ဆုံမှတ်အစ

91 3 0
                                    

ဘူဆန်မြေကိုရောက်ခဲ့တာယခုဆိုလျှင်ငါးနှစ်ထဲရောက်ခဲ့လေပြီ။
ဂျီမင်သည်ဒီမြေမှာတာဝန်ကျခဲ့တာအတော်ကြာလေပြီ။
Htလုပ်ငန်းစု၏ဒုမန်နေဂျင်းအဖြစ်တာဝန်ထမ်းဆောင်နေသည်မှာယခုဆိုလျှင်အတော်ကြာခဲ့လေပြီဆောင်နေသည်မှာယခုဆိုလျှင်အတော်ကြာခဲ့လေပြီ။
ရိုးသားသောဘူဆန်သူဘူဆန်သားများ၊ချစ်စရာကောင်းမနောဖြူရိုးသားသောဂျီမင်ကိုအလုပ်ကလူကောင်းသူမနောဖြူရိုးသားသူဂျီမင်ကိုလုပ်ငန်းစုတွင်သာမက‌ရပ်ရွာထဲကပါရင်းနှီးနေကြသည်။
ဂျီမင်နေသည်မှာစရောက်ကတည်းကယခုအချိန်အထိပင်ဖြစ်သည်။ထမင်းဆိုင်ပိုင်ရှင်မှာအလွန်ကိုဂျီမင်ကိုချစ်သောကြောင့်သူ၏တူတော်မောင်နှင့်ပေးစားမည်ဟုမကြာခဏစတတ်သည်။
ဂျီမင်ကတော့ပြုံးပြုံးလေးပင်နေတတ်သည်။
သူမှာသိပ်ချစ်ရသည့်ချစ်ရသူလေး
ရှိသည်မလား။
ဂျွန်းဝူးကိုသတိရသောကြောင့်ဖုန်းခေါ်လိုက်သည်။
"ကိုဘာလုပ်နေတာလဲဟင်ဂျီသတိရလို့"
"အင်းကိုလည်းသတိရနေတာ"
" ဘာလိုလိုနဲ့ရှစ်နှစ်တောင်ရှိတော့မယ်နော်""ဟုတ်ပါရဲ့အချိန်တွေကလည်းအကုန်မြန်လိုက်တာ"
"ဒီတစ်ခေါက်မတ်လကျရင်တွေ့ရအောင်နော်မတွေ့ရတာကြာနေပြီ"
" တွေ့ချင်ပေါ့ဟုတ်လားကို""
"‌တွေ့ချင်တာပေါ့ဂျီလေးရယ်ချစ်သက်တမ်းကြာလေပိုင်ဆိုင်ချင်လေ"
"ပိုင်ဆိုင်ချင်ရင်ကြိုးစားရအောင်လေအတူတူ"
"အရမ်းချစ်တယ်ဂျီ""ဟုတ်ဒီကလည်းချစ်တယ်နော်"
နှစ်ဖက်မိဘတူထားသောအခြေအနေတစ်ခုကိုပိုင်ဆိုင်ထားသည်။
သို့သော်ထိုအခြေအနေတွင်ဂျီ့အမေမပါဝင်ခဲ့ပေ။
ဂျီအမေဂျွန်ဝူးကိုစတွေ့ကတည်းကသဘောမတူကြောင်းတဖွဖွပြောနေခဲ့တာပင်ဖြစ်သည်။
သို့သော်ဂျီကတော့ချစ်နေတာမို့လက်မလျော့ခဲ့ပေ။
ကိုအကြောင်းတွေးနေရင်ဖြင့်
ဖုန်းမြည်လာခဲ့သည်။ဘယ်သူပါလိမ့်။နိုင်ငံခြားဖုန်းဖြစ်သောကြောင့်ကိုင်လိုက်သော်ဖုန်းကကျသွားသည်။
ပြန်ခေါ်သောအခါမကိုင်ဘဲထားသည်။
ဂျီသည်စိတ်တိုလာသောအခါဖုန်းကမြည်လာပြန်သည်။
ဘာသဘောလဲ။ကိုချစ်ရတဲ့သူမဟုတ်လျှင်သိပ်သည်းမခံတတ်သောဗီဇကဟုန်းကနဲပေါ်လာသည်။
ကိုင်လိုက်သောအခါ
"ဟဲလိုဂျီပြောနေပါတယ်"
"ဂျီအစ်ကိုပါ"
ဪအစ်ကိုဂျောင်ကုပင်ဖြစ်သည်။
သောထယ်နှင့်မကြာခင်မင်ဂါလာဆောင်တော့မှာဖြစ်သည်။
နေကြဖြစ်သောသတို့သားကြီးကိုရယ်မောစွာပြောလိုက်သည်။
အစ်ကိုဂျောင်ကုသည်သူထက်ငါးနှစ်ကြီးသောအမျိုးသားလေးဖြစ်သည်။
မကြာမကြာရီသဲ့သဲ့လုပ်လို့အပြတ်ပြောထားသောသူငယ်ဂျင်းကြီးလည်းဖြစ်သည်။
ထယ်နှင့်ဂျပန်မှာကတည်းကliving
togetherနေသူမို့ပွင့်လင်းစွာရှိသောသူဖြစ်သည်။
သူသည်ထယ်ကိုချစ်လွန်းသောကြောင့်ပိုက်ဆံကိုတစ်ချို့အရာများကိုပေးအပ်ထားလေသည်။
ဂျီကိုလည်းမကြာမကြာစတတ်သည်။ရည်းစားထားဘာညာနှင့်။
ဂျီ၏စကားကြောင့်ဘာမှမပြောနိုင်အောင်ဆွံ့အတဲ့ခဏတာကိုမှတ်မိသေးသညပြောနိုင်အောင်ဆွံ့အတဲ့ခဏတာကိုမှတ်မိသေးသည်။
ချစ်သူဘဝမှာအတူနေဖို့မကြိုးစားဘူး။တကယ်လက်ထပ်မယ့်သူကိုဘဲပထမဆုံးပေးအပ်မယ်။လက်ထပ်ပြီးမှာကိုအမျိုးသားကိုအားနာရမယ့်အလုပ်မလုပ်ချင်ဘူးဟုပြတ်သားစွာပြောထားသောကြောင့်အစ်ကိုသည်ထပ်မစရဲပေ။
ဂျီချစ်သူသည်တခြားဟာသာအလိုလိုက်ခဲ့သည်။ထိုအရာတော့အလိုမလိုက်ခဲ့ပေ။
ဘာကြောင့်လဲဆိုမမြင်ရသောကံတရားကိုကြောက်ခဲ့သောကြောင့်ဖဖြစ်သည်။
အစ်ကိုနှင့်ဂျီသည်မပြောရဲတာမရှိခဲ့ပေ။
အကုန်ပွင့်လင်းခဲ့သည်။
ဂျီသည်ထူးခြားစွာကိုယ်ဝန်ဆောင်နိုင်ကြောင်းကိုလည်းသိနေခဲ့သည်။
ထိုအကြောင်းကိုဂျီချစ်သူဂျွန်ပင်မသိခဲ့ပေ။
လက်ထပ်ပြီးမှမင်ဂါလာဦးညမှာပြောချင်ခဲ့သောကြောင့်ဖြစ်သည်။
"ဂျီကိုမွေးရပ်မြေဘူဆန်ကိုတာဝန်ပြန်ကျတယ်"အစ်ကိုပြောလာမှအတွေးစတွေပျက်သွားခဲ့သည်။
"ဟုတ်လား ဘယ်အချိန်လောက်လဲဟင်"
"မတ်လထဲထင်တယ်""ဪဂျီနဲ့မတွေ့လောက်ဘူးဂျီကသုံးလသင်တန်းတက်ရမှာဂျပန်ကို"
"ဟာကွာအစ်ကိုကဂျပန်ကပြန်လာတော့ဂျီကသင်တန်းတဲ့လား"
"ဪခဏပါပြီးရင်ဘူဆန်ပြန်လာမှာဘဲကို"
"အင်းပါအဲဒါပြောချင်နေတာအပြင်မှာတွေ့ဘူးချင်နေတာ"
"ဘာလို့လဲဟင်"
"ဘူဆန်မြေမှာသတင်းမွှေးနေတဲ့သူလေးကိုတစ်ခါလောက်တွေ့ဘူးချင်လို့လေ"
"အစ်ကိုမင်ဂါလာဆောင်ကျရင်တွေ့ရမှာဘဲကို"
"အင်းလေအဲမတိုင်ခင်တွေ့ချင်နေတာ"
"အင်းသူငယ်ချင်းဘဲတွေ့မယ်လေပြန်လာရင်ဖုန်းဆက်လိုက်လေ"
"တွေ့တာကိုထယ်ကိုပြေခဲ့ပေးထယ်ကိုစိတ်မကွက်စေချင်လို့ပြီးတော့ချစ်သူရှိတဲ့သူဆိုရင်
ရှောင်တယ်ဆိုတဲ့အကြောင်းကော
ပြောခဲ့ပေးနော်။
သူကိုစိတ်မကောင်းမဖြစ်စေချင်လို့"
"သိပါတယ်ဂျီရယ်အဲလောက်လဲမဟုတ်ပါဘူးထယ်ကနားလည်ပါတယ်"
"ဟုတ်ကဲ့ပါဂျီကြောင့်ရန်ပွဲဖြစ်နေမှာစိုးလို့ပါ"
"အဲဒါဆိုဒါဘဲနော်အစ်ကို"
တွေ့ရန်ထပ်ခါထပ်ခါတောင်းဆိုနေသောအစ်ကိုနားမလည်ချေ။
ဒီလိုနှင့်ဂျီဘဝအေးချမ်းနေသည်။
မုန်တိုင်းမတိုက်ခင်ငြိမ်သက်တယ်ဆိုတာသိပ်မှန်တဲ့စကား။
ဂျီဂျပန်ကိုသင်တန်းသုံးလတက်ရန်သွားသောအခါချစ်သူ၏ဖုန်းကိုဆက်သွယ်ပြောချင်ခဲ့သော်လည်းအဆက်အသွယ်မရခဲ့ပေ။
ဪဖုန်းကဒ်ပျောက်သည်ဟုသူ၏သူငယ်ချင်းမှပြောသောကြောင့်
ခပ်အေးအေးသာနေ၍သင်တန်းတက်နေမိသည်။
"ဂျီကြားပြီလားဂျွန်းဝူးမင်ဂါလာဆောင်တော့မယ်ဆိုတာလေ"
"ဘာ"
"ဘယ်သူနဲ့လဲဆော့"
"သူအလုပ်ထဲကသူတဲ့"
"သူထက်ရာထူးကြီးတယ်ဆိုလား"
"ဟုတ်လား"
ဆယ်ရက်လောက်လောက်အဆက်အသွယ်ပျက်ရုံနဲ့ဒီသတင်းဖြစ်လာတယ်ဆိုတော့။
အကြောင်းအရင်းကဘာများလဲ။ဂျီတွေးရခက်လေပြီ။
နောက်တစ်ပိုင်းမှစ၍မုန်းတိုင်းတိုက်ပါပြီ။

စိတ်ရဲ့ကွယ်ရာWhere stories live. Discover now