Unicode #
ဒီချောင်းရဲ့ ရေက အရမ်းမနက်ဘူး။ လူကြီးတစ်ယောက်ရဲ့ အရပ်တစ်ရပ်ကျော်ရုံပဲ။ ဒါမယ့် ရှောင်းကျန့်က ရေမကူးတတ်တာမို့ ရေနစ်သလိုဖြစ်နေသည်။ ဝမ်ရိပေါ်က ဒီရေထဲကို ဆင်းခဲ့ဖူးတာမို့ ဒီချောင်းအခြေအနေကိုသိသည်။ သူ ရှောင်းရေနစ်နေတာကို ကျောက်တုံးပေါ်ကနေပဲ ရပ်ကြည့်နေလိုက်သည်။ ခင်ပွန်းလောင်းတဲ့။ ကြားလို့တော့ကောင်းသား၊ ဒါမယ့် သူ့အတွက် နားဝင်ဆိုးလှသည်။ အကယ်၍ အဲ့ခင်ပွန်းလောင်းဆိုတဲ့ သူက သူဆိုရင်တော့ တစ်မျိုးပေါ့။ သဘောကျပါတယ်တဲ့။ ဘာလို့များလဲ။ အသက်ကြီးကြီးလူတစ်ယောက်က ဘာတွေများ သဘောကျစရာရှိနေတာလဲ။ ဝမ်ရိပေါ်က စဥ်းစားလေ ဒေါသထွက်လာလေဖြစ်လာသည်။
အသက်ရှင်ဖို့ကြိုးစားရင်း သူ့ကို အော်ခေါ်ကာ အကူအညီတောင်းနေတဲ့ရှောင်းက သိပ်ကိုလှပါသည်။ အချိန်က တစ်ဖြေးဖြေးနဲ့ ကြာလာပြီး ရှောင်းရဲ့ လှုပ်ရှားပုံတွေ တစ်ဖြေးဖြေးနှေးလာတာကို အရသာခံကာ ကြည့်နေလိုက်သည်။ ဒီလောက်ထိ လုပ်ဖို့ မရည်ရွယ်ခဲ့ပါဘူးလို့ပြောရင် လိမ်ရာကျမှာပေါ့။ သူဟာ တမင်တကာကို လုပ်ခဲ့တာဖြစ်သည်။ သူ့ရဲ့ ဧကရီလောင်းသာ ဒေါသကို မဆွခဲ့ရင် ရေတိမ်ထဲကိုပဲ တွန်းချလို့ သူပါဆင်းပြီး တစ်ယောက်ကို တစ်ယောက် ရေနဲ့ပက်ဆော့နေကြရမယ့်အချိန်ပဲဖြစ်သည်။ စိတ်မကောင်းစရာပဲ၊ ရှောင်းက သူ့ရဲ့ ရင်ထဲက မီးကို မီးဆင်နှာမောင်းဖြစ်အောင် ပြောင်းလဲလိုက်တော့ ပတ်ဝန်းကျင်မှာရှိသမျှအကုန် ပက်လောင်တော့တာပေါ့။
"အိမ်ရှေ့စံ!"
ရှောင်းက ကူညီဖို့ရာ အော်ခေါ်နေသည်။ 'အသက်ရှင်ဖို့ကြိုးစားလိုက်ပါအုန်းရှောင်း။ စိတ်ချထားလိုက်ပါ၊ ကျွန်တော်က သေအောင်တော့ ပစ်မထားပါဘူး' ဝမ်ရိပေါ်ရဲ့ နှုတ်ခမ်းထက် ခပ်စောင်းစောင်းအပြုံးက ထပ်ပေါ်လာသည်။ ရှောင်းရဲ့ ခေါ်သံကတဖြေးဖြေးတိုးလို့ လက်တွေက နှေးလာပြီ။ ဖြူဖျော့နေတဲ့ မျက်နှာနဲ့ သွေးမရှိတော့တဲ့ နှုတ်ခမ်းတွေကို ကြည့်ရတာ အချိန်ကျလာပြီ ထင်ပါသည်။
အိမ်ရှေ့စံဝမ်ဟာ ရေထဲကို ခုန်ဆင်းလို့ ရှောင်းကိုဆွဲကာ ခါးကနေဖက်လို့ တစ်ဖက်ကမ်းကို ကူးသွားလိုက်သည်။ ကျောက်တုံးက မြင့်ပြီးမတ်တာမို့ တစ်ကိုယ်တည်းတောင် တွယ်တက်ဖို့ခက်တာ နှစ်ယောက်တက်ဖို့ဆို မဖြစ်နိုင်တာမို့ ကမ်းဖက်ကိုသာ သွားလိုက်သည်။ ဘောင်လိုဖြစ်နေတဲ့ ကျောက်ကမ်းဟာ သိပ်မမြင့်ပါ။ အပေါ်မှာ ကျောက်ဆောင်ရှိနေပြီး အမိုးလိုဖြစ်နေသည်။ ထိုကမ်းစပ်မှာ ရှောင်ဧကရီလောင်းကို ဘောင်ဆီ မှီစေသည်။ ရေအောက်ခြေမှာ ခြေချရပ်နိုင်တဲ့ အနေအထားရောက်ပေမယ့် ရေကြောင့် အောက်ခြေမှာ ရေညှိတွေရှိနေတာကြောင့် အနည်းငယ်ချောနေသည်။ အိမ်ရှေ့စံက ရှောင်းကို ကျောက်ဘောင်ကို ကျောပေးမှီစေလို့ အရှေ့ကနေ ရှောင်းရဲ့ ခါးကို ဖက်ကာ လည်ပင်းကြားခေါင်းတိုးကာ တွယ်ကပ်နေလိုက်သည်။ ရှောင်းကျန့်မှာ ခြေထောက်ထောက်ဖို့ အားအင်တောင်မရှိတော့တဲ့အပြင် ရေအောက်ကြမ်းပြင်ကချောနေတာမို့ အိမ်ရှေ့စံကိုသာ ပြန်ဖက်တွယ်လို့ အားပြုရပ်နေရသည်။
YOU ARE READING
The Crown Prince