Layover Bar
အရှေ့ရောက်တာနဲ့ ဂျောင်ဂု ဝင်မလို့ရှိသေး Jaehyun နဲ့တွေ့လေသည် ။ အဲ့တာနဲ့ပဲ နစ်ယောက်သားအတူတူ Bar ထဲသို့ ဝင်သွားလိုက်ကြသည် ။ ဒီညကို Layover Bar ရဲ့အပေါ်ဆုံးအထပ်ကို သူတို့က အပြီးငှားထားတာပင် ။
အေးအေးဆေးဆေးဝိုင်းထိုင်နေကြသလို ရေကူးကန်ရှိတာကြောင့် အချို့က လွတ်လွတ်လပ်လပ်ရေဆော့နေလျက် ။ မတွေ့တာ ကြာတဲ့ သူတွေဖြစ်တာကြောင့် စကားဖောင်ကျနေတဲ့ သူတွေ ။ ဂျောင်ဂုမှာလည်း လာနှုတ်ဆက်တဲ့ လူအများအပြားကြောင့် ပြုံးရယ်လျက် ပြန်နှုတ်ဆက်နေလေသည် ။
ဂျောင်ဂုကို စိုက်ကြည့်နေသော အမျိုးသမီးတစ်ယောက် ။ သူမက ခုံရှည်ပေါ်မှာ သူမရဲ့ သွယ်လျတဲ့ ခြေထောက်ကို စင်းထားလျက် ဝိုင်ခွက်ကို ဟန်ပါပါသောက်ကာ ဂျောင်ဂုကို စူးရှတဲ့အကြည့်များနှင့် ကြည့်နေလေသည် ။
ဂျောင်ဂုကတော့ သိမယ့်ပုံမပေါ်အေးအေးဆေးဆေးပင် ။ ဆံပင်ရွှေအိုရောင်နဲ့ ဖြူဝင်းသော သူမအသားအရည်အပြင် ဝတ်ဆင်ထားတဲ့ အနီရောင် Party Dress ဟာ သူမရဲ့ အလှအပကို အရမ်းပံ့ပိုးပေးနေလေသည် ။ korean makeup lookမပြင်ဘဲ Asian Makeup ကို ပြင်ထားတဲ့ ဘေမီယွန်းဟာ ဒီညရဲ့ အလှဘုရင်မတစ်ပါးပင် ။
စူးရှတဲ့ အကြည့်များက ယောက်ျားဆန်တဲ့ လူတစ်ယောက်စီမှာသာ ။ ဂျောင်က သူမအပိုင်ပဲ ဖြစ်ရမယ် ။
" ဂျောင့်လို သိပ်ခန့်ညားတဲ့သူက မီ့လို သိပ်လှပတဲ့ သူနဲ့ပဲ ဖြစ်သင့်တယ် ။ "
သူမဘက်ကသာ ပိုင်ဆိုင်လိုစိတ်တွေနဲ့ ပြင်းပြနေသော်လည်း ဂျောင်ဂုမှာတော့ မတွေ့တာ ကြာသော သူငယ်ချင်းများနဲ့ စကားဝိုင်းကျနေသည် ။
"Jaehyun ဘယ်မှာတုန်း ဝရမ်းပြေးနစ်ကောင် "
"နေပါဦး အဲ့ကောင်တွေရောက်ပြီလို့ပြောပြီး "
"Hey Guys လွမ်းနေကြတာလား "
ပြုံးတည်တည်ကြီးနဲ့ လက်နစ်ဖက်ကြီးကို ကားပြီး ဖက်မယ့်ပုံစံနဲ့လာပြောနေတဲ့ Mingyu ကို ဂျောင်ဂု ပြေးပြီး ခေါင်းကို လက်မောင်းကြားထဲ ထည့်ကာ ညစ်လိုက်သည် ။ boxing သမားဖြစ်တဲ့ဂျောင်ဂုအားက ဘယ်သူမှမယှဉ်နိုင်ပေ။
YOU ARE READING
𝐌𝐨𝐝𝐞𝐥 𝐊𝐢𝐦'𝐬 𝐎𝐰𝐧𝐞𝐫 𝐉𝐞𝐨𝐧 //