- Chapter 09 -

572 45 1
                                    

နန်းတွင်းရဲ့ မနက်ခင်းက တိတ်ဆိတ်သယောင်နဲ့ သူ့နေရာနဲ့သူ ဆူညံလျက်ရှိသည်။ စားဖိုဆောင်မှာ ချက်ပြုတ်သံတွေ တိုင်ပင်စကားသံတွေ ဆူညံနေသလို၊ လေ့ကျင့်ရေးကွင်းမှာလည်း တပ်သားတွေရဲ့ ညာသံနဲ့ဆူညံနေသည်။ နန်းတွင်းခန်းမဆောင်မှာ ရှင်ဘုရင်နဲ့အတူ မူးမတ်တွေဟာ တိုင်းပြည်ရေးရာ တိုင်ပင်ဆွေးနွေးနေကြသည်။ မတည်ငြိမ်တဲ့ နယ်စပ်အခြေအနေကြောင့် ရှင်ဘုရင်ရဲ့ မျက်နှာဟာ ပျက်ယွင်းနေသည်။ ထိန်းမနိုင်တဲ့ သူပုန်တွေရဲ့ နောက်ကွယ်မှာ အင်အားကြီးတဲ့ တစ်စုံတစ်ခုက ထောက်ပံ့နေသည်။

အားမေမှာ မနက်လင်းနေပေမယ့် အခုထိ အိပ်ဆောင်ကနေ ထွက်မလာသေးတဲ့ အိမ်ရှေ့စံနဲ့ ဧကရီလောင်းကြောင့် စိုးထိတ်နေရသည်။ မနေ့ညကတည်းက သေရည်တွေမူးပြီးရောက်လာတဲ့ ဝမ်အိမ်ရှေ့စံဟာ သူ့ခွင့်ပြုချက်မပါဘဲ နန်းဆောင်ထဲ မည်သူ့ကိုမှ မဝင်စေဘဲ ဝင်သွားခဲ့သည်မှာ အခုထိပြန်ထွက်မလာသေးတာဖြစ်သည်။ ဝမ်အိမ်ရှေ့စံရဲ့ ကုန်းကုန်းဟာလည်း သူ့ရဲ့ မင်းသားငယ်ကို လာစောင့်နေတာ ကြာပြီဖြစ်ပေမယ့် ဧကရီလောင်းရဲ့ နန်းဆောင်ဟာ မည်သည့်အသံမျှမထွက်ဘဲ တိတ်ဆိတ်လျက်ရှိသည်။
———

ဝမ်ရိပေါ်ဟာ အဆုံးသတ်မမြင်ရတဲ့ လမ်းကို လျှောက်နေရသည်။ ရှေ့အဆက်မှာ ဘာတွေ ရှိသလဲ မသိရပေမယ့် ရင်ထဲမှာ နာကျင်နေတဲ့ ဒဏ်ရာကြောင့် တစ်ခုခုဆွဲငင်သလို ခံစားရတာကြောင့်ရော ရှေ့ဆက်လျှောက်မိသည်။ နောက်တော့ ရှင်းလင်းသွားတဲ့ အမြင်နဲ့အတူ ချောက်ကမ်းပါးအစွန်းမှာ ရပ်နေတဲ့ သူ့ရဲ့ မွေးမိခင်မယ်တော်ကို တွေ့လိုက်ရသည်။

"မယ်..မယ်မယ်!"

ငယ်စဉ်ကတည်းက မခေါ်ခဲ့တာကြာပြီဖြစ်တဲ့ ဒီနာမ်စားကိုခေါ်ရာမှ နှုတ်က ထစ်အ.နေမိသည်။ မမှတ်မိတော့တဲ့ အမှတ်တရတွေပဲ ရှိခဲ့ပေမယ့် မတွေ့မမြင်ရတာကြာတဲ့ မယ်တော်ရဲ့ မျက်နှာကို ပြန်တွေ့ရချိန်မှာ ရင်ထဲက လွမ်းရိပ်ဟာမို့တက်လို့လာသည်။ ဝဲတက်လာတဲ့ မျက်ရည်တွေကြောင့် အခုထိ ငါဟာ ရင့်ကျက်မှုမရှိသေးပါလားလို့ ဝမ်ရိပေါ်တွေးမိသည်။

"မယ်မယ်.."

သူ့ကို လက်နှစ်ဖက်ဆန့်တန်းရင်း ရင်ခွင်ထဲလာဖို့ ဖိတ်ခေါ်နေတဲ့ မယ်တော်ကို ဒီအတိုင်းရပ်ကြည့်နေမိသည်။ သူ့ကို မွေးပြီးကတည်းက ကျန်းမာရေးမကောင်းခဲ့တဲ့မယ်တော်ကို သူဟာ ငယ်စဉ်ကတည်း ကပ်တွယ်ကာ နေခွင့်မရခဲ့။ တစ်ချိန်းလုံး မိဘုရားခေါင်ကြီးနန်းဆောင်မှာပဲ ဆေးဆရာနဲ့ ဆေးကုရင်းအချိန်ကုန်ခဲ့တဲ့မယ်တော်ရဲ့ ရင်ခွင်ဟာ ဘယ်လိုရှိသလဲ ဝမ်ရိပေါ်မမှတ်မိဘူး။ ဒါမယ့် တမ်းတခဲ့ရတဲ့ ရင်ခွင်ကို ထိတွေ့ခွင့်ရတုန်းမှာ မဝံ့မရဲဘဲ ဝင်ခိုလှုံမိသည်။ ရင်းနှီးနေခဲ့တဲ့ ရင်ခွင်လို့ ခံစားရတာကြောင့် မော့ကြည့်မိတဲ့ အချိန်မှာ သူခိုလှုံနေတဲ့ ရင်ခွင်ဟာ ရှောင်းရဲ့ ရင်ခွင်ဖြစ်နေသည်။

The Crown PrinceWhere stories live. Discover now