စိတ်ရဲ့ကွယ်ရာအပိုင်း၁၀

32 1 0
                                    

*မောင်ကလေဂျီအတွက်တော့
အချစ်ဆုံးမဟုတ်တောင်
ဂျီအတွက်အလိုအပ်ဆုံးပါ။
ဂျီကလေအမြဲဘဲ
ယူဘဲယူနေရလို့
အားနာနေတာ။
အမြဲတမ်းချစ်ပေးနေတာနဲ့တင်ကျေနပ်နေတာပါ။
ဂျီလေမွန်းကြပ်ပေမယ့်
မောင်နဲ့အတူရှိလို့ကျေနပ်ပါတယ်*
ဂျီမျက်နှာအခုတစ်လောနွမ်းဖျက်ပြီး
ဖြူလျော့လျော့။
ဂျီကိုဆေးရုံပြဖို့
သူတွေးထားသည်။
ဂျီနေမကောင်းတာသူရင်ကိုခွဲနေသလိုဘဲ။
နာကျင်တယ်ဂျီ။
နာကျင်မှုကြောင့်
ထပ်ပြီးမနာကျင်စေချင်။
သားကလည်းသူရှိနေရင်ဂျီနားမနေ။
သူအလုပ်သွားတာနဲ့ဂျီအနားကပ်ကာ
တတွတ်တွတ်ပြောတော့သည်။
တောင်းပန်တယ်ဆိုပေမယ့်
ကြာတော့ဂျီမွန်းကြပ်လာမှာ
ပထမဦးဆုံး
သူသားကိုလက်ခံမိတာ
နောင်တရချင်လာသည်။
သားကကျန်တာအကုန်အကောင်း
လိမ်မာသလို
ဉာဏ်လည်းကောင်းသည်။
စိတ်လည်းမာသည်။
ဂျီနဲ့ပတ်သတ်ရင်တော့မရ
သူတောင်တစ်ခါတစ်ခါ
မျက်ထောင့်နီနဲ့ကြည့်တတ်သူပင်ဖြစ်သည်။
ယောင်းကတော့
သားကို
ခွင့်လွှတ်မြဲ။
*ဂျီ ဆေးရုံသွားရအောင်လေ*
*မသွားချင်ဘူး*
*ဂျီမောင်ပြောတာနားထောင်
ဂျီညဆိုလည်းမအိပ်ဘူး
အစားလည်းနည်းလာတယ်
ခံစားချက်ပြင်းထန်လာပြီး
ဒုက္ခရောက်မှာမောင်မလိုချင်ဘူး*
*မောင်ကလေဂျီအတွက်တော့
အလိုအပ်ဆုံးလူသားပါ*
*အဲဒါဆိုမောင်စကားနားထောင်*
*ဂျီကလေ ဂျီကလေ*
ပြင်းထန်စွာငိုရှိုက်နေတာ
ကြောင့်ဂျီကိုဖက်ရန်အလှမ်း
ဂျီသည်
ပျော့ခွေကာလဲကျသွားတော့သည်။
ခေါ်သံကိုဂျီမကြားတော့ပါ။
လောကကြီးမှာနေရတာသိပ်ပင်ပန်းသွားတယ်ထင်ပါရဲ့။
ဂျီသည်
ဆေးရုံပေါ်မှာပြန်နိုးလာခြင်းမရှိသေး
တော်အိပ်နေနိုင်သည်။
လေးတွေကိုဂျီစိတ်ချခဲ့တာတော့မဟုတ်တန်ကောင်း။

ဂျီအမြန်နိုးထလာပါကွာ။
မောင်စောင့်နေတယ်လေ။
ဘယ်လောက်တောင်ပင်ပန်းနေတာလဲ။
သားသည်ဂျီအနားကပ်ကာ
ဂျီကိုကြည့်၍
မျက်ရည်ကျနေသည်မှာ
အရွယ်နှင့်မမျှ
သမီးကတော့
*ပါးဂျီမနိုးသေးဘူးလား*
မျက်ရည်အဝဲသားနှင့်မေးတတ်သည်။
သို့သော်ဂျီကတော့တိတ်ဆိတ်မြဲ
ဂျီလမ်းလျှောက်နေရင်း
လှပသောပန်းခြံထဲရောက်သွားသည်။
ထိုနေရာ၌အသက်ကိုဝဝရှူပြီး
ထိုင်နေမိသည်။
သူကိုလာခေါ်မယ့်သူမရှိသလို
လာလည်းရန်ရှာမယ့်သူမရှိ။
သူသည်အေးသက်သာထိုင်နေမိသည်။
လူဘဝကပူလောင်လိုက်တာ။
ဂျီပြန်မသွားချင်တော့ပေ။
ဂျီဆက်ထိုင်နေမိသည်။
ပန်းအနံ့လေးရှူရှိုက်ရင်း
အသက်ဝဝရှူနေမိသည်။
သာယာလိုက်တာ။
ထို့နောက်သူအနားဝေ့ဝဲလာသော
ပန်းတွေထဲသူထိုင်ပြီးကောက်နေမိသည်။
ဂျီအတွက်တော့
အေးချမ်းလိုက်တာ။
ဂျီလွတ်လွတ်လပ်လပ်ထိုင်ကာ
အေးဆေးဖြစ်နေမိသည်။
ဂျီသည်မောင်ကိုလည်းသတိမရ။
ဂျီသည်အစ်ကိုလည်းသတိမရ။
ဂျီသည်သမီးကိုလည်းသတိမရ။
အပူအားလုံးကိုမေ့နေသည်။

စိတ်ရဲ့ကွယ်ရာWhere stories live. Discover now