*ဂျီဒီဆေးတွေမသောက်ပါနဲ့ဆိုကွာ*
*မောင်ဂျီကတော့သောက်မှာဘဲ
အဲဒီလူမလာဖို့အရေးကြီးတယ်မောင်*
*ဂျီကကလေးမယူချင်ဘူးလား
မောင်တို့သွေးသားလေ*
*ဂျီကလည်းမွေးပေးချင်တာပေါ့
ပေမယ့်မောင်ရဲ့ဖြူစင်မှုကိုမောင်သွေးသားထဲမှာပါစေချင်တာ
မမည်းညစ်စေချင်ဘူးမောင်
ဂျီကိုနားလည်ပေး*
*ဘယ်အချိန်အထိသောက်နေမှာလဲဂျီ*
*အဲဒီလူအိမ်မက်ထဲမလာတော့မှ
အဲဒီအထိဘဲမောင်*
*ဂျီကလည်းကွာ*
*မောင်နဲ့ဘဲတူစေချင်တာမောင်ရဲ့ဗီဇတွေဘဲရစေချင်တာ
မောင်ရဲ့ဖြုစင်မှု၊ရိုးသားမှုဘဲရှိစေချင်တာ။
ဂျီဒီလောက်ဘဲဝဋ်ခံပါရစေမောင်။
ဂျီဒီလောက်ဘဲစိတ်ဆင်းရဲပါရစေ။မောင်ရယ်*
မောင်သည်ဂျီကိုတအံ့တဩကြည့်လာသည်။
ဂျီကတော့လက်လျော့မည်မဟုတ်။
ထိုညမှစ၍မောင်နှင့်စကားမပြောဖြစ်
မောင်နှင်ဂျီကိုထိုလူခွဲခွာထားသလိုဘဲ။
မောင်ကတော့ပြောသည်။
သေပြီးသားလူကိုတဲ့လေ။
အဲသေပြီးသားကဂျီအရမ်းစိတ်နာ
ရတဲ့သူလေမောင်မသိတာကြလို့။
အဲဒီလူကြောင့်ဂျီတို့စကားမပြောနိုင်
ဖြစ်ရတာလေ။
ဒါကိုတောင်မသိလျော့သလား။
*ယောင်း ဂျီကို
ဆေးရုံလိုက်ပို့ပေးအုံး*
*ဘာဖြစ်လို့လဲဂျီ*
*ဟို ဟို ဟို ဆေးကဒ်ကုန်သွား
လို့*
*မောင်ယူခဲ့မယ်လေ*
*ရပါတယ်ဟိုလေတားဆေးကဒ်မို့မောင်ရဲ့*
*ရပါတယ်ဂျီမောင်ယူခဲ့ပေးမယ်*
*အဲဒါဆိုယူခဲ့ပေးနော်*
*ပြီးတော့လေဒီလကုန်ကျရင်ဂျီတို့ကလေးယူရအောင်*
*ဘာလို့လဲဂျီ*
*ဟိုလူကိုအိမ်မက်မမက်တော့သူ
မောင်သွေးသားစစ်ကိုရချင်လို့စောင့်နေတာလေ*
*အင်းပါ*
*ပြီးတော့ဂျီတို့ဒီညချစ်ရအောင်လေ*
*တကယ်လားဂျီ*
*တကယ်ပေါ့မချစ်ရတာကြာပြီနော
မောင်ရဲ့
မောင်ရင်ခွင်လွမ်းတယ်*
ဂျီကအိမ်ထောင်သက်ဘယ်လောက်ကြာကြာသူကိုချွဲလျှင်
မျက်နှာကတော့ရဲတောက်နီဆဲ။
သူသသည်ချစ်စရာကောင်းတယ်ဆိုတာထက်ပိုသောဂျီကို
မျက်စိထဲကမခွာနိုင်ပေ။
ထို့ကြောင့်ပါးလေးနမ်းလိုက်သည်။
ထိုအခါစတော်ဘယ်ရီသီးအလားရဲကာသွားတော့သည်။
*မောင်ကလဲ*
ညနေမောင်ပြန်လာသောအခါ
ဂျီနှင့်ညစာစားပြီးသောအခါ
မောင်ကဆေးကဒ်ထုတ်ပေးလာသည်။
*ဂျီဒါကလေ ဆေးအသစ်တဲ့
ဂျီအတွက်ဆရာဝန်ကဆေးပြောင်း
လိုက်တာသောက်ကြည့်တဲ့*
ထိုညကမောင်နှင်ဂျီ
မှောင်ညထဲချစ်ပွဲဝင်ကြသည်မှာမမောနိုင်မပန်းနိုင်။
ကင်ထယ်ယောင်းဆိုသောမောင်သည်ပင်ပန်းနေသောဂျီကို
ဆေးတိုက်သည်။
ဂျီလည်းမျက်စိမဖွင့်ဘဲသောက်လိုက်သည်။
ထို့နောက်ယောင်းရင်ခွင်ထဲဝင်ကာ
အိပ်လိုက်သည်။
ဂျီတို့မျှော်မှန်းထားသော
ကလေးလေးသည်ရောက်ရှိလာခဲ့သည်။
ပြသနာကမွေးကာမှစတင်ခဲ့ခြင်းဖြစ်သည်။
YOU ARE READING
စိတ်ရဲ့ကွယ်ရာ
Fanfictionintro စဉ်းစားတတ်တဲ့ဦနှောက်အားကြီးလာရင် ခံစားတတ်တဲ့နှလုံးသားလေးကအရှုံးပေးလိုက်ရတာဘဲ။ ထို့နည်းတူစွာ နှလုံးသားနဲ့ဦနှောက်ကလည်းအချိုးတူကျတယ်။ စိတ်ကွယ်ရာမှာသိုဝှက်ထားတဲ့အရာကိုသိဖို့ကြိုးစားလိုက်ပါအုံး။ ဘဝမှာမြောက်များစွာတွေ့လာမယ့်အရာကို ဖြေရှင်းတတ်လို့ဦးန...