- Chapter 14 -

519 41 0
                                    

ဝေ့ဝူရှန့်။

သူဟာ ဝေ့ဝူရှန့်ဆိုတာ တစ်ချိန်လုံး မေ့နေခဲ့တာပဲ။ အချိန်ဘယ်လောက်ကြာအောင်တောင် မေ့နေခဲ့မိပါလိမ့်။ ရုံပြည်ရဲ့ ဖြူစင်မှုလို့ သတ်မှတ်တဲ့ သူ့နာမည် ဝေ့ရင်း..ကိုယ်ပိုင် တစ်သီးတစ်သားနဲ့ နေထိုင်ခဲ့တဲ့ သူတို့ရဲ့ ပြည်ငယ်လေးဟာ ငြိမ်းချမ်းမှုပြည့်ခဲ့သည်။ ခေါင်းဆောင်မရှိဘူး။ တပ်သားတွေ မရှိဘူး။ စစ်မဖြစ်ဘူး။ အကြောင်းတစ်ခုရှိရင် ဆယ်စုကျော်သော အိမ်သားတွေက စုပေါင်းတိုင်ပင်သည်။ အန္တရာယ်ကြုံခဲ့ရင် မိသားစုတစ်ယောက်စီတိုင်း ပြန်လည်တိုက်ခိုက်သည်။ တောတွင်းက လူသိနည်းတဲ့ သူတို့ လူမျိုးစုဟာ မြေပုံထဲမှာတောင် ပါမနေခဲ့ဘူး။

မှားယွင်းစွာနဲ့ စစ်ဘေးကြောင့် ဒဏ်ရာရနေတဲ့ လူတစ်ယောက်ကို ကယ်တင်မိတာက သူတို့အတွက် အန္တရာယ်ဖြစ်နေခဲ့မှန်း မသိခဲ့ရဘူး။ ထိုလူဟာ သူတို့ရဲ့ သေးငယ်တဲ့ လူမျိုးစုနေအိမ်တွေကို တပ်သားတွေပါ ခေါ်ယူလာလို့ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ရှိရှိသမျှ နတ်ဆေးစွမ်းထက်တဲ့ သူတို့လူမျိုးတွေကို ဖမ်းဆီးလို့ တစ်နေရာကို ခေါ်ဆောင်သွားသည်။ မလိုက်နာရင် သတ်ပစ်သည်။ သူဟာ ထိုထဲက ထွက်ပြေးလွတ်မြောက်ခဲ့ရတဲ့ သူဖြစ်သည်။ မှတ်ဥာဏ်တွေပျောက်ဆုံးနေခဲ့လို့ အရာအားလုံးမေ့နေခဲ့ရသည်မှာ နှစ်ကျော်ကြာနေပြီ။ ဆယ်စုကျော်သော သူတို့ လူမျိုးစု..လူရော စုံပါသေးရဲ့လား။

"ရှောင်း..နိုးလာပြီလား"

"ဝမ်လေး.."

အတွေးတွေ နစ်နေရာကနေ ဖြေးညှင်းစွာ ထ.ထိုင်လိုက်ပေမယ့် နာကျင်သွားတဲ့ ဝမ်းဗိုက်ရပ်ဝန်းကြောင့် မျက်နှာမဲ့မိသည်။ သူ အတိတ်မေ့နေစဉ်ကာလတွေမှာ ဖြစ်ပျက်ခဲ့သမျှ မှတ်မိနေပေမယ့် ဝိုးတစ်ဝါးဖြစ်နေတာ ဖြစ်သည်။  ဝမ်အိမ်ရှေ့စံကို မှတ်မိသည်။ သူတို့ကြား ဘာတွေဖြစ်ခဲ့သလဲမှတ်မိသည်။ နန်းတော်မှာ ဘာတွေဖြစ်ခဲ့သလဲမှတ်မိသည်။ ဝမ်အရှင်အကြောင်းမှတ်မိသည်။ အစ်ကိုရှောင်ပိုင်ကို မှတ်မိသည်။ သမားတော်မိဘနှစ်ပါးကိုမှတ်မိသည်။ မှတ်မိနေပေမယ့် အရာရာဟာ ဝိုးတစ်ဝါးပုံရိပ်တွေသာဖြစ်နေသည်။ အိမ်ရှေ့စံကို မြင်ရတဲ့အချိန်မှာ သူ့ရင်ထဲက ခံစားချက်ကတော့ စိမ်းသက်မနေဘူး။ ဒါဟာ မေတ္တာသက်ဝင်မိခဲ့တဲ့ သူ့ရဲ့ ခံစားချက်တွေဟာ အလိမ်အညာဟုတ်မနေတာပဲ။

The Crown PrinceWhere stories live. Discover now