- Chapter 08 -

536 55 3
                                    

ရှောင်ဧကရီလောင်းက သူ့ရဲ့နန်းဆောင်ကို ပြန်သွားပြီဖြစ်သည်။ အရှင်မင်းကြီးရဲ့ မင်္ဂလာသတင်းကို ဂုဏ်ပြုပေးရင်း ညနေစောင်းလာပြီမို့ တစ်ချို့ နယ်စားတွေ၊ အမတ်တွေဟာ မူးမှောက်နေကြပြီ။ အရှင်မင်းကြီးဟာလည်း ပုလ္လင်ပေါ်ထိုင်ရင်း သူ့အမတ်တွေကို ခပ်ပြုံးပြုံးသာ ကြည့်နေသည်။ ဝမ်အရှင်ရဲ့ အပြုံးဟာ ဝမ်အိမ်ရှေ့စံကို မြင်တဲ့အခါ ရှေ့မဆက်နိုင်တော့ဘူး။ သူ့ရဲ့ သားတော်က သူ့ကို ဂုဏ်ပြုပေးနေတာမှ ဟုတ်သေးရဲ့လား။ အိမ်ရှေ့စံပုလ္လင်မှာပဲ တစ်ချိန်လုံး တိတ်ဆိတ်စွာ ထိုင်နေရင်း သေရည်တွေ တစ်အိုးပြီးတစ်အိုး သောက်နေသည်။ အပြုံးအရယ်မရှိတဲ့ အိမ်ရှေ့စံရဲ့ နုနယ်တဲ့ မျက်နှာဟာ သေရည်အရှိန်ကြောင့် နီမြန်းနေသည်။ တိတ်ဆိတ်စွာ ထိုင်နေရင်း ကြေကွဲနေတဲ့ အကြည့်တွေနဲ့ မျက်နှာမူရာ အရပ်ဟာ အရှေ့တူရှုက ကြမ်းပြင်ဖြစ်ပြီး လက်က သေရည်ကြွေခွက်ကို မလွှတ်တမ်း ကိုင်ရင်း ထပ်ထည့်သောက်သည်။ ဆယ်ကျော်သက်ပဲ ရှိသေးတဲ့ ဒီလူငယ်က ဘာတွေ ခံစားနေရတာလဲ။

သူ့ရဲ့ သားဖြစ်သူ အိမ်ရှေ့စံဟာ တစ်ချိန်လုံးတစ်ယောင်တည်းရှိနေတတ်သည်။ စောက်ရှောက်ဖို့လွှတ်ပေးထားတဲ့ ကုန်းကုန်းစကားအရ သားဖြစ်သူဟာ တစ်ယောက်တည်းနေရတာကို နှစ်သက်သည်။ ဒီလို ပွဲအခမ်းအနားမှာ တစ်ချိန်လုံးရှိနေရတာ စိတ်ဟာ ဝက်လူးတဲ့ ရွံ့အိုင်သဖွယ် နှောက်နေမှာပဲ။ မှောင်ရီပျိုးစ အချိန်ကို ရောက်လာပြီ။ အိမ်ရှေ့ကို သိပ်ပြီး မထိန်းချုပ်ချင်ဘူး။ ဒါမယ့် အိမ်ရှေ့စံကလည်း သူထိန်းချုပ်လို့ရတဲ့ ကလေးမဟုတ်ဘူး။ သေရည်ဟာ သောက်တိုင်းမကောင်းဘူး။ ငယ်ရွယ်တဲ့ အိမ်ရှေ့စံက သေရည်ကို အထိန်းအကွပ်မရှိ ဆက်တိုက်သောက်နေသည်။ ဒါကို နန်းပြင်သာ ပေါက်ကြားသွားခဲ့ရင် အနာဂါတ် ရာဇပုလ္လင်ဟာ မတည်မြဲစွာ လှုပ်နိုင်ဖွယ်ပဲ ရှိသည်။

"အိမ်ရှေ့စံ ဝမ်..သားတော် နန်းဆောင်ပြန်နားချင် နားလို့ရပါပြီ"

ဝမ်အရှင်က လေသံကို ထိန်းပြောသည်။ သူကိုယ်တိုင်လည်း သေရည်ရဲ့ ရီဝေမှုကို ခံစားနေပြီမို့ သိပ်မကြာခင်အချိန်မှာ နန်းဆောင်ပြန်ဖို့ ဆုံးဖြတ်ထားသည်။ အိမ်ရှေ့စံက ဝမ်အရှင်ကို ရီဝေစွာ မော့ကြည့်ပြီး ခေါင်းတစ်ချက်ငြိမ့်ပြီး သူ့ပုလ္လင်ကနေ ထ,ထွက်ကာ နန်းတော်ခန်းမဆောင်ကနေ ထွက်လာခဲ့သည်။

The Crown PrinceWhere stories live. Discover now