ဂျောင်အနားမှာမူယာမာယာများဖြင့်တွယ်ကပ်နေသော်လည်း
ဂျောင်မချစ်တာသိနေသောအခါ
အနားမှာနေရင်းပင်ပန်းလာသည်။
ထိုအခါဘဝမှာဘာဘဲဖြစ်ဖြစ်
ဖြစ်ချင်ဖြစ်ဆိုပြီးလုပ်ချင်လာသောအခါ။
သောကြာနေ့တိုင်းမပျက်မကွက်လာမြဲ။မပျက်မကွက်လာစားမြဲပင်။
ဂျောင်၏ချစ်သူအီထယ်ယောင်းနဲ့လည်းပြသာနာတက်သည်ဟုကြားသည်။
သို့သော်ကိုယ့်ကိုမပြောသည့်အတွက်အေးဆေးနေနေလိုက်သည်။
ကြောင့်လဲဆိုတော့လူရာမသွင်းပြီးမပြောတော့လည်း
ကိုယ်လည်းနေသာသလိုနေလိုက်သည်။
မထင်မှတ်ဘဲထိုအချိန်တွင်
မောင်နှင့်စတွေ့သည်။
မောင်ကဂျီထက်ငါးနှစ်ငယ်သည်။
သို့သော်ဂျောင်ထက်ပိုမိုအလေးပေးသလိုပိုလည်းချစ်ပေးခဲ့သည်။
ထို့နေ့ဂျောင်ရောက်လာသည်။
"ကို ဂျီပြောစရာရှိတယ်
ဂျီတို့လမ်းခွဲရအောင်
ဂျီပင်ပန်းနေပြီ
ဂျောင်အဆင်ပြေသလိုနေပါ
ဂျီတို့လမ်းခွဲရအောင်
ဂျောင်ထားတဲ့နေရာဂျီနေနေခဲ့တာ
အတော်ကြာပြီ
လက်ထပ်ဖို့လည်းမတွေး
ကြားထဲsexအကြောင်းနဲ့ပတ်သက်လို့ဘဲရှိနေတာ။
ဂျီကမိကောင်းဖခင်သားသမီးပါ
ဂျီအတွက်လူကြီးမိဘကဘယ်လောက်သဘောတူတူ
ဂျောင်စိတ်ထဲမှာမယူချင်တော့ဂျီကိုလိုသုံးလုပ်နေတာလေ
ဂျီကိုဆက်သွယ်ချင်ဆက်သွယ်မယ်ဘယ်အချိန်လဲမေးရင်sexအချိန်အတွက်ဘဲလေ။ဂျီပင်ပန်းနေလို့
ဂျောင်ထွက်သွားပါရစေ။"
ဂျောင်၏တအံ့တဩမျက်နှာကိုမျက်ကွယ်ပြုလိုက်သည်။
လိုသုံးဘဝကလွတ်မြောက်ဖို့
ဂျီရုံးကန်ပါရစေ။
တစ်ဆက်တည်းဂျီ
ဂျောင်အနားကထွက်ခွာဖို့
အတော်အားယူလိုက်သည်။
ဘာကြောင့်လဲဘယ်လောက်ဘဲ
ကြိုးစားကြိုးစားမချစ်လာသောအခါ
ပင်ပန်းလာမှုကိုလက်မခံချင်အောင်နာကျင်မှုကကြီးလာသည်။
ထိုနာကျင်မှုကိုလက်မခံချင်ဘဲ။
မိမိကိုယ်ကိုချစ်တတ်လာအောင်အရင်သင်ယူရမယ်ဆိုမေ့နေခဲ့သည်။
ထို့နောက်ဂျီအဆက်အသွယ်အားလုံးကိုဖျက်တောက်ကာ သူနှင့်အဝေးဆုံးကိုထွက်ခဲ့လိုက်သည်။
နာကျင်မှုတွေအကုန်မေ့ကာ
မိမိဘဝကိုပိုကောင်းအောင်ကြိုးစားသည်။
မိသားစုကိုအချိန်ပေးသည်။
ပိုလှအောင်နေသည်။
ဘယ်ချစ်သုမှမထားတော့ဘဲ
အေးဆေးစွာဖြတ်သန်းသည်။
"ဂျီ မောင်နဲ့လိုက်ခဲ့ မောင်ပြင်သစ်သွားမှာလေ"
"ဂျီအလုပ်လည်းမောင်ရွေ့ပေးမယ်
လောလောဆယ်အမေတို့ကိုပြောပြပြီးပြီ"
"ဂျီကမဖြူစင်ဘူးနော်"
"ဂျီဘာမှမတွေးနဲ့ဂျီအမှားမဟုတ်ဘူးလောကမှာပထမဦးဆုံးကိုမရလို့
ပထမမဟုတ်လို့ဆိုတာ
လက်ခံသူအပေါ်မူတည်တယ်ဂျီ"
"မောင့်အတွက်ကတော့ဂျီကပထမဦးဆုံးဘဲ"
မောင်လို့ခေါ်သောထယ်ယောင်း
သဘောထားပြည့်ဝပြီး
နားလည်းမှုအပြည့်ကြောင့်ထင်တယ်
အရမ်းကိုကြည့်ကောင်းနေသည်။
ယောင်းမျက်နှာကတည်တည်လေးနှင့်ကြည့်ကောင်းနေခြင်းပင်ဖြစ်သည်။
"ဂျီကတော့ အဖြေလည်းမပေးရသေးဘူး။ဂျီမဖြူစင်တော့လည်း
ယောင်းကိုအားနာတယ်။
အဲဒါကြောင့်စဉ်းစားနေတာပါ
ယောင်းကိုအားနာတယ်။
ထပ်ချစ်ရမှာလည်းအားနာလို့ပါ"
"ဘာမှမတွေးနဲ့ "
" ဒါပေမယ့်လည်း"
"ဆက်မပြောနဲ့ဂျီ"
"လက်ခံဖို့ဘဲတွေးထား"
ဒီလိုနှင့်ဂျီမောင်နှင့်ပြင်သစ်သို့လိုက်သွားသည်။
ဂျောင်ကုကိုထိုအချိန်မှာစ၍မေ့ထားလိုက်သည်။
YOU ARE READING
စိတ်ရဲ့ကွယ်ရာ
Fanfictionintro စဉ်းစားတတ်တဲ့ဦနှောက်အားကြီးလာရင် ခံစားတတ်တဲ့နှလုံးသားလေးကအရှုံးပေးလိုက်ရတာဘဲ။ ထို့နည်းတူစွာ နှလုံးသားနဲ့ဦနှောက်ကလည်းအချိုးတူကျတယ်။ စိတ်ကွယ်ရာမှာသိုဝှက်ထားတဲ့အရာကိုသိဖို့ကြိုးစားလိုက်ပါအုံး။ ဘဝမှာမြောက်များစွာတွေ့လာမယ့်အရာကို ဖြေရှင်းတတ်လို့ဦးန...