အဘိုးအိုရှေ့သည်ဂျီတို့နှစ်ယောက်
ရှေ့တွင်ထိုင်ချလိုက်သောအခါ
ဂျီတို့နှစ်ယောက်လည်းထိုင်ချ
လိုက်ရသည်။
*ဂျီ
မင်းဘာလုပ်ခဲ့သလဲ
သူနဲ့ပတ်သတ်ပြီးတော့လေ*
*ဂျီဘာမှမလုပ်ပါဘူး*
*သေချာစဉ်းစားပါအုံး*
ဂျီသည်အဖန်ဖန်စဉ်းစားပြီးသောအခါ
*အဲ
ဟုတ်ကဲ့လုပ်မိပါတယ်*
*ဘာလုပ်ခဲ့တာလဲဂျီ
အစ်ကို ကိုပြောပြပါ*
ဂျီသည်အဘိုးအို
မျက်နှာကိုကြည့်လိုက်သောအခါ
အဘိုးအိုကပြုံးကြည့်နေသောကြောင့်
*ဂျီသစ္စာဆိုမိတာပါ*
*ဘာ ဘယ်လိုဂျီ*
*ဟုတ်ပါတယ်
ဂျီအဲအချိန်တုန်းကမုန်းမုန်းနဲ့သစ္စာ
ဆိုမိတာ*
*ဘယ်လိုဆိုမိတာလဲဂျီ*
*ဂျီအပေါ်sexကိစ္စသက်သက်သာ
လိုသုံးအသုံးချခဲ့သူ
အမှန်ဖြစိပါက
မည်သည့်မိန်းကလေးကိုမချစ်နှစ်သက်ဘဲဂျီအနားမှာမခွဲနိုင်မခွာ
ရက်ဖြစ်ကာ
ဂျီအနားမှာထာဝရနေရပါစေသား
လို့ပါ*
*အမှန်တကယ်အစ်ကိုကဒီလိုလုပ်ခဲ့
ရင်ဂျီဆိုတဲ့သစ္စာစကား
အစွမ်းထက်ပါစေသား။*
*ဂျီမုန်းလွန်းလို့ဆိုခဲ့တာပါ*
*ဒါဆိုအဲသစ္စာကြောင့်
အစ်ကိုကဂျီအနားမှာနေရတာပေါ့*
*ဟုတ်တယ်မောင်ရင်
မောင်ရင်က
အမှန်တကယ်သူအပေါ်အပြစ်
ကြီးကြီးလုပ်လိုက်တော့
သူဆိုတဲ့သစ္စာကအမှန်ဖြစ်သွားတာပါ
မောင်ရင်သာအဲလိုစိတ်မထားခဲ့ရင်
အခုလိုဖြစ်စရာအကြောင်း
မရှိဘူး။
ဒါကြောင့်မောင်ရင်က
မခွာနိုင်ဘဲ
သားအဖြစ်ပြန်လာရတယ်။
သူဘဝခြားတော့လည်း
လိုက်လာရတယ်။
အခုတစ်ခါသူအတွက်သီလကုန်ချိန်ကျတော့လည်း
မောင်ရင်လေး
ထပ်ပြီးလိုက်ရအုံးမယ်။
အဲဒါမောင်ရင်ဟာ
သစ္စာစူးနေတာ
ပယ်မရတော့ဘူး။
တကယ်ကိုသူအနားမှာဘဲနေရတော့မှာ*
*နေရလည်းကျေနပ်ပါတယ်
သူသာမမုန်းစေချင်တော့ဘူး
သူကိုရွေးခြယ်လိုက်တော့မယ်။
ဘယ်ဘဝရောက်ရောက်*
*ကောင်းပြီ သေချာရင်
ဖူးစာကြိုးချည်ရအောင်*
*အဲဒါက*
*ဘဝဆက်ဆက်ပေါင်းဖက်ရမှာ
အဲကြိုးချည်ပြီးရင်*
*ဂျီကရော*
*မောင်ကရော*
*မောင်ရင်ဆိုတဲ့သစ္စာကြောင့်
သူနဲ့ဘဲချည်ရတော့မှာ*
နောက်ဆုံးတော့ဂျီသည်
အစ်ကိုနှင့်ဖူးစားကြိုးချည်နှောင်လိုက်ရသည်။
*ဒီတစ်ခါထာဝရ
တွဲလက်မြဲပါစေ*
*ဘယ်ဘဝရောက်ရောက်
မြဲသောလက်ဖြစ်ပါစေ*
*ဟုတ်ကဲ့ပါအဘိုး*
ထို့နောက်
ဂျီနှင့်အစ်ကိုသည်
တစ်ယောက်နဲ့တစ်ယောက်ပြုံးကာ
ကြည့်မိသည်။
အရာအားလုံး
ပြီးသွားပြီးနောက်
သူတို့နှစ်ယောက်ချစ်စဉ်ကအခါလို
ရဲရဲဝံ့ဝံ့ပြုံးပြနိုင်လေပြီ။
အကုန်လုံးအမုန်းတရားတွေကင်းဝေး
ကာအရာအားလုံးမေ့နိုင်ခဲ့ပြီ။
အရာအားလုံးကိုလွှတ်ချထားနိုင်ခဲ့ပြီ
ဘဝမှာနှစ်နှစ်ကာကာပြုံးနိုင်ခဲ့ပြီ။
ဂျီနှင့်အစ်ကို
သည်လက်တွဲကာ
အလင်းတံခါးပေါက်ဆီသို့
ရွေ့လျားကာ
ဝင်ရောက်လိုက်သောအခါ
အရာအားလုံးသည်
ဘာမှမမှတ်မိတော့ဘဲ
ဘဝသစ်ဆီသို့။
YOU ARE READING
စိတ်ရဲ့ကွယ်ရာ
Fanfictionintro စဉ်းစားတတ်တဲ့ဦနှောက်အားကြီးလာရင် ခံစားတတ်တဲ့နှလုံးသားလေးကအရှုံးပေးလိုက်ရတာဘဲ။ ထို့နည်းတူစွာ နှလုံးသားနဲ့ဦနှောက်ကလည်းအချိုးတူကျတယ်။ စိတ်ကွယ်ရာမှာသိုဝှက်ထားတဲ့အရာကိုသိဖို့ကြိုးစားလိုက်ပါအုံး။ ဘဝမှာမြောက်များစွာတွေ့လာမယ့်အရာကို ဖြေရှင်းတတ်လို့ဦးန...