- Chapter 13 -

529 40 0
                                    

ပုန်ကန်သူရဲ့ အဓိက လမ်းကြောင်းဟာ ရာဇပုလ္လင်ဖြစ်သည်။ ဒါကြောင့် ဝမ်အရှင်မရှိတဲ့အခါ ပိုင်ရှင်ဖြစ်တဲ့ အိမ်ရှေ့စံဝမ်က ဦးစွာ သတ်ဖြတ်ခံရမည်။ အရှောင်ကောင်းပါက ဧကရီဟာ ဒီတိုင်းပြည်က လွတ်မြောက်နိုင်မည်။ ဒီလို အသက်ဘေး အန္တရာယ်ကြီးတဲ့ အခြေအနေမှာ အိမ်ရှေ့စံအနေနဲ့ ဧကရီအပေါ် တင်နေတဲ့ စွဲချင်သံသယတွေကို မေ့ဖျောက်လိုက်သည်။ အသက်ရှင်နေသ၍ ဒါတွေဟာ ဖြေရှင်းဖို့ အချိန်တွေရှိသေးတာပဲ ဖြစ်သည်။ ဒါမယ့် သူ့ကြင်ယာတော်က ခေါင်းမာလွန်းသည်။ ငြိမ်းသက်ထားတဲ့ သူ့ဒေါသတွေကို ဆွသည်။

"ရှောင်း..သွားတော့"

ရှောင်းကျန့်က ခေါင်းခါသည်။ အိမ်ရှေ့စံရဲ့ လက်ကောက်ဝတ်ကို လက်နှစ်ဖက်လုံးနှင့် ဆုပ်ကိုင်ထားသည်။

"ရှောင်း ထွက်မသွားဘူး။ အတူတူပြန်တိုက်မယ်။ တိုင်းပြည်ရဲ့ မိခင်က ဒီလို အခြေအနေမှာ ထွက်ပြေးရရောလား။ ရှောင်းက အဲ့လိုမိဘမျိုးမဟုတ်ဘူး။ ကိုယ့်ရဲ့ ခင်ပွန်းကို ရန်သူတွေနဲ့ တိုက်စေပြီး လွတ်ရာလွတ်ကြောင်း ပြေးရအောင်လည်း ရှောင်းက မိန်းမတစ်ယောက်မဟုတ်ဘူး ဝမ်လေး။ ဝမ်လေးနဲ့အတူ ကျင့်ခဲ့တဲ့ ဓားရေးတွေ သိုင်းအကျင့်တွေက ဒီလိုအချိန်မှာ ကိုယ့်ယောက်ျားကို ထားခဲ့ဖို့လား ဟမ်"

"ကျစ်!"

အိမ်ရှေ့စံက ဧကရီကို ပြောမနိုင်တဲ့အဆုံး စိတ်ကျဉ်းကြပ်စွာ ကျစ်သပ်သည်။ သူ့ချစ်သူ ဒီလောက် ပြောရကပ်မှန်းမသိခဲ့ဘူး။

"စိုးရိမ်စိတ်တွေက ဒေါသအဖြစ်မပြောင်းခင် ရှောင်း ဒီနန်းတော်က ခွါရင်ကောင်းမယ်။ အခြေအနေတည်ငြိမ်ရင် ကျွန်တော်လာခေါ်မှာပါ။"

"ဝမ်လေး!"

မမာန်ဖူးတဲ့ သူ့ဧကရီက မာန်လိုက်တဲ့အခါ အိမ်ရှေ့စံက ကလေးတစ်ယောက်လို ဆူပုတ်သည်။ ပြောမရလည်း လက်ကို ဆွဲထားရုံပေါ့။ ဘာများတတ်နိုင်မှာလဲ။ ဒီလိုဆိုတော့ တိုက်ခိုက်ဖို့တောင် အားတက်သွားသယောင် ခံစားရသည်။

*ဒူ~ ဒူ~ ဒူ~*

စည်တီးသံက နောက်တစ်ကြိမ် ထွက်ပေါ်လာသည်။ ဒါဟာ ပုန်ကန်သူက နန်းတော်ဆီ ရောက်ပြီလို့ ယူဆနိုင်သည်။ အင်အားနည်းနေတဲ့ နန်းတော်တပ်က အချိန်ဘယ်လောက်ကြာ တောင့်ခံပြီး ပြန်တိုက်နိုင်မလဲ မပြောနိုင်ဘူး။ ဝမ်အိမ်ရှေ့စံက ရှောင်ဧကရီရဲ့ လက်ကို ဆွဲဆုပ်ကိုင်လို့ တင်းနေအောင် ညှစ်ထားသည်။ နာကျင်မှုမဖြစ်မိဘဲ အားတက်မိတဲ့ ဧကရီကလည်း အိမ်ရှေ့စံရဲ့ လက်ကို ပြန်လည် ဖျစ်ညှစ်မိရဲ့။ နန်းတွင်းခန်းမဆောင်က ထွက်တဲ့အခါ နန်းတော်အလည်မှာ ရှိနေတဲ့ မြင်းတွေပေါ်မှာ ရှိနေတဲ့ လူတစ်စု။ သူတို့ အင်အားက ဒါပဲ မဟုတ်မှန်းသိသာနေအောင် အတင့်ရဲစွာ နေရဲသည်။ အိမ်ရှေ့စံက ဧကရီရဲ့ လက်ကို ဆွဲလို့ ဓားကို ကျစ်နေအောင် ကိုင်ထားသည်။ ဒီအချိန်မှာ သူကာကွယ်မှာ ထီးနန်းနဲ့အတူ သူ့ချစ်သူဖြစ်သည်။

The Crown PrinceWhere stories live. Discover now