- Chapter 06 -

557 56 1
                                    

Unicode #

ဝမ်အိမ်ရှေ့စံဟာ သူ့ကိုလာကြင်နာပြနေတဲ့ ရှောင်းကို ဒီအတိုင်းသာ ကြည့်နေမိသည်။ သူ့ရဲ့လက်ထဲကသေရည်အိုးကိုယူသွားပြီးဘေးချလိုက်တာကအစ၊ ဆံပင်တွေကို သပ်တင်ပေးတာအဆုံး ဒီအတိုင်းကြည့်နေတာဖြစ်သည်။ သူတို့နှစ်ယောက်က အရမ်းကို နီးကပ်နေတာမို့ သူ့ရှေ့က ရှောင်းကို သေသေချာချာမြင်နေရသည်။ ရုတ်တရက် သူနမ်းရှိုက်ခဲ့ဖူးတဲ့ ရှောင်းရဲ့လည်တိုင်မှာ ရှိနေတဲ့ အနီကွက်ကြောင့် ဒေါသနဲ့ပူလောင်မှုဟာ ရင်ကိုဆောင့်ကန်သလိုခံစားလိုက်ရသည်။

တစ်ညလုံးသေချာမအိပ်ထားပဲသောက်ထားတဲ့ အရက်အရှိန်ကြောင့် လူဟာ ရီဝေကာမူးနေသည်။ မြင်နေရတဲ့ အနီကွက်ကြောင့် ဒေါသစိတ်နဲ့ပူပန်စိတ်ဟာ မထိန်းနိုင်ဘဲ ဆံပင်တွေကို သပ်တင်ပေးနေတဲ့ လက်ကို ဆွဲဖမ်းကာ နောက်လက်တစ်ဖက်ဖြင့် လည်ဂုတ်ကို ဖိကိုင်ပြီး အနီကွက်နေရာကို အတင်းတိုးကာ ဆွဲကိုက်မိသည်။ သူ မမြင်ချင်ဘူး။ သိသာသိစေ၊ မမြင်စေနဲ့ဆိုတဲ့ စကားပုံကို ရှောင်းမသိတာလား။ သူ့မှာ သိရတာတောင် သေမတတ်ခံစားနေရတာ အခုလို မြင်လိုက်ရတော့ ဘယ်လောက် ပူလောင်လိုက်လဲ။ သူ့ခမည်းတော်ပေးသွားတဲ့ ရှောင်းလည်ပင်းက အနီကွက်ဟာ သူ့ရင်ကို အစိတ်စိတ်မွှာမွှာခွဲခြေတာထက် နာကျင်စေသည်။

ဝမ်အရှင်ရဲ့ ရှောင်းလည်ပင်းကြား တိုးလို့ နမ်းရှိုက်နေမယ့် ပုံကို မြင်ယောင်မိတိုင်း ပိုလို့ နာနာကိုက်မိသည်။ ရုန်းနေတဲ့ ကိုယ်ကို ဆွဲချုပ်ရင်း ကိုက်ခဲလိုက်သည်။ သူ့ခမည်းတော်ပေးသွားတဲ့ အနီကွက်ကတစ်ခုတည်းပေမယ့် သူကတော့ နောက်တစ်ဖက်ကိုပါ ခေါင်းတိုးရင်း ကိုက်ကာ ဆွဲစုပ်လိုက်သည်။ အကိုက်ခံလိုက်ရတဲ့ နေရာတွေကိုလည်း လျှာနဲ့ လျက်ပေးရင်း နောက်တစ်နေရာ ထပ်ကိုက်လိုက်သည်။ လည်ဂုတ်ကို ဆွဲထိန်းထားတာမို့ ရှောင်းကျန့်က ရုန်းမရ။ ဒါမယ့် ကော့လန်နေတဲ့ ခါးကြောင့် ဝမ်ရိပေါ်လည်း ကြာကြာမထိန်းနိုင်တော့ဘဲ ရှောင်းကျန့်ဟာ ပက်လက်လန်ကျသွားသည်။ ဝမ်အိမ်ရှေ့စံက ရှောင်းရဲ့ အပေါ်မှာ ထပ်လျက်ရှိနေပြီး လုံးဝအလွတ်မပေးဘဲ ဆွဲကိုက်လိုက် လျက်လိုက်လုပ်နေသည်။

The Crown PrinceTempat cerita menjadi hidup. Temukan sekarang