ငါးနှစ်ကြာပြီးသောအခါ
ဂျီတောင်မွေးရပ်မြေသို့
ပြန်ရောက်လာခဲ့သည်။
ဘေးမှာမောင်နှင့်အတူ
အခုဆိုရင်မောင်အနားမခွဲမခွာ
အမြဲတမ်းအနားမှာနေပေးမှုကြောင့်
ဂျီပျော်ရွှင်နေရသည်။
ဂျီဘဝအတွက်လူရွေးမှုန်ကြောင့်
ဂျီပျော်နေမိသည်။
*ဂျီဘာတွေတွေးနေတာလဲ
လေယာဉ်နီးနေပြီသွားစို့*
*ဟုတ်*
*လိမ်မာတာကွာ*
ပြောပြောဆိုဆိုနမ်းလိုက်သောမောင်ကြောင့်ဂျီမျက်နှာလေးပန်းရောင်သန်းသွားသည်။
ယောင်းသည်သူ၏ချစ်တတ်မှုကို
နေရာမရွေးပြခဲ့သည်။
နေရာမရွေးချပြဖို့ဝန်မလေးခဲ့။
ဂျောင်နှင်တုန်းကမချစ်ခဲ့တာမဟုတ်ချစ်ခဲ့သည်။မိမိဘက်သာ
ထို့ကြောင့်ပူလောင်နေရသည်။
ယောင်းနှင့်ကထို့သို့မဟုတ်အချစ်ခံရသောအခါအေးချမ်းနေသည်။
*ဂျီနက်ဖြန်စေ့စပ်ပွဲမမေ့နဲ့နော်
ဂျီကိုပိုင်ရတော့မှာဘဲ။
ဂျီကိုမြန်မြန်ပိုဆိုင်ချင်ပြီ*
ဟုတ်ပါသည်ဂျီကိုစောင့်ပေးခဲ့တာငါးနှစ်ကြာခဲ့ပြီ။
ထိုအတော်အတွင်နမ်းရုံအပြင်မပိုခဲ့သောယောင်း
ယောင်းက
တာဝန်မယူနိုင်ရင် တာဝန်ယူရမယ့်အကြောင်းအရာမလုပ်တာအကောင်းဆုံးတဲ့။
အရမ်းကိုတည်ငြိမ်ပြီးအရမ်းချစ်ပေးသောကြောင့်ဂျီ၏အပြုံးကပိုအသ်ဝင်ခဲ့ပါသည်။
ဒီလို့နှင့်ဂျီတို့စေ့စပ်ပွဲညရောက်လာသည်။
မောင်သည်ဂျီကိုလာခေါ်ပြီးသောအခါစေ့စပ်ပွဲသွားလိုက်သည်။
စေ့စပ်ပွဲတွင်ဂျီလက်မှာ
ဆင်မြန်းပေးသောလက်စွပ်ကိုဂျီအံ့ဩသွားသည်။
ဂျီသိပ်ကြိုက်သောမြကို
စိန်နှင့်စီခြယ်ကာ
အသည်းပုံဖော်ထားသည်။
ဂျီကိုဘာမှမသိအောင်လုပ်ထားပြီး
တိတ်တိတ်လေးကြံထားခြင်းဖြစ်သည်။
ဂျီတကယ်အံ့ဩရသည်ဂျီအကြိုက်တွေကြီးလုပ်ပေးထားသည်။
ဂျီကျေနပ်စွာအချစ်ခံနေရသောအခါ။
ဧည့်သည်များကိုဧည့်ခံသောအခါ
*ဂျီဒါက--ဂျောင်ကုတဲ့*
ဂျီဆတ်ခနဲ့မော့ကြည့်လိုက်သောအခါ အရင်ကအတိုင်းမပြောင်းလဲတဲ့ကို့ကိုတွေ့လိုက်ရသည်။
ဂျီကပြုံးလိုက်သည်။
*တွေ့ရတာဝမ်းသာပါတယ်ပတ်ဂျီမင်ပါ*
*တွေ့ရတာဝမ်းသာပါတယ်
ဂျီ မမှတ်မိချင်ယောင်ဆောင်နေတာလား*
*မဟုတ်ပါဘူး ပြန်တွေ့ဖို့မကောင်းတဲ့သူတွေမို့ ဒီအတိုင်းဘဲနှုတ်ဆက်တာပါ*
*မောင်တခြားသွားစို့လေ*
ယောင်းကိုခေါ်သောအခါယောင်းကယောင်နနဖြင့်လိုက်လာသည်။
ယောင်းကိုမျက်စိဖြင့်အကျိုးအကြောင်းပြောနေသောအခါ
ယောင်းခေါင်းညိမ့်ပြသည်။
ယောင်းသည်ထိုကဲ့သို့သော
နားလည်မှုရှိသောသူဖြစ်သည်။
ပွဲပြီးရင်ရှင်းပြရန်မှတ်ထားကြောင်းကိုဂျီယောင်းကိုပြောပြလိုက်သည်။
*ပြောပြချင်မောင်အတင်းမမေးဘူးနော်ဂျီအဆင်ပြေမှပြော*
တွေကိုလက်တွေ့မြင်ထားသောကြောင့်ထပ်နာကျင်မှာကိုမလိုလား။ဂျီအပြုံးသာအားဆေးမို့
သူအတွက်အဆင်ပြေတယ်သာပြောတတ်သူသာဖြစ်သည်။
ဂျီမောင်ရင်ခွင်ထဲတိုးဝင်ကာ
ဖက်ထားလိုက်သည်။
ဒီလိုနွေးထွေးကြောင့်မောင်ကိုပိုပြီးအနားကပ်မိတာလားမသိချေ။
မောင်ရေ ဂျီကိုဆက်ချက်ပေးပါအုံး
မရဲတရဲလေးတောင်းဆိုနေမိသည်။
YOU ARE READING
စိတ်ရဲ့ကွယ်ရာ
Fanfictionintro စဉ်းစားတတ်တဲ့ဦနှောက်အားကြီးလာရင် ခံစားတတ်တဲ့နှလုံးသားလေးကအရှုံးပေးလိုက်ရတာဘဲ။ ထို့နည်းတူစွာ နှလုံးသားနဲ့ဦနှောက်ကလည်းအချိုးတူကျတယ်။ စိတ်ကွယ်ရာမှာသိုဝှက်ထားတဲ့အရာကိုသိဖို့ကြိုးစားလိုက်ပါအုံး။ ဘဝမှာမြောက်များစွာတွေ့လာမယ့်အရာကို ဖြေရှင်းတတ်လို့ဦးန...