- Chapter 15 -

535 37 2
                                    

ရှောင်းကျန့် လက်ရှိ ရှိနေတဲ့ နေရာဟာ နှစ်အိုဘုရားကျောင်းတစ်ခုဖြစ်သည်။ နန်းတွင်းမှာ ဆေးကုလို့ ရပါလျက် ဝမ်အရှင်ဟာ သူ့ဧကရီကို ဒီဘုရားကျောင်းကို ခေါ်လာခဲ့သည်။ နန်းတွင်းမှာ လူသတ်မှုတွေ မြောက်များစွာ ဖြစ်သွားခဲ့ပြီး သွေးညှီနံ့တွေ လှိုင်နေဆဲဖြစ်သည်။ နန်းတော်အရံတပ်သားတွေနဲ့အတူ ပုန်ကန်သူအဖွဲ့ကလူတွေလည်း သေကြေကြတာမို့ သွေးချောင်းစီးခဲ့သည့် နေရာတစ်ခုဖြစ်သည်။ ယခု ဘုရင်အသစ် ဝမ်ရိပေါ်က နန်းတော်ကို ပြန်လည်သန့်ရှင်းစေအောင် ဆေးကြောရေးလုပ်သည်။ ထိုအချိန်အတွင်းမှာ ဒဏ်ရာရနေတဲ့ သူ့ဧကရီကို ဘုရားကျောင်းတစ်ခုတွင် အရိပ်တပ်ခွဲနှင့်အတူ သူ့ရဲ့ ဝမ်းကွဲများဖြစ်တဲ့ ဝမ်ရွှမ်းလု၊ ဝမ်ကျိုးချန်တို့နဲ့ ထားကာ ဆေးကုစေသည်။ အခု အခြေအနေကြောင့် အိမ်ရှေ့စံဘဝက ရှိခဲ့တဲ့ လက်ဆက်ရမယ့်ကိစ္စဟာလည်း ဝမ်ရွှမ်းလုနဲ့ သေချာ စကားပြောကာ ဖျက်သိမ်းခဲ့ပြီး ဖြစ်သည်။

ဝမ်ဧကရာဇ်က ထီးနန်းတက်ပွဲမလုပ်ရသေးဘူး။ ဒါမယ့် သူ့စိတ်ထဲမှာ ဒါကို ထည့်စဉ်းစားမနေဘူး။ သူတွေးနေတာ ယန်ဖြစ်သည်။ ဝမ်ရိပေါ်က ယန်ကို မြေလှန်ရှာလို့ အမြစ်ဖြတ်ချင်သည်။ ဒါမယ့် အခြေအနေအချိန်အခါက မပေးသေးတဲ့အပြင် သူ့ဧကရီကလည်း ဒဏ်ရာနဲ့မို့ ကိစ္စတော်တော်များများနဲ့အတူ ထိုကိစ္စကိုလည်း နောက်ရွှေ့ထားရသည်။

မထင်မှတ်ထားခဲ့တာက ဝမ်ရိပေါ်အနေနဲ့ သူ့ဦးရီးတော် ဝမ်ရွှမ်းလုတို့ အဖေကြောင့် နန်းတော်က ကိစ္စတွေကို ခပ်မြန်မြန်ပဲ ကိုင်တွယ်လိုက်နိုင်သည်။ နယ်ဘုရင်ခံရာထူးကိုပဲ ယူကာ အေးချမ်းစွာနေတဲ့ ဦးရီးတော်ဟာ သူ့တူ ဧကရာဇ်အတွက် မင်းနေပြည်ကို လာကာ ထီးနန်းအသစ်တက်ပွဲကို အမြန်ကျင်းပနိုင်အောင် ကူညီသည်။ ထို့အတွက် ဝမ်ရိပေါ်က သူ့တံတွေးကို လည်ချောင်းထဲကနေ ရင်ထဲအထိ စီးတဲ့အထိ သိသိသာသာမြိုချမိသွားသည်။ သူဟာ ဝမ်ရွှမ်းလုကို သတ်ပစ်ဖို့အထိပါ တွေးခဲ့သည် မဟုတ်ပါလား။

ဧကရာဇ်အသစ်ရဲ့ ထီးနန်းအသစ်တက်ပွဲဟာ ခပ်မြန်မြန်ပဲ ကျရောက်လာခဲ့သည်။ မိုးမကုန်သေးပေမယ့် ရွာသွန်းမှုမရှိတဲ့ ဒီနေ့မှာ ဝမ်ရိပေါ်ဟာ ဝမ်ထီးနန်းကို တက်ရောက်မည်။ နာမည်အရင်း ဝေ့ဝူရှန်ဖြစ်တဲ့ ဧကရီကို ဘုရင့်မယ်တော်နေရာမှာ မဟုတ်ဘဲ သူ့ရဲ့ ဧကရီအဖြစ် တစ်ခါတည်း တင်မြှောက်ကာ မင်္ဂလာပွဲပါ စီစဉ်မည်။ ထိုအခြေအနေကို သိထားပြီးသား ဝမ်မောင်နှမက ဘာမှမပြောပေမယ့် ဦးရီးတော်ကတော့ မျက်နှာကမကောင်း။ မဖြစ်သင့်ဘူးလို့ ဆိုရအောင်လည်း ဖြစ်သွားတာတွေက ဖြစ်ပြီးပြီလို့ ဆိုလာတဲ့ ဝမ်ရိပေါ်ရဲ့ စကားက သူ့ကို နောက်ထပ် စကားထပ်မထွက်နိုင်အောင် ပိတ်သည်။ သူက ဘယ်လိုပဲ ဦးရီးတော်ဖြစ်နေပါစေ သာမန် ဘုရင်ခံတစ်ယောက်သာ ဖြစ်သည်။ သူ့တူက ယခုအချိန်မှာ ဧကရာဇ်ဖြစ်သည်။ ဒါကြောင့် သူ့မှာ များစွာ အထွန့်တက်ခွင့်ရှိမနေဘူး။ သက်ပြင်းချရုံကလွဲ ဘာတတ်နိုင်မှာတဲ့လဲ။

The Crown PrinceWhere stories live. Discover now