ဂျီသည်အခုတစ်လောသားကိုသိပ်ပြီးအနေမစိမ်းတော့ပေ။
သို့သော်သမီးကိုတော့ပိုပြီးကပ်သည်
ဂျီဟာအမြဲတမ်း
ငေးငိုင်လာသည်
မောင်နှင့်လည်းစကားသိပ်မပြောဖြစ်။
ဘာဖြစ်တာလဲတွေးမရလာသောအ
ခါ။
မောင်တွေးရင်းပူလာသည်။
*ဂျီနေမကောင်းဘူးလား
ငေးငိုင်တာကြာနေပြီ
ဘယ်နှစ်လရှိနေပြီလဲ*
*မဟုတ်ပါဘူးမောင်ရယ်ဒီအတိုင်း
ပါ*
*တစ်ခုခုမူမမှန်နေသလိုခံစားနေရတာတစ်မျိုးဘဲဂျီ*
ဂျီဘာမှမပြောဖြစ်
ကိုခံစားရတာကိုယ်သာသိတာမို့။
သားသည်အခုဆို
လေးနှစ်ထဲဝင်လာပြီ။
မောင်မရှိတော့သည်နှင့်။
သူရှေ့ဒူးထောက်ထိုင်ကာ
တောင်းပန်မြဲ။
*ဂျီကိုမချစ်လို့
မဟုတ်ရပါဘူး။
အစ်ကိုမှားတဲ့အမှားကြောင့်
အစ်ကိုမှာရောဂါရခဲ့တာ
ဂျီထွက်သွားပြီးမှ
သူများလက်ထဲရောက်မှဂျီတန်ဖိုး
ကိုသိလာတာပါ။
ဂျီကထင်လိမ့်မယ်။
အစ်ကိုကမချစ်ခဲ့ဘူးလို့။
တကယ်တော့ဂျီကိုအရမ်းချစ်ခဲ့တာပါ။
အစ်ကိုထားရာမှာနေပြီး
လိုအပ်ချိန်တိုင်း
ဘာဘဲတောင့်တလိုက်လိုက်
အမြဲဖြည့်ဆည်းပေးတဲ့သူမို့
လက်မလွှတ်ချင်ခဲ့ပါဘူး။
ဒါပေမယ့်လေကံတရားကရက်စက်တယ်ဂျီ။
အစ်ကိုရောဂါရခဲ့တယ်။
အကျိုးဆက်ကိုဂျီဆီမရောက်ဖို့
အစ်ကိုကြိုးစားခဲ့ရုံပါ။
ဂျီကိုပြန်တွေ့တော့လည်းဂျီမှာသက်ဆိုင်သူနဲ့။
ဂျီအဲလောက်မုန်းနေမယ်ဆိုတာမသိလို့ပါ။
ဂျီကိုစမ်းသပ်ခဲ့ပေမယ့်
ဂျီရဲ့အိမ်ထောင်ဖက်ကောဂျီကောက
အရမ်းရိုးသားတယ်။ဖြူစင်တယ်။
နောင်ဘဝဆိုတာရှိခဲ့ရင်ဂျီကိုဘဲ
အိမ်ထောင်ဖက်အဖြစ်ရွေးခြယ်မှာပါ။
မရွေးခြယ်ခဲ့တာမဟုတ်ပါဘူး
မရွေးခြယ်ရဲတာပါဂျီရယ်။
ဂျီကိုအရမ်းချစ်တာကိုရက်စက်သလို
ဖြစ်ခဲ့ရင်တောင်းပန်ပါတယ်။
ဂျီခွင့်လွှတ်ပါ။*
လေးနှစ်သားလေးရဲ့တောင်းပန်မှု
တစ်နည်းအားဖြင့်ကိုသားလေး
ဂျီဘာလုပ်ရမလဲ။
အတ္တနဲ့အမုန်းကြားဗျာများရသောအခါ။
ဂျီသည်မလှုပ်သာ။
ခွင့်လွှတ်ဖို့လည်း
ကြိုးစားချင်သလို
ခွင့်လွှတ်ဖို့လဲမကြိုးစားချင်။
သားတစ်ဖြစ်လဲအစ်ကိုက
မျက်နှာညိုးနေတာနဲ့တသသမေးမြဲ
ဘယ်လိုသင်သင်
ဂျီလို့သုံးမြဲ။
သူကိုယ်တိုင်လည်း
အစ်ကိုလို့သုံးဆဲ။
ဒီလိုပုံစံတွေကြောင့်ဂျီမွန်းကြပ်မြဲ။ဂျီစိတ်တွေအရမ်းမွန်းကြပ်လာသောအခါ။
ဂျီသည်ငိုင်လာသည်။
အမြဲတမ်းတွေးတတ်လာသည်။
*ဂျီမောင်ကိုပြောလို့*
*ဂျီမွန်းကြပ်တယ်မောင်
ဂျီခံစားရသမျှတွေကိုဘယ်သူကိုပြောပြရမလဲ။
ဂျီဝဋ်ကကြီးလိုက်တာမောင်ရယ်*
*မောင်ရှိတယ်လေဂျီ
မောင်ကိုမေ့နေတာလား။
မောင်ကဂျီရဲ့အိမ်ထောင်ဘက်လေ
ဒါကိုမေ့နေတာလား
ဂျီသူစိမ်းဆန်လွန်းတယ်ဂျီ*
*မဟုတ်ပါဘူးမောင်ရယ်
ဂျီကြောင့်။
ဂျီကြောင့်။
ဂျီကြောင့်လေမောင်
ဝမ်းနည်းမှာကြောက်လို့ပါ။*
*မောင်ကလေဂျီအတွက်တော့*
YOU ARE READING
စိတ်ရဲ့ကွယ်ရာ
Fanfictionintro စဉ်းစားတတ်တဲ့ဦနှောက်အားကြီးလာရင် ခံစားတတ်တဲ့နှလုံးသားလေးကအရှုံးပေးလိုက်ရတာဘဲ။ ထို့နည်းတူစွာ နှလုံးသားနဲ့ဦနှောက်ကလည်းအချိုးတူကျတယ်။ စိတ်ကွယ်ရာမှာသိုဝှက်ထားတဲ့အရာကိုသိဖို့ကြိုးစားလိုက်ပါအုံး။ ဘဝမှာမြောက်များစွာတွေ့လာမယ့်အရာကို ဖြေရှင်းတတ်လို့ဦးန...