ဝမ်အရှင်ရဲ့ အမိန့်အာဏာအတိုင်း လက်ဆက်ပွဲကို အမြန်ဆုံးပြင်နေကြသည်။ ဒါကြောင့် နန်းတွင်းမှာ ရံရွှေတော်တွေအများအပြားနှင့် ပုံမှန်ထက် ရှုပ်ရှက်ခတ်နေသည်။ ဝမ်အိမ်ရှေ့စံက သူ့နန်းဆောင်ထဲက ညောင်စောင်းမှာ ထိုင်နေရင်း လက်နှစ်ဖက်ကို အချင်းချင်း တင်းကြပ်စွာဆုပ်ကိုင်ထားသည်။ အရှေ့ကြမ်းပြင်ကိုသာ နီရဲအေးစက်တဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေရင်း ဘာဆက်လုပ်ရမလဲ စဉ်းစားနေတာဖြစ်သည်။ အခြေအနေတွေက ရှုပ်ထွေးနေပြီး ဘာမှတည်ငြိမ်မှုရှိမနေဘူး။ ဒီအချိန်မှာ သူကိုယ်တိုင်ကလည်း မတည်မငြိမ်ဖြစ်နေလို့မရဘူး။ ဝမ်အရှင်ကို လုပ်ကြံရအောင်လည်း သူ့မှာ နောက်ခံမရှိဘူး။ ဦးရီးတော်ရဲ့ သမီးနဲ့ လက်ဆက်ရမယ့်ကိစ္စကလည်း ရှိသေးသည်။ သူ ဝမ်ရွှမ်းလုကို ဘယ်လိုရှင်းထုတ်ရမလဲ။
အပြင်မှာ မိုးတွေက ညို့နေသည်။ ဒီလို ရာသီဥတုနဲ့တောင် ဝမ်အရှင်က လက်ဆက်ပွဲနှစ်ခုကျင်းပဖို့ ပြင်နေသေးသည်။ ရှောင်းကျန့်မှာ သူ့ရဲ့ နန်းဆောင်ထဲ ဂနာမငြိမ်စွာ လျှောက်နေမိသည်။ အခုအချိန် သူ့စိတ်ထဲမှာ ခံစားနေရတာက ဝမ်အရှင်နဲ့ လက်မဆက်ချင်ဘူး။ အိမ်ရှေ့စံကိုလည်း တခြားတစ်ယောက်နဲ့ လက်မဆက်စေချင်ဘူး။ သူ့ကို ထိတွေ့သွားတဲ့ အိမ်ရှေ့စံကို သူလောဘကြီး မက်မောနေမိသည်။ ကလေးတစ်ယောက်ကိုမှ သူက သဘောကျမိနေပြီဖြစ်သည်။
———အချိန်မှာ ညနေသုံးချက်တီးဖြစ်ပြီး မိုးဟာ ဖွဲဖွဲချင်းရွာနေသည်။ ဧကရီလောင်းရဲ့ နန်းဆောင်ထဲမှာ ဝတ်ရုံတွေများစွာ ရောက်နေပြီး လက်ဆက်ပွဲအတွက် ရွေးချယ်နေတာဖြစ်သည်။ ရှောင်းကျန့်ရဲ့ ရှေ့မှာ လှပတဲ့ ဝတ်ရုံတွေ များစွာရှိနေပေမယ့် သူ့မျက်လုံးတွေက ပြတင်းတံခါးအပြင်က ကျနေတဲ့ မိုးစက်တွေကိုပဲ ကြည့်နေမိတာဖြစ်သည်။
"အိမ်ရှေ့စံ ကြွလာပါတယ်"
တံခါးရှေ့က ကုန်းကုန်းရဲ့ လျှောက်တင်သံကြောင့် ရှောင်းကျန့်ရဲ့ အကြည့်တို့က ချက်ချင်း တံခါးဆီ လှည့်သွားသည်။ နေရာကနေ ချက်ချင်း ထ.လို့ အိမ်ရှေ့စံကို ပြေးဖက်လိုက်ချင်ပေမယ့် အားမေသာမက ရံရွှေတော်တွေပါ ရှိနေတာကြောင့် အိန္ဒြေကို ထိန်းထားရသည်။
YOU ARE READING
The Crown Prince