Unicode#
အမိန့်စာကျလာပြီး တစ်ပတ်အကြာမှာ ရှောင်းကျန့်ဟာ နန်းတော်သို့ ဝင်ရောက်ရသည်။ နန်းတော်မှ အခေါ်လွှတ်သော မြင်းရထားပေါ်လိုက်လို့ နန်းတော်ရင်ပြင်ထိ ငြိမ်သက်နေခဲ့သည်။ မြင်းရထားရပ်သွားချိန်မှာ ဘေးတံခါးအား တွန်းဖွင့်သင့် မသင့်စဥ်းစားနေမိတုန်း တံခါးဟာ ပွင့်သွားသည်။ သူ ကြည့်မိလိုက်ချိန်မှာ သူလက်ဆက်ရမည့် သူ့ရဲ့ ခင်ပွန်းလောင်း ဝမ်အရှင်ဖြစ်နေသည်။ ဝမ်အရှင်မှာ တောက်ပစွာပြုံးပြလျက် သူ့အားကြိုဆိုရင်း လက်ကမ်းပေးသည်။ ဒီလူဟာ တစ်ခါကြည့်ရုံဖြင့် လူကောင်းဖြစ်မှန်းခံစားမိသည်။ အရှင်ဘုရင်တစ်ယောက် ကမ်းပေးသည့်လက်ကို မငြင်းသင့်တာကြောင့် ရှောင်းကျန့်ဟာ ထိုလက်ကို တွဲကိုင်လို့ မြင်းရထားပေါ်က ဆင်းခဲ့သည်။
နန်းတော်ရင်ပြင်ကို ခြေချကာ အပြင်က အခြေအနေကို မော့ကြည့်မိတော့ မိဖုရားများ၊ နန်းတွင်းသူများ၊ စစ်မတ်များနှင့်အတူ အမတ်များအပြင် ရှောင်ပိုင်ယိနှင့်အတူ ရပ်နေသော ဆယ်ကျော်သက်အရွယ် ကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ဒါဟာ သူ့အဖေပြောပြလိုက်သည့် ဝမ်အိမ်ရှေ့စံဖြစ်လောက်သည်။
ဝမ်အိမ်ရှေ့စံဟာ သူ့အားစူးစိုက်ကြည့်နေတာမို့ ရှောင်းကျန့်အနည်းငယ်နေရခက်သွားသည်။ ကလေးတစ်ယောက်ရဲ့ အကြည့်အောက်မှာ သူဟာ ခေါင်းငုံ့မိပါသည်။ သူဟာ ဒီကလေးရဲ့ မိခင်နေရာကို ဝင်ယူခဲ့သူမို့ ကလေးဟာ သူ့ကို အမြင်မကြည်တာကြောင့်ဖြစ်လိမ့်မည်။ ဒါကြောင့်လည်း သူဟာ စိတ်မလုံမှုနှင့်အတူ ဝမ်အိမ်ရှေ့စံရဲ့ အကြည့်ကို ရင်မဆိုင်နိုင်ပေ။ ဘန်းစကားအားဖြင့် ပြောရလျှင် သူဟာ မိထွေးသာဖြစ်သည်။ ဘယ်ကလေးကမှ မိထွေးကို အမြင်ကြည်မည်မဟုတ်။ ကောမျိုး မိထွေးကိုတော့ ဘယ်ကလေးဟာ လိုချင်ပါ့မလဲ။
အိမ်ရှေ့စံဝမ်ဟာ ရောက်လာမည့် မိခင်သစ်ကို ဖခင်နှင့်အတူ စောင့်ကြိုနေသည်။ သူဟာ ကောက်းမွန်စွာ ကြိုဆိုမည်။ ပြီးလျှင် ဒီမိခင်ဟာ နန်းတွင်းက တခြားမိဘုရားများကဲ့သို့ သူ့အပေါ် ဟန်ဆောင်ကောင်းပြလေမလား၊ တစ်စိမ်းဆန်ဆန်နေမလားဆိုတာ သိချင်သည်။
YOU ARE READING
The Crown Prince