*ဂျီ*
*ဟင်အစ်ကို*
*ဂျီပြန်မလာတော့ဘူးလား*
*ဟင့်အင်း
လာချင်တော့ဘူး
ဒီအတိုင်းလေးနေရတာ
အဆင်ပြေတယ်
လူဘဝကြီးကပူလောင်တယ်
အစ်ကို
ခံစားချက်တွေအမျိုးမျိုးနဲ့
ပူလောင်လို့*
*အစ်ကိုနဲ့အတူတူနေကြမလား
ဒီနေရာမှာ
ဂျီဂျီ*
*အစ်ကိုထပ်ပြီးနာကျင်အောင်လုပ်ရင်ဘယ်လိုလုပ်မလဲ*
*ကတိပေးတယ်
အခုဂျီကိုဘဲကြည့်တော့မယ်လေ*
*အင်းဒါဆို
မောင်ကရော
မောင်ဆီပြန်ရမယ်လေ။
ကလေးတွေရှိသေးတယ်။
အစ်ကိုကဂျီသားလေ
ဘယ်လိုလုပ်ရောက်လာတာလဲ။
ပြန်ရအောင်အဲဒါဆို*
*ဂျီကိုလာခေါ်တာအစ်ကိုနောက်လိုက်ခဲ့လေ*
*မောင်ကိုမထားခဲ့ရက်ဘူး*
*ဂျီပြန်ရတော့မယ်*
*ဂျီတကယ်လား
အစ်ကိုနဲ့မလိုက်တော့ဘူးလား*
*မောင်ကိုမခွဲနိုင်ဘူး*
*တကယ်လား*
*တကယ်ပါ*
*အဲဒါဆိုပြန်ကြမယ်လေ*
*ဂျီအစ်ကိုကိုခွင့်လွှတ်ပြီလား*
*အင်းခွင့်လွှတ်ပါပြီ
သားအဖြစ်အစ်ကိုလာခဲ့တာဘဲ
ဂျီခွင့်လွှတ်ရမှာပေါ့*
*အစ်ကိုနဲ့အတူတူ
ဘဝအသစ်မှာပြန်တွေ့ရအောင်
ဒီတစ်ခါတွေ့ရင်ဂျီကို
အစပေါင်းများစွာချစ်ပေးပါ့မယ်
အစပေါင်းများစွာ
အလိုလိုက်ပါ့မယ်။
သိတယ်မလား။
အစ်ကိုရဲ့ချစ်ခြင်းတရားကိုလေ။*
*ဘဝအသစ်မှာဘာအငြိုးမှမရှိဘဲ
ပြန်တွေ့ကြရအောင်။
အစ်ကို
အချစ်ဆုံးမို့အမြဲ
မဟုတ်တောင်မမေ့ပါဘူး။
အမုန်းဆိုတာလည်းဆန့်ကျင်ဘက်ဆိုရင်အချစ်ဘဲလေ။
ချစ်ခြင်းနဲ့မုန်းခြင်းကြား
လူသားတွေရပ်တည်နေရတာပါ။
အကောင်းနဲ့အဆိုး
သတ္တိနဲ့ကြောက်ရွံခြင်း
ပူလောင်မှုနဲ့အေးမျှမှု
တို့ရဲ့ကြားက
လူသားတွေလှုပ်ရှားနေရတာ
အစ်ကို့ကိုဂျီခွင့်လွှတ်ဖို့ကြိုးစားနေပါတယ်။*
*ဂျီ အစ်ကိုရဲ့စိတ်ကွယ်ရာမှာဖွက်ထားခဲ့တဲ့အပိုင်းလေးကိုဖော်ပြခွင့်ရလို့ကျေနပ်တယ် ဂျီသွားတော့
လေ စောင့်နေမယ့်သူတွေရှိတယ်လေ*
*ဂျီနဲ့ပြန်လိုက်ခဲ့လေအစ်ကို*
*မလိုက်တော့ဘူးဂျီ*
*ထာဝရအမြဲတမ်းချစ်နေခဲ့တယ်ဆိုတာယုံပေးပါဂျီ*
*လိုက်ခဲ့ပါအစ်ကို*
မောင်သည်စိုးရိမ်မှုလွန်ကဲလာသည်။
အမုန်းတရားကနှလုံးသားကိုတိုက်စားခဲ့လေရော့သလားဂျီရယ်။
ဂျီရဲ့နှလုံးကပြင်းပြင်းထန်ထန်ပျက်စီး
နေလေပြီ။
သားတော်မောင်ကလည်းဂျီကို
ကြည့်ရင်းတွေတွေကြီးရပ်နေကာ
ဘာမှမကြာလိုက်ဂျီဘေးနားတွင်
ပျော့ခွေကာမေ့လဲသွားတော့သည်။
ဂျီမောင်ကိုရင်တွေကွဲအောင်မလုပ်ပါနဲ့။
သားရော၊ဂျီရောဆိုမောင်သေလိမ့်မယ်။
မိသားစုအပူမီးကြောင့်ဘယ်လောက်နာကျင်ရတယ်ဆိုဂျီမသိရော့လေသလား။
ပြန်လာပါ။
ဂျီလေးကော၊သားလေးကော
မောင်မျက်ရည်တွေဘယ်လောက်ကျကျဂျီကတော့ပြန်ပြီးနိုးမလာ။
ထို့နည်းတူစွာသားလေးသည်လည်း
နိုးမလာခဲ့တော့။
ဂျီလမ်းမှာပြန်လာသောအခါ
အစ်ကိုက
*ဂျီ အစ်ကိုတို့
အချိန်လွန်သွားပြီထင်ပါရဲ့*
ဂျီနှင့်အစ်ကိုရှေ့တွင်ဝတ်ဖြူစင်ကြယ်နှင့်
အဘိုးအိုတစ်ဦးရပ်နေသည်။
YOU ARE READING
စိတ်ရဲ့ကွယ်ရာ
Fanfictionintro စဉ်းစားတတ်တဲ့ဦနှောက်အားကြီးလာရင် ခံစားတတ်တဲ့နှလုံးသားလေးကအရှုံးပေးလိုက်ရတာဘဲ။ ထို့နည်းတူစွာ နှလုံးသားနဲ့ဦနှောက်ကလည်းအချိုးတူကျတယ်။ စိတ်ကွယ်ရာမှာသိုဝှက်ထားတဲ့အရာကိုသိဖို့ကြိုးစားလိုက်ပါအုံး။ ဘဝမှာမြောက်များစွာတွေ့လာမယ့်အရာကို ဖြေရှင်းတတ်လို့ဦးန...