Unicode #
Little Sexual Alex !!
မာတင်းနေတဲ့ တစ်နေရာက ရှောင်းကျန့်ရဲ့ ပေါင်ကို လာထိသည်။ အိမ်ရှေ့စံဝမ်က ရှောင်းရဲ့ လည်တိုင်ကြားတိုးဝင်ရင်း နမ်းရှိုက်လာပြန်သည်။ ရှောင်းကျန့်ရဲ့ လက်တွေကို လက်ကောက်ဝတ်ကနေ တစ်ဖက်စီ ချုပ်ကိုင်ကာ ကြမ်းမှာ ကပ်ထားပြီး ခါးကိုအလုပ်ပေးနေတာဖြစ်သည်။ ဝမ်အိမ်ရှေ့စံ တစ်ချက်လှုပ်သည့်အခါ ခပ်မာမာအရာက ရှောင်းကျန့်ရဲ့ပေါင်ကို တစ်ချက်ပွတ်တိုက်သွားသည်။ ရှောင်းကျန့်ရုန်းလေ ပိုပွတ်မိလေဖြစ်သည်။ အိမ်ရှေ့စံက ဘယ်အချိန်ကတည်းက ဒီလိုမာနေသလဲ သူမသိဘူး။ အခုအချိန်မှာ အဝတ်တွေခံနေတာတောင် တော်တော်လေးကို ထိမိနေတာဖြစ်သည်။ အိမ်ရှေ့စံက သူ့အပေါ်ဘယ်လိုစိတ်မျိုး ရှိနေတာလဲ။ ဒါမှမဟုတ် ဘာကြောင့် ဒီလိုလုပ်တာလဲ။ သူက ရှောင်ဧကရီလောင်းဖြစ်ပြီး သူ့ခမည်းတော်ရဲ့ ဇနီးလောင်းဆိုတာ မေ့နေတာလား။
"အခု ကျွန်တော်ကလေးမဟုတ်တာ သိပြီမလား"
ဝမ်အိမ်ရှေ့စံက သူ့ရဲ့ လှုပ်ရှားမှုတွေကို ရပ်ကာ နားအနားကပ်လို့ မေးလာသည်။ ရှောင်းကျန့်မှာ မျက်ရည်တွေသာ ကျနေမိပြီး ရှိုက်ပဲရှိုက်မိတာဖြစ်သည်။
"မငိုနဲ့တော့။ ကျွန်တော်က ဒီအတိုင်း ရှောင်း ကျွန်တော့်ကို အရမ်းငယ်တဲ့ကလေးလို မထင်စေချင်ရုံပဲ"
ဝမ်အိမ်ရှေ့စံက ချုပ်ထားရာကလွှတ်ပေးကာ ထိုင်လိုက်ပြီး ရှောင်ဧကရီလောင်းကိုလည်း ထူပေးသည်။ ပြီး ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ မျက်လုံးချင်းဆုံကြည့်ရင်း ချော့သလို လေသံဖျော့ကာပြောသည်။
"ကျွန်တော် မူးနေတာမို့ တောင်းပန်ပါတယ်။ ခမည်းတော်က ရှောင်းကို ဘာလုပ်သွားသေးလဲဆိုတာ ကျွန်တော့်ကို အကုန်ပြောပြပါ။ မဟုတ်ရင် ကျွန်တော် ဒေါသထွက်မိလိမ့်မယ်။"
ရှောင်ဧကရီလောင်းဟာ ရှိုက်ရင်း သူ့မျက်ခမ်းစပ်က မျက်ရည်တွေကို သုတ်လိုက်သည်။ အိမ်ရှေ့စံ ဒေါသထွက်မှာမျိုးကို သူမလိုချင်ဘူး။ အမှန်တရားက ပြောရမှာ နည်းနည်းရှက်စရာကောင်းပေမယ့် အခုအိမ်ရှေ့စံဝမ်က သူ့အရှေ့မှာတင် ရှက်စရာတွေများစွာလုပ်ပြီးခဲ့ပြီဖြစ်သည်။ သူ့ခမည်းတော် ဝမ်အရှင်ထက် ပိုထူးကာ သူ့ကိုထိတွေ့ခဲ့တာဖြစ်သည်။ ဒါမယ့်လည်း ဝမ်အိမ်ရှေ့စံက အနာဂါတ်မှာ သူ့ရဲ့ သားဖြစ်နေတုန်းပဲ။ သူကလည်း ဝမ်အိမ်ရှေ့စံရဲ့ မိခင်အလောင်းအလျာဖြစ်နေတုန်းပဲ။ မူးနေတဲ့ သားကို မဆုံးမနိုင်ရင် တော်ပြီပေါ့။မဟုတ်တာတွေလုပ်တဲ့အထိကတော့ သူ့ဘက်က ထိန်းသင့်တာသာဖြစ်သည်။
YOU ARE READING
The Crown Prince