- Chapter 05 -

636 51 1
                                    

Unicode #

အိမ်ရှေ့စံက သူ့ကို မော့ကြည့်လာသည်။ အိမ်ရှေ့စံရဲ့ ရင်ခွင်ထဲမှာ ဧကရီလောင်းကရှိနေပြီး သူတို့နှစ်ယောက်ဟာ အိပ်ယာပေါ်မှာထပ်လျက်ဖြစ်သည်။ သူတို့နှစ်ယောက်ရဲ့မျက်နှာတွေကနီးကပ်နေတာမို့ အားမေမှာ အနောက်သို့အမြန်လှည့်လိုက်ရသည်။

"ပေး..ရေနွေး"

အိမ်ရှေ့စံရဲ့ ခပ်မာမာလေသံကထွက်ပေါ်လာသည်။ အားမေဟာ အနောက်ကိုလှည့်လို့ ရေနွေးဇလုံကိုပေးလိုက်သည်။ ဧကရီလောင်းဟာ အိပ်ယာပေါ်မှာ အိပ်ပျော်နေတာဖြစ်သည်။

"မင်း ခုနက မြင်တာ ဘာပဲမြင်မြင် မင်းထင်နေသလိုမဟုတ်တဲ့အတွက် အပြင်ကိုပေါက်သွားရင် ဧကရီလောင်းရဲ့သိက္ခာကြောင့် ငါ့မင်းကို အပြစ်ပေးရလိမ့်မယ်"

အိမ်ရှေ့စံရဲ့ ခြိမ်းခြောက်စကားဟာ အေးစက်လျက်ကြောက်စရာကောင်းသည်။ အဓိပ္ပာယ်ကတော့ သူခုနက အမြင်မှားသွားရုံဖြစ်ပြီး သူထင်နေသလိုမဟုတ်ဘူးပေါ့။ အကယ်၍ အပြင်မှာ လျှောက်ပြောခဲ့ရင် သူ့အသက်အတွက် အာမခံဟာ ကုန်သွားပြီ ဖြစ်သည်ပေါ့။

"ဟုတ်ကဲ့ပါ..အိမ်ရှေ့စံ"

အားမေဟာ သဘောပေါက်လွယ်သည်။ အဲ့တာကြောင့်ပဲ နန်းတွင်းမှာ အချိန်ကြာကြာရှိနေနိုင်တာဖြစ်သည်။ အိမ်ရှေ့စံကို အရိုအသေပေးကာ နန်းဆောင်ထဲမှ ထွက်ပြီး အပြင်မှာ အစောင့်တွေနှင့်အတူ ရပ်နေလိုက်သည်။

ဝမ်ရိပေါ်ဟာ ရှောင်းကျန့်ကို အိပ်ယာပေါ်ချပေးပြီး အိပ်ပျော်နေတဲ့သူကို ရေနွေးဖြင့် ခြေတွေ လက်တွေဆေးပေးကာ နွေးနွေးထွေးထွေးဝတ်စေသည်။ ရှောင်းကို အက်ျီလဲပေးရတာလည်း မလွယ်ကူပါ။ သူ့မှာ အကြိမ်ကြိမ်အခါခါ တံတွေးမြိုချရလွန်းလို့ လည်ချောင်းတွေတောင် နာရသည်။ ရှောင်းရဲ့နန်းဆောင်က ပြန်လာတော့ သူ့ရဲ့နန်းဆောင်မှာရှိတဲ့ ရေချိုးကန်ထဲ ရေနွေးစိမ်ရင်း စဥ်းစားမိသည်။

ရှောင်းရဲ့ လည်ပင်းဟာ တကယ်ကို နုဖတ်လွန်းတယ်။ ဆွဲစုပ်လိုက်တဲ့အခါ ခပ်အိအိလည်ပင်းသားက ပါလာတာ ကိုက်ချင်လိုက်တာအရမ်းပဲ။ နှုတ်ခမ်းတွေကိုလည်း နမ်းကြည့်ချင်ပေမယ့် နမ်းကြည့်ချင်ပေမယ့်လည်းပေါ့ အခုဟာ အချိန်မဟုတ်သေးဘူး။

The Crown PrinceWhere stories live. Discover now