ကလေးလေးမွေးပြီးသောအခါပထမဦးဆုံးလက်ထဲကိုထည့်ပေးသောအခါ
*ဟင်*
မျက်လုံးမျက်ဖန်ကယောင်းနှင့်
တူပြီး
ပါးဖောင်းဖောင်းလေးက
သူနှင့်ထပ်တူညီ
သို့သော်နှုတ်ခမ်းပါးအာက်က
မှဲ့လေး
ဒီမှဲ့သိပ်သိတာပေါ့။
ဟိုလူရဲ့မှဲ့
သူအတော်တုန်လှုန်သွားသည်။
*မောင် *
ဂျီအားကိုးတကြီးခေါ်လိုက်သောအခါ
မောင်သည်မျက်နှာပျက်သွားသည်။
*ဟုတ်တယ်ဂျီမောင်လက်ခံလိုက်တာဂျီကိုအိမ်မက်သွားမပေးဘဲ
နေဖို့နဲ့ ကိုယ်ဝန်ဆောင်ရတာလွယ်အောင်အားဆေးတွေတိုက်ခဲ့တာ
တားဆေးမဟုတ်ဘူးဂျီသောက်နေတာ*
*မောင်ဘာလို့အခုလိုလုပ်တာလဲ*
*ဂျီရယ်သူမဟုတ်လည်းတခြားတစ်ယောက်ရမှာဘဲလေ
သူထပ်ဆိုးတဲ့သူဆိုရင်မောင်တို့
ပိုပြီးစိတ်ညစ်ရအုံးမယ်
သားသမီးမကောင်းမိဘကောင်းတဲ့
ဂျီရယ်ကိုယ့်သားသမီးဖြစ်လာပြီဘဲ
မုန်းတာလေးလျော့လိုက်ပါ*
ဂျီသည်ဘာမှပြန်မပြော
ဘာမှမပြောတာကိုက
လန့်နေရသည်။
လန့်တဲ့အတိုင်းဖြစ်လာသည်။
ယောင်းမင်လေးဘယ်လောက်ငိုငို
လှည့်မကြည့်။
နို့ဆာလည်းမတိုက်။
အနားလည်းမသွား။
ကလေးရဲ့အရာရာကိုလစ်ယူရှုထားသည်။
ထိုကိစ္စနှင့်ပတ်သတ်ပြီး
ခဏခဏစကားများရသည်။
ပိုဆိုးတာကနောက်ထပ်ကိုယ်ဝန်ထပ်ယူလိုက်ခြင်းပင်ဖြစ်သည်။
ထို့ကြောင့်ကလေးကသိပ်မကွာ။
နောက်ကလေးကသမီးလေးမို့
ဂျီကလက်ကမချ။
ယောင်းဂျီလေးကိုတော့အတော်ချစ်သည်ဂျီက
ကလေးသာသာဖြစ်သောယောင်းမင်
လေးသည်ယောင်းအနားသာကပ်ရသည်။
ဘာကြောင့်ဆိုဂျီကလက်မခံ
မဟုတ်သေးဘူးအငြိုးတွေမထားနဲ့ပြောလည်းမမှု
ကြာတော့ယောင်းမင်လေးကိုသာ
အပြည့်အဝချစ်ပေးရန်လုပ်ရတော့သည်။
*ဂျီ ဒီနေ့သားကိုဆေးထိုးပေးရမယ်
လိုက်ခဲ့*
တစ်နှစ်ကျော်လာသောအခါ
ကာကွယ်ဆေးထိုးရမှာဖြစ်သည်။
*ဂျီမအားဘူးမောင်
သမီးကိုလိုတာဝယ်ပေးဖို့shopping
ထွက်မလို့*
*အင်းမောင်လည်းမအားဘူး*
*အိမ်ကအန်တီကြီးကိုဘဲလွှတ်လိုက်မယ်လေ*
*မောင်လိုက်သွားလေ*
*ဂျီမလိုက်ရင်မောင်လည်းမလိုက်တော့ဘူးလေ*
*မဟုတ်သေးဘူးလေ*
*ဟုတ်တယ်လေ*
ဂျီကိုသူသနားလည်းသနားသည်။
သူကလေးကိုသူမချစ်တာလည်းမဟုတ်
နေမကောင်းအရင်ဆုံးမျက်ရည်ကျတတ်တာသူ။
အရင်းသူကိုလာမေးတာသူ။
စိတ်နုသလောက်အငြိုးကလည်းကြီး
တတ်သည်။
ကိုယ့်သွေးသားမဟုတ်လား။
သွေးဆိုတာရေထပ်ပစ်တာမို့သူ
ဒီသားအမိကြားထဲဝင်ရအုံးမည်။
*မောင်နဲ့ဘဲသွားလိုက်ပါ*
*မောင်ကဂျီနဲ့ဘဲသွားချင်တာလေ*
*မောင်မကပ်စမ်းနဲ့*
*အဲဒါဆိုလိုက်ခဲ့လေ*
ပြောမရတဲ့အဆုံးဂျီလ်ုက်ခဲ့ရတော့သည်။
သားသည်ဂျီအပေါ်ထိုင်ကာနေသည်။
ဂျီကတော့စူပုတ်ပုတ်နှင့်။
မထင်မှတ်သောအရာကားပေါ်မှာဖြစ်သွားသည်။
သမီးကိုအမေတို့အိမ်ခဏပို့ကာ
ကားပေါ်ရောက်တော့သားကို
ဂျီအပေါ်တင်ပေးလိုက်သောအခါ။
YOU ARE READING
စိတ်ရဲ့ကွယ်ရာ
Fanfictionintro စဉ်းစားတတ်တဲ့ဦနှောက်အားကြီးလာရင် ခံစားတတ်တဲ့နှလုံးသားလေးကအရှုံးပေးလိုက်ရတာဘဲ။ ထို့နည်းတူစွာ နှလုံးသားနဲ့ဦနှောက်ကလည်းအချိုးတူကျတယ်။ စိတ်ကွယ်ရာမှာသိုဝှက်ထားတဲ့အရာကိုသိဖို့ကြိုးစားလိုက်ပါအုံး။ ဘဝမှာမြောက်များစွာတွေ့လာမယ့်အရာကို ဖြေရှင်းတတ်လို့ဦးန...