်ချင်းစုံပြီး ရယ်နေကြသည် ။
"ကလေးတွေကြနေတာပဲနော် ကိုယ့်ကင်မ့်လေးက ချစ်စရာလေး "
"ကိုယ့်ဂျွန်ကလည်း အားရီး ချစ်ဖို့ကောင်းတယ် သိလား "
"ဟမ် ! ကိုယ်လို မန်းလီး (manly) အရမ်းဆန်တဲ့သူကို ချစ်ဖို့ကောင်းတယ် ? "
"ဒါပေါ့ ဂျွန်က ကင်မ့်မျက်လုံးထဲမှာ ကလေးလေးလိုပဲ အူးး "
ကင်မ်က ဂျွန့်ကို ပြောရင်း မျက်လုံးလေးပြူးကာ အူးး ဆိုပြီး နှုတ်ခမ်းလေးဆူပြီး လုပ်ပြလာသည် ။ ဂျွန်ကတော့ အူယားနေတဲ့ အပြူံးကြီးနဲ့ ကြည့်ရယ်နေတာပေါ့ ။
YOU ARE READING
𝐌𝐨𝐝𝐞𝐥 𝐊𝐢𝐦'𝐬 𝐎𝐰𝐧𝐞𝐫 𝐉𝐞𝐨𝐧 //