Sexual Alex !
"ကျွန်တော့်ကို ခွင့်ပြုမှာလား"
ရှောင်းကျန့်က ခေါင်းကိုငုံ့လို့ စဉ်းစားသည်။ အိမ်ရှေ့စံက ငယ်လွန်းသည်။ သူ လင်ခံသင့်ရဲ့လား။ အခုလို နှစ်ဦးတည်းသဘောနဲ့ လက်ဆက်ကာ မိုးမြေကန်တော့ခဲ့တာနှင့်တင် လွန်နေလှပြီဟု ထင်သည်။
"အိမ်ရှေ့စံက ငယ်လွန်းသေးတယ်"
"ရှောင်း ကျွန်တော့်ကို ဝမ်လေးလို့ပဲ ခေါ်ပါ"
အိမ်ရှေ့စံက ရှောင်းရဲ့ လည်းပင်းနား ခပ်ဖွဖွကပ်လို့ ကျီစယ်ရင်း ပြောတဲ့အခါ ရှောင်းရဲ့ နားရွက်တွေက ပိုလို့ နီရဲလာသည်။ အိမ်ရှေ့စံကို အငြင်းသဘောလည်းမပြောဘဲ တိတ်ဆိတ်နေတဲ့ ရှောင်းကြောင့် ဝမ်ရိပေါ်ကသာ စကားကို ရှေ့ဆက်ပြောသည်။
"ကျွန်တော့်ကို ငယ်လွန်းတယ်လို့ ရှောင်းကဆိုတယ်။ ခမည်းတော်ကတော့ ကျွန်တော့်ကို သူ့တူမတော်နဲ့ လက်ဆက်ပေးဖို့ ပြင်နေပြီ"
ရှောင်ဧကရီက တိတ်ဆိတ်နေသည်။ အိမ်ရှေ့စံဝမ် ဘာလို့ ဒီအကြောင်းကို ထ.ပြောသလဲဆိုတာ သေချာစဉ်းစားနေမိသည်။ ရှောင်းကျန့်ဘက်က ဘာမှ မဆိုလာတဲ့အခါ ဝမ်ရိပေါ်ကပဲ ဆက်ပြောသည်။
"ရှောင်းက ကျွန်တော် ဝမ်ရွှမ်းလုနဲ့ လက်ဆက်မှာကို လက်ခံနိုင်လား"
ဝမ်အိမ်ရှေ့စံရဲ့ အမေးစကားကြောင့် ရှောင်းကျန့်ရဲ့ ခေါင်းက မီးတောက်သွားသလိုပဲ။ သူ သေချာမသိဘူး။ ဒါမယ့် စိတ်ကူးထဲမှာ အိမ်ရှေ့စံပြောတဲ့ ကိစ္စကို ပုံဖော်ကြည့်သည်။ မမျှော်လင့်ပါဘဲ နာကျင်မှုကြောင့် မျက်ရည်ဝဲမိသည်။ ဒါမယ့်လည်း သူ လက်မခံနိုင်လို့ မရဘူး။ အိမ်ရှေ့စံလို ဘုရင်ဖြစ်မယ့်သူက မိဘုရားတွေအများကြီး တင်မြှောက်ပြီး နေရအုန်းမှာ။ သူတို့ ဒီညမှာ အဆင်ပြေနေတယ်ဆိုပေမယ့် နောက်နေ့မှာ ဘာတွေဖြစ်လာအုန်းမလဲ မသိနိုင်ဘူး။ ရှောင်းကျန့်ရဲ့ အတွေးတွေက အိမ်ရှေ့စံရဲ့ ထပ်ထွက်လာတဲ့ စကားသံမှာ လွင့်ပျံကုန်သည်။
"ကျွန်တော် သူနဲ့ လက်မဆက်ရဖို့ အကြံထုတ်မှာပါ။ အခုတော့ ကျွန်တော့်ရဲ့ ကြင်ယာတော်က ကျွန်တော့်ကို မကြင်နာနိုင်ဘူးလား"
YOU ARE READING
The Crown Prince