Uni#
သူက သူ့အကြောင်းသူ မသိဘူး။ ဘာလို့ဆို သူနိုးလာတဲ့အချိန်မှာ သူဟာ သမားတော်တစ်ယောက်ရဲ့ အိမ်မှာ နိုးလာခဲ့တာဖြစ်ပြီး သူ့နာမည်တောင် သူမမှတ်မိခဲ့ဘူး။ ဒီလိုအခြေအနေအတွက် ဘဝတစ်လျှောက်လုံးဆေးကုလာခဲ့တဲ့ သမားတော်ကြီးက အတိတ်မေ့တယ်လို့ ခေါင်းစဥ်တပ်ခဲ့သည်။ ဒီလိုဖြစ်စဥ်မျိုးတွေ သမားတော်ကြီးဟာ လေးငါးကြိမ်လောက် ကြုံခဲ့ဖူးပြီဖြစ်သည်။
သမားတော်ကြီးမှာ လက်ထပ်ထားတဲ့အမျိုးသမီးနဲ့ သူ့အရွယ်သားတစ်ယောက်ရှိသည်။ သမားတော်ရဲ့အမျိုးသမီးဟာ သမားတော်ကြီးဆေးရွက်ခူးရင်း ခူးလာတဲ့ အသီးအရွက်တွေပြန်ရောင်းပြီး သားဖြစ်သူကတော့ နန်းတွင်းက စစ်သည်တစ်ဦးဖြစ်သည်။ စစ်သည်ဖြစ်တဲ့ သားဖြစ်သူတို့ အိမ်မှာ အချိန်ပြည့်မတွေ့ရတတ်ဘူး။
သူနိုးလာခဲ့တဲ့အချိန်မှာလည်း နယ်ဘက်မှာ ကျူးကျော်သူတွေရှိနေတာမို့ စစ်ငယ်များ ဖြစ်ပွါးနေချိန်ဖြစ်သည်။ သမားတော်ကြီးတို့ လင်မယားနှစ်ယောက်လုံးက စာတတ်သူတွေမို့ သူ့ကို အဓိပ္ပာယ်ရှိတဲ့ နာမည်တစ်ခုပေးခဲ့ကြသည်။ သမားတော်ကြီးတို့ မိသားစုဟာ ရှောင်မိသားစုဖြစ်သည်။ ရှောင်မိသားစုရဲ့ မျိုးရိုးနာမည်ကို ရှောင်းကျန့်ကို ခံယူခွင့်ပေးတဲ့ စိတ်ကောင်းရှိတဲ့သူတွေဖြစ်ကြသည်။ ရှောင်မျိုးရိုးကို ခံယူပြီးနောက် ရှောင်ရှောင်းကျန့်ရယ်လို့ ဖြစ်လာခဲ့သည်။ အရင်တစ်ချိန်က သူဟာ ဘယ်သူပဲ ဖြစ်နေခဲ့ပါစေ အခုအချိန်မှာ သူဟာ ရှောင်မျိုးရိုး သမားတော်မိဘနှစ်ပါးနဲ့ အတူနေထိုင်တဲ့ သားငယ်တစ်ယောက်သာဖြစ်သည်။ သူ့ရဲ့ အကိုကြီး ဖြစ်သူ ရှောင်ပိုင်ဟာ သူနဲ့ ရင်းနှီးမှု သိပ်မရှိပေမယ့် သူ့ရဲ့ အကိုကြီးဖြစ်နေဆဲသာ ဖြစ်သည်။
ရှောင်းကျန့်က အတိတ်မေ့နေပေမယ့် စာတော့ ရေးတတ်ဖတ်တတ်တာမို့ အရင်တုန်းကတည်းက သူဟာ စာတတ်ပေတတ်တစ်ယောက်ဖြစ်ခဲ့လိမ့်မည်။ အချိန်တစ်ခုအကြာမှာ သူဟာ ကောတစ်ယောက်ဖြစ်နေမှန်း သိခဲ့ရသည်။ သူ့လို စာတတ်ပေတတ်နဲ့ ချောမောလှတဲ့ ကောတစ်ယောက်ဟာ ဘယ်လိုအကြောင်းကိစ္စများကြောင့် ဒဏ်ရာများစွာနဲ့ နယ်စပ်တောထဲမှာ မေ့မြောနေခဲ့ရသနည်းဟု သမားတော်ရဲ့ဇနီးဖြစ်သူက စိတ်မကောင်းစွာ ပြောလေ့ရှိသည်။ ရင်းနှီးတဲ့ ဆက်ဆံရေးကြောင့် သူဟာ သမားတော်ကြီးတို့ လင်မယားကို အဖေ၊ အမေဟုသာ ခေါ်ခဲ့သည်။
YOU ARE READING
The Crown Prince