မှန်

32 2 0
                                    

ကားပေါ်ရောက်တော့
‌သားသည်သူအနားမကပ်ဘူးတဲ့ဂျီကို
အတင်းတွယ်ကပ်နေသည်။
ဘယ်လိုခွာချ ခွာချမရ။
ယောင်းလည်းကြည့်ကောင်းနဲ့ကြည့်
နေသည်။
ဂျီသည်မိဘတစ်ယောက်ဖြစ်တာမို့
သူဗိုက်ထဲကိုးလနီးပါး
လွယ်ခဲ့တာမို့။
မချစ်တာမဖြစ်နိုင်။
အငြိုးကြီးလိုက်တာဂျီရယ်။
ဒါပေမယ့်ဂျီအပစ်လည်းမဆိုသာ
‌ဂျွန်ကလည်းလွန်ခဲ့တာကိုး။
အခုလည်းဂျီမျက်နှာဆူစုပ်နေပြီ။
သားကစကားတတ်ခါစမို့
တစ်လုံးစနှစ်လုံးစပြောတတ်လာပြီဖြစ်သည်။
*ဂျီဂျီ*
သားဖ၏အသံ
*တောင်းပန်ပါတယ်။*
*ဘာ*
ဂျီ၏အလန့်တကြားအသံကြောင့်
ယောင်းမှာကားတောင်ရပ်မိသည်။
*ဂျီဘာဖြစ်တာလဲ*
*သူလေးကတောင်းပန်ပါတယ်တဲ့စကားစပြောတာအဲဒါ*
ယောင်းပါလန့်သွားသည်။
*ဂျီ--ဂျီ--တောင်းတောင်းပန်ပါတယ်*
ယောင်းပါကြားလိုက်သောအခါ
မျက်ရည်အဝဲသားနှင့်ဂျီကို
ကြည့်နေသောသားကိုတွေ့လိုက်ရသည်။
ယောင်းစိတ်ထဲမကောင်း
ဂျီကတော့ဘာမှမပြော။
သားသည် ဂျီမျက်နှာကို
လက်သေးသေးဖြင့်ကိုင်ကာ
နဖူးကိုထိကာနမ်းလိုက်သည်။
ဂျီ၏အလန့်တကြား
ကြည့်လိုက်သောမျက်နှာကိုမြင်လိုက်ရသည်။
ယောင်းသည်ဘာမှမပြော။
*ပတ်သတ်ခဲ့တုန်းက
နဖူးဘဲနမ်းတတ်အကျင့်ကအခုပါလာတာလား။
အခုကမိဘနဲ့သားသမီးဖြစ်သွားပြီ
တတ်နိုင်သမျှစိတ်လျော့ပြင်ပေမယ့်
နာကျင်မှုကတားမရဘူးမောင်
မောင်ကိုအရမ်းချစ်သလို
‌အစ်ကိုလည်းချစ်ခဲ့တယ်။
ချစ်လွန်းတော့လည်း
ကိုအပေါ်လုပ်ခဲ့တဲ့
လိုသုံးပုံစံကိုမကြိုက်ခဲ့ဘူး
အရမ်းမုန်းမိတာ။
မောင်တကယ်တော့ဂျီလေ
ချစ်လွန်းလို့မုန်မိတာထင်ပါရဲ့။
ဒါပေမယ်အခုအစ်ကိုကဘာလို့
ဂျီဆီပြန်လာတာလဲမသိရဘူး။
ဂျီဘာလုပ်ရမလဲမောင်*
*ဂျီရယ်ဒီအတိုင်းလေးဘဲ
ကလေးလေးကိုလက်ခံလို့မရဘူးလား
သူကဂျွန်ဆိုပေမယ့်
ကိုယ့်တို့သားအဖြစ်ရောက်လာပြီ
လေ။*
ဂျီငိုတော့သည်။
ဂျီငိုတော့သားကငိုမဲ့မဲ့ဖြစ်လာကာ
ဂျီကိုဖက်ကာထားတော့သည်။
ယောင်းလည်းဘာမှမပြောတော့။
အသာလွှတ်ထားကာ
ဆေးရုံသို့မောင်းခဲ့သည်။
ကလေးကာကွယ်ဆေးထိုးမယ်ပြင်တော့ကလေးကိုမောင်လက်ထဲ
ထည့် ကာထွက်မယ်ပြင်တော့
သား၏လက်သည်ဂျီကိုဆွဲထား
သည်။
မောင်အပေါ်ထိုင်ကာ
ဂျီလက်ကိုကျစ်ကျစ်ပါအောင်
ကိုင်ထားသောသားကြောင့်ဂျီဒီအတိုင်းနေလိုက်ရသည်။
သားသည်ဂျီမျက်နှာသာကိုကြည့်နေသည်။
ဘယ်လောက်မုန်းမုန်း
ကိုယ့်သားသမီးမို့
ဂျီတင်းမခံနိုင်
မွေးစကတည်းကမထိခဲ့မကိုင်ခဲ့တာကြောင့်သားသည်ဂျီကို
အနားမှာရှိစေချင်ပုံရခဲ့သည်။
ပစ်ထားချင်ကတစ်ကြောင်း
သမီးကနုနုနယ်နယ်မို့
သားကိုမကြည့်မိတာကိုဝန်ခံပါသည်။
ဂျီဘာလုပ်ရမလဲ။
စိတ်လည်းပင်ပန်းလှပြီ။

စိတ်ရဲ့ကွယ်ရာWhere stories live. Discover now