413+414+415+416+417

457 20 0
                                    

အပိုင်း(၄၁၃)

သရဲဘုရင် (၂)

 
ယွမ်ရှောင်လည်း လင်ယွဲ့အနားသို့ ဖြည်းဖြည်းချင်း လျှောက်လှမ်း သွားတယ်။ သူ့မျက်နှာထားကတော့ ခက်ထန် နေတာပေါ့။ 
"ရပ်လိုက်စမ်း"
ရှောင်ယွီချင်း နှလုံးသားက စိုးရိမ်ကြောင့်ကြ လာရတယ်။ မြန်မြန်ဆန်ဆန်လေး သူ့အမေအနား အပြေးသွားပြီး အမေရှေ့မှာ မားမားမတ်မတ် ရပ်နေလိုက်တယ်။ သူတို့အနားကို မထီမဲ့မြင်ပုံစံဖြင့် ရောက်လာတဲ့ ယွမ်ရှောင်ကို ခံစားချက် ကင်းမဲ့သော အကြည့်ဖြင့် ကြည့်လိုက်ပြီး
"မင်းကို ငါက အစ်ကို တစ်ယောက်လို့ ခေါ်ဆိုသင့်ပါတယ်... ဒါပေမဲ့ မင်း ဒီလို ခေါ်တာကို ခံယူချင်ရင်တော့  အမှား မကျူးလွန်သင့်ဘူး ထင်တယ်... မင်းမိန်းကလေးကို အမှားလုပ်ထားက လင်ယောင်လေ... ငါ့အမေ မဟုတ်ဘူးလေ  မင်းစာရင်း ရှင်းချင်ရင် လင်ယောင်နဲ့ ရှင်းသင့်တယ်..."
လင်ယွဲ့အပေါ် သံသယရှိနေပါစေ... ဘာပဲဖြစ်ဖြစ် သူမက သူ့ရဲ့ မွေးမိခင် တစ်ယောက်။ ဘာပဲဖြစ်ဖြစ် အမေကို ထိခိုက်အောင် တိုက်ခိုက်ဖို့ ဘယ်သူ့ကိုမှ ခွင့်မပြုနိုင်ဘူး။ တကယ်လည်း ယွမ်လော့ဖုန်းကို အရှက်ခွဲတာက လင်ယောင်လေ... သူ့အမေ မဟုတ်ဘူးလေ။
သူ့မိခင်က အပြစ်ကင်းစင်တယ်လို့ သူ ယူဆထားတယ်။
"အခုချက်ချင်း ထွက်သွားစမ်း"
ယွမ်ရှောင်က ခံစားချက် ကင်းမဲ့သော မျက်နှာထားနဲ့ အမိန့်ပေးလာတယ်။
ရှောင်ယွီချင်း အကြည့်က အရင်လို ခံစားချက် ကင်းမဲ့နေဆဲပါ။ 
"ငါ့အမေကို ထိခိုက်အောင် တိုက်ခိုက်ဖို့ ငါ ခွင့်မပြုနိုင်ဘူး။ 
သူမရှေ့မှာ ပိတ်ရပ်နေတဲ့  လူလေးကို ကြည့်ရင်း ပျော်ရွှင်မှု အရိပ်အယောင်များက လင်ယွဲ့ မျက်ဝန်းမှာ ဝေ့ဝဲ နေတော့တယ်။ 
"ယွီချင်း... ဒီအမှိုက်ကောင်က အမေကို ထိခိုက်ဖို့ တွေးကြံနေတာ... သူ့ကို အခုချက်ချင်း သတ်သင့်တယ်... ရှောင်မိသားစုရဲ့ အမှိုက်ကောင်နဲ့ ပါရီမီရှင် ခြားနားချက်ကို ပြသသင့်တယ်"
ဒီကောင်လေးက လူ့အမှိုက်၊ သူ့သားလေးက ပါရမီရှင်လေး... လက်ဝါး တစ်ချက်တည်းနဲ့ လူအမှိုက်ကောင်ကို သေသည်အထိ ရိုက်နှက်နိုင်တယ်။ ဒီနေရာမှာ ဂုဏ်မောက်နေဖို့ လူအမှိုက်မှာ ဘာစွမ်းအား ရှိနေလို့လဲ။
"အခုချက်ချင်း ထွက်သွားစမ်း"
ယွမ်ရှောင်အသံက တိုးလျပြီး ခပ်ဩဩ ဖြစ်ပြီ။ သူ ထိုစကားကို ပြောပြီးတဲ့ အချိန်မှာ လက်ဝါးချက်ရိုက် ပေါ်ထွက်လာတယ်။
ရှောင်ယွီချင်း ရင်အုံပေါ် လက်ဝါးရိုက်ရိုက် ပေါ်ထွက်လာပြီး သူ့ သူငယ်အိမ်က ချက်ချင်း ကျုံ့သွားကာ ခန္ဓာကိုယ် တစ်ခုလုံးက ဒုံးပျံယာဉ်ကဲ့သို့ လွင့်စဉ်သွားပြီး ရှေးဟောင်းသစ်ပင်ကို ဝင့်ဆောင့်ထား ဝုန်းခနဲအသံ ဖြစ်ပေါ်လာတော့တယ်။  ထို့နောက် ရှေးဟောင်း သစ်ပင်က သူ့ခန္ဓာကိုယ်ပေါ်သို့ အရှိန်ပြင်းစွာ ကျရောက် လာပြီး ကျယ်လောင်သော အသံကို ဖြစ်ပေါ်စေတယ်။ 
ရှောင်ယွီချင်းလေးမှာ ပါးစပ်အပြည့် လတ်ဆတ်သော သွေးများ အန်လုပြီး ချောမော ခန့်ညားသော မျက်နှာမှာ   လုံးလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရတယ်။ သူ့ခန္ဓာကိုယ်ပေါ် ပိကျနေတဲ့ ရှေးဟောင်း သစ်ပင်ကြီးကို သူ တွန်းထုတ် လိုက်ချင်ပါတယ်။  ဒါပေမဲ့လည်း သူ မရွေ့လျား နိုင်လောက်အောင် ရှေးဟောင်း သစ်ပင်က ဧရာမ တောင်တစ်လုံး နီးပါးပါပဲ။ 
အားလုံးမျက်နှာက  လှုပ်ရှားမှု ကင်းမဲ့ သွားလေတော့... ရှောင်မိသားစု အုပ်စုကတော့ အသိသာ အထင်ရှားဆုံးပဲ။  အရူးတစ်ယောက်လို မျက်နှားထား ဖြစ်နေခဲ့ပြီး ဘာဖြစ်လိုက်မှန်း ကိုတောင် ရှင်းရှင်းလင်းလင်း မသိလိုက်ရှာဘူး။ 
"ဟား… ဟား... ဟား..."
ပထမဦးဆုံး စကားစလာသူကတော့ ဝေ့လျန့်ရယ်ပါပဲ။ သူက အူလှိုက်သည်းလှိုက် ရယ်မောနေတော့တယ်။ သူ့ရယ်သံကို ကြားရတာတော့ အတော်လေး ပျော်ရွှင်နေပုံရတယ်။ 
"ရှောင်မိသားစုက ထူးချွန်ထက်မြက်တဲ့  လူ့အမှိုက်လေးပါလား... ရှောင်ယွီချင်းကို သူ့ထက် ပိုပြီး ထူးချွန်ထက်မြက်တဲ့ အရည်အချင်း ရှိမယ်လို့ ရှောင်မိသားစုက ယုံကြည် ရဲကြတယ်လား... ဒီလို ယုံကြည်ချက်မျိုး ဘယ်ကရောက်လာလဲ ဆိုတာ ကျုပ် နားမလည်နိုင်ဘူး... ရှောင်ယွီချင်းက သူ့လက်ဖဝါးရိုက်ချက် တစ်ချက်တည်းကိုတောင် ခံနိုင်ရည် မရှိဘူး... ဟား... ဟား.. ဒီမြင်ကွင်းက ကျုပ်ကို တကယ် ပျော်ရွှင်စေတယ်"
သူက တခြားလူရဲ့ ကံမကောင်းမှုကို ဝမ်းမြောက် ဝမ်းသာ ဖြစ်နေခဲ့ပြီး ဒီကနေ့ ရှောင်မိသားစုကို ရောက်လာရတာကို ပီတိ ဖြာနေတယ်။ မဟုတ်ရင်တော့ ဒီလို ပွဲကောင်းမျိုးကို သူ မြင်လိုက်ရမှာ မဟုတ်ဘူး။ 
ရှောင်လင်းနှင့် ရှောင်ချန်ရဲ့ မျက်နှာထားက ထိတ်လန့်မှုကို ဖော်ပြနေလေရဲ့။  ဒီမိမဆုံးမလေးက အမှိုက်ကောင် မဟုတ်တော့တာကို သူတို့ သတိမထားမိခဲ့ဘူး။ ဒါပြင် သူက ရှောင်ယွီချင်းထက် စွမ်းအား  မြင့်နေသေးတယ်။ 
သူက သရဲဘုရင်ဆိုတဲ့ နာမည်ကျော်ကြားဖို့ ထိုက်တန်ပါတယ်။ 
သရဲဘုရင် အကြောင်းကို ကွမ်လန်နဲ့ တခြားလူတွေထက် ဝိညာဉ်ဘုံက မိသားစု ၃စုက ပိုပြီးတော့ နားလည်တယ်။ သရဲဘုရင် ကျော်ကြားလာချိန်က အခြေအနေကို စုံစမ်းဖို့ သူတို့မိသားစုက ပညာရှင်များကို စေလွှတ်ခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့အားလုံး ပြန်မလာခဲ့ဘူး။  ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် သူ့စွမ်းအားက ခန့်မှန်းလို့ မရနိုင်လောက်အောင် အဆင့်မြင်တယ်ဆိုတာ သိနိုင်တယ်။ 
သူ့လက်အောက်ငယ်များ အနက် ကောင်းကင်ဘုံ အလယ်အလတ်အဆင့် ကျင့်ကြံသူ အမြောက်အမြား ရှိနေသေးတယ်...။
ရှောင်မိသားစုနဲ့ လင်မိသားစု ခေါင်းဆောင် နှစ်ယောက်တည်းသာ ကောင်းကင်ဘုံ အလယ်အလတ် ကျင့်ကြံသူ အဆင့် ရှိတယ်။
ရှောင်မိသားစု သားအဖနှစ်ယောက်ရဲ့ အံ့သြနေသော မျက်နှာနှင့် ယှဉ်လိုက်ရင် လင်ယွဲ့ မျက်နှာထားက မဲ့ရွဲ့နေပြီး သူမအကြည့်မှာ ယုတ်မာမှုမျာ ရောပြွမ်းနေတယ်။ ယွီချင်းက အထူးချွန်ဆုံး၊ အမှိုက်ကောင်က ယှဉ်နိုင်စရာ အကြောင်းမရှိဘူး။ ယွီချင်းကို ဝိညာဉ်ဘုံကလူတွေ အထင်မြင်သေးဖို့ ခွင့်မပြုနိုင်ဘူး။ အထူးသဖြင့် ဒီလူ့အမှိုက်ကောင်ပေါ့...။ 
"ကောင်စုတ်... နင်က သရဲဘုရင် ဖြစ်တိုင်း လုပ်ချင်တာ လုပ်နိုင်မယ်လို့ ထင်နေတာလား... နင်လည်း ရှောင်မိသာစုဝင် တစ်ယောက်ဆိုတာ မမေ့ပါနဲ့။ နင့်ကျောက်စိမ်းပြားက ငါတို့လက်ထဲမှာ ရှိနေတယ်။ ငါတို့က နင့်ကို သေစေချင်ရင် နင် သေရမယ်..."
 
***

သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၄၀၁ မှ ၅၀၂)Where stories live. Discover now