အခန်းတွင်းလင်းလာတဲ့ နေရောင်ခြည်ကြောင့် အသိလေးရှိလာတဲ့အချိန် ကိုယ်ဟာ နွေးထွေးလှသော ရင်ခွင်တစ်ခုထဲမှာ ။ ကိုယ့်ကို ဖက်တွယ်ထားတဲ့ တက်တူးအပြည့်နဲ့ လက်မောင်းကြီးကို ကြည့်ပြီး ကိုက်ဆွဲချင်စိတ် တဖွားဖွား ။ ကြည်လင်နေတဲ့ မျက်နှာလေးကို ကြည့်ရင်း ထိုလူ့ နှုတ်ခမ်းပါးလေးကို အနမ်းလေးခြွေလိုက်သည် ။
ဒီလူသားကို သိပ်ချစ်တာပဲ ...။
*ပြွတ်စ်
"ကိုယ့်ကိုခိုးနမ်းတဲ့ အနမ်းသူခိုးလေးပေါ့ "
" ခိုးမနမ်းပါဘူးနော် ပေါ်တင်နမ်းတာ ဒါနဲ့အိပ်နေတာ မဟုတ်လား "
"နိုးနေတာကြာပြီ မှေးနေတာ "
"အလုပ်ကိစ္စရော အဆင်ပြေပြီလား "
"အဖိုးညက ကိုယ့်ကို ဆက်လာတယ် .. စာရင်းက ကိုယ့်ဘက်က လျော့တာ လုံးဝမရှိဘူး ကွက်တိပဲ ။စာရင်းချုပ်ဘက်က မှားပြီးတွက်ချတာ .. သူတို့က ကိုယ့်ရဲ့ စာချုပ်တစ်ခုကို ဖယ်ထားတယ်လို့ပြောတာပဲ ။ အဖိုးက သူအကုန်လုပ်ပေးလိုက်မယ်တဲ့ ။ ကြည့်ရတာ စာရင်းချုပ်ဘက်ကို တစ်ယောက်ယောက်က ကိုယ့်ကို ချောက်ချချင်လို့ထင်တယ် "
"ဖြစ်နိုင်တယ် "
"ကိုယ့် ကင်မ် လေးက အရမ်းတော်တာပဲ မွမွမွ "
ဘေးချင်အိပ်နေတဲ့ ကိုယ့်ကို သူ့အပေါ်တင်လိုက်တဲ့ ဂျွန် ။ ပြီးတော့ သိမ်းကျုံးဖက်ကာ မျက်နှာတစ်ပြင်လုံးကို နမ်းနေလျက် ။ အင်း ဒါကတော့ သူအသဲယားလို့ပါတဲ့လေ ။
ချစ်ကြည်နူး တစ်တီတူးနေတာကို ခနရပ်ပြီး ပြင်ဆင်စရာရှိတာကို ပြင်ဆင်နေကြသည် ။ ကင်မ်က ကုတင်ပေါ်တွင် လူရှင်း လိမ်းနေလျက် .. ဂျွန်က မှန်တင်ခုံရှေ့ နက်တိုင်ချည်နေသည် ။
"ကင်မ် "
"ဟုတ် "
" ကင်မ့် လက်စွပ်ချွတ်ထားတာလား ကိုယ်မတွေ့လို့ "
"မချွတ်ထားပါဘူး ဂျွန်ရဲ့ လက်မှာ ဝတ်- "
လက်ချောင်းကို ထုတ်ပြီး ကြည့်ကာမှ လက်မှာ လက်စွပ်မရှိနေပေ ။။ လုံးဝ မချွတ်ဘူး ရေချိုးရင်တောင် မချွတ်တာလေ ။
YOU ARE READING
𝐌𝐨𝐝𝐞𝐥 𝐊𝐢𝐦'𝐬 𝐎𝐰𝐧𝐞𝐫 𝐉𝐞𝐨𝐧 //