- Chapter 16 -

982 53 1
                                    

ငြိမ်းချမ်းခြင်းတွေ တစ်ဖန်ပြန်လည်လာသည်။ ဝမ်ရိပေါ်က ဘုရင်အဖြစ် ပုလ္လင်ပေါ်မှာရှိနေသည်။ သူ့ဘေးမှာ ဝမ်ဧကရီရှိနေသည်။ ဧကရီဟာ ရှောင်းကျန့်ဖြစ်တဲ့ ဝေ့ဝူရှန့်ဖြစ်သည်။ ပုန်ကန်သူတွေကို နှိမ်နှင်းနိုင်ပြီးတဲ့အခါ တိုင်းပြည်အခြေအနေက ပုံမှန်နဲ့ အေးချမ်းစွာ လည်ပတ်နေသည်။ ဘုရင်တစ်ယောက်ဖြစ်ရတာ အဲ့လောကိလွယ်ကူမနေဘူး။ အရှိန်အဝါနဲ့ ပြည့်ပြီး အာဏာအရှိဆုံးသူဖြစ်နေပေမယ့် စိတ်ဖိအားများလွန်းသည်။ ဝမ်ရိပေါ်က ထီးနန်းတက်ပြီးမှ နန်းစွန့်ချင်စိတ်ပေါက်သွားသည်။ သူ့မှာ ဧကရီအပေါ်တောင် အချိန်မပေးနိုင်တော့ဘူး။ နန်းတွင်းရေးရာတွေအပြင် နယ်စပ်ကိစ္စတွေရော၊ တိုင်းပြည်ထဲက စားဝတ်နေရေးရော စုံနေတာကြောင့် အိမ်ထောင်တစ်ခုကို ဦးစီးရတာတောင် လွယ်ကူမနေတာ အိမ်ထောင်ပေါင်း များစွာရှိနေတဲ့ တိုင်းပြည်တစ်ခုကို ဦးစီးရတာ ပိုတောင်ခက်ခဲနေသေးသည်။

"ဧကရီ..ကျွန်တော်တို့ နန်းစွန့်ပြီး တစ်နေရာထွက်သွားကြရင် ကောင်းမလား"

ဝမ်ဧကရီက လှည့်ကြည့်သည်။ ဖတ်နေတဲ့ စာအုပ်ကို စားပွဲပေါ် ညှင်သာစွာ ချပြီး သူ့အပေါ် တစ်ကိုယ်လုံးမှီကာ ချွဲနေတဲ့ ရှင်ဘုရင်ရဲ့ နှာဖူးကို လက်ညှိုးနဲ့ ထိကာ ပြောသည်။

"ဝမ်လေး သဘောပဲလေ။ ကိုယ်က နန်းတွင်းကို သဘောကျတာလည်း မဟုတ်သလို သဘောမကျဘူးဆိုတာ မရှိဘူး။ ဝမ်လေးက တာဝန်တွေ ထမ်းနေရတာ။ တာဝန်လစ်ဟင်းတဲ့ သူတော့မဖြစ်စေနဲ့ပေါ့"

ဝမ်အရှင်က ကိုယ်ကို ပြင်ထိုင်လို့ သူ့ဧကရီကို သိုင်းဖက်လိုက်ရင်း ဧကရီ့ပုခုံးပေါ်ခေါင်းကို စောင်းတင်လိုက်သည်။

"ကျွန်တော် တာဝန်မမဲ့ပါဘူး။ ထီးနန်းလိုချင်နေတဲ့သူတွေ ဒီလောက်များတာ သင့်တော်တဲ့ သူတစ်ယောက် ပေးခဲ့ပြီး တစ်နေရာ ထွက်သွားလို့ရတာပဲ။ ဒါမယ့် ကျွန်တော်တို့ ဘယ်သွားကြမလဲ"

ဧကရီက ဝမ်အရှင်ရဲ့ နှာဖူးပေါ်ကျနေတဲ့ ဆံပင်တွေကို လက်နဲ့ခပ်ဖွဖွထိရင်းဖြေသည်။

"ဝမ်လေးသွားရာနောက် လိုက်ခဲ့မယ်။ သင့်တော်တဲ့ နေရာကို ဝမ်လေးပဲ ရွေးချယ်ပါ"

The Crown PrinceWhere stories live. Discover now