အပိုင်း(၄၃၈)
အိမ်တော်သို့ ပြန်ခြင်း(၄)
ချင်ယွမ်လည်း ယွမ်လော့ကို ဗျာပါဒများနေသော အကြည့်ဖြင့် ငေးကြည့်လိုက်တယ်။ သူ့အတွက်က ကိစ္စ မရှိပါဘူး။ ဒါပေမဲ့ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာခဲ့တဲ့ စစ်သူကြီး တစ်ယောက်ကိုတော့ လေးစားဖို့ လိုအပ်တယ်။ သူရဲကောင်းဆန်ပြီး ရဲစွမ်းသတ္တိရှိတဲ့ အကြီးအကဲ တစ်ယောက်က နှစ်ပေါင်းများစွာ တိုက်ပွဲ ဝင်ခဲ့သော်လည်း စစ်ပွဲမှာ ကျန်ရစ်ခဲ့တာ မဆန်းပါဘူး။ ကံခေတဲ့ လုံယွမ်ဘုရင်ကတော့ ဒါကို မမြင်နိုင်လောက်အောင် ကန်းနေခဲ့တယ်။ ဒါကြောင့်လည်း သနားစဖွယ် အဆုံးသတ်နဲ့ ရင်ဆိုင်ရတာပေါ့…။
“အဖေ”
ချင်ယွမ်လည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။ သူ့အပြုံးက တခြားလူ တစ်ယောက်ရဲ့ နှလုံးသားကို တုန်လှုပ်စေတဲ့အထိ နူးညံ သိမ်မွေ့လွန်းနေလေရဲ့။
“ကျွန်တော် နားလည်ပါတယ်… ဘာတွေပဲ ဖြစ်လာ ဖြစ်လာ နောင်တ မရဘူး”
အဖေ ပြောခဲ့သလိုပဲ ယွမ်မိသားစုမှာ သူရဲဘောကြောင်သူ ဆိုတာ မရှိဘူး။
အရင်က ကိစ္စကြောင့် အလင်းရောင်ကို မမြင်ရဘဲ ဆယ်နှစ်တာလုံး အမှောင်တောထဲမှာ နေထိုင်ခဲ့ရသော်လည်း ဒီကိစ္စကြောင့် သူ နောင်တ မရသေးပါဘူး။
“ဟွန့်”
လုယင်းလည်း ခနဲ့လိုက်တာပေါ့။ သူ့နှုတ်ခမ်းက ထေ့ငေါ့သော သဏ္ဌာန် ပုံဖော်လိုက်လေရဲ့။
“ယွမ်ချင်ရာ… မင်းက အခုအချိန်မှာ ခေါင်းမာ နိုင်နေသေးတယ်ပေါ့ မင်း ရန်စလို့ မရနိုင်တဲ့ တချို့ကိစ္စတွေ ရှိတယ်ဆိုတာ မင်းသိသင့်ပါတယ်… ငါတို့ ဆေးမြို့တော်က သြဇာတိက္ကမ ကြီးမားလွန်းတာ မင်းခန့်မှန်းလို့ မရနိုင်လောက်အောင်လည်း အစွမ်းမြင့်မားတာ… ဒါ့ပြင် ငါတို့ သခင်လေးက မြင့်မြတ်တဲ့ လူငယ်လေး တစ်ယောက်ပါ… ဒါကြောင့် ပြိုင်ပွဲ အဆုံးသတ်တဲ့အထိ မင်းက လက်တုံ့မပြန်ဘဲ သူ ရိုက်တာကို ခံယူရမယ်”
ဒီစကားကို ပြောပြီးနောက် ဆက်မပြောခင် ခဏ ရပ်တန့်လိုက်တယ်။
“လွန်ခဲ့သော ဆယ်နှစ်ကျော်တည်းက မင်းက ဆင်ခြင်တွေးတော နိုင်စွမ်း မရှိဘူး… အခုထိလည်း မတွေးတတ်သေးဘူး … ဒီကုန်းမြေစုမှာ နောက်ခံ ကောင်းကောင်း ရှိရုံနဲ့ အသုံးမဝင်ဘူး... ကိုယ်တိုင်လည်း အစွမ်းမြင့်ဖို့ လိုအပ်တယ်…. ဒါမှလည်း ကိုယ်တိုင် ရပ်တည်နိုင်မှာလေ”
ဝုန်း…
လုယင်းလည်း စကားပြောလို့ ပြီးလျှင်ပြီးချင်း သူ့ခန္ဓာကိုယ်က ယွမ်ချင်ရာ ရှိရာ ချက်ချင်း ရွေ့လျားသွားတယ်။
“သတိထား”
ချင်ယွမ်ရဲ့ မျက်နှာအမူအရာက ရှုံ့မဲ့နေခဲ့ပြီး ယွမ်ချင်ရာ ရှေ့ကို အလျင်အမြန် ပြေးလွှားသွားလိုက်ပြီး မားမားမတ်မတ် ရပ်ကာ ကာကွယ်ထားလိုက်တယ်။
သို့သော်လည်း သူက ကောင်းကင်ဘုံ အဆင့်ကို ကျော်ဖြတ်ထားတာ မကြာသေးတာကြောင့် သူက လုယင်းရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး … ဘယ်လို အင်အားမျိုးနဲ့ လုယင်းကို ယှဉ်တိုက်ခိုက်ရမလဲ။ ဝုန်းခနဲ အသံနှင့်အတူတူ လက်သီးချက်က မမြင်နိုင်သော အတားအဆီး အပေါ် ကျရောက်လာခဲ့ပြီး အတားအဆီးက တစ်စစီ ကွဲကြေသွားပြီး မီးပွားလေးကဲ့သို့ လွင့်ပါး ပျောက်ကွယ် သွားခဲ့တယ်။
တစ်ချိန်တည်းမှာပဲ ချင်ယွမ် ခန္ဓာကိုယ်က အဝေးသို့ လွင့်စဉ်သွားပြီး နံရံကို ပြေးဆောင့်တော့တယ်။ သူ့ပါးစပ်မှ သွေးများ မရပ်မနား အန်လေရဲ့…။
“ယွမ်ချင်ရာ သေစမ်း…”
လုယင်းရဲ့နှုန်းက ဘယ်သူမှ မမြင်နိုင်လောက်အောင် အရမ်း မြန်လွန်းသော်လည်း ယွမ်ချင်ရာကတော့ ပြန်လည် တိုက်ခိုက် နိုင်သေးတယ်။
“ချင်ရာ”
ယွမ်လော့ရဲ့ မျက်ဝန်းမှ ဒေါသများ ယိုဖိတ်လာရပြီ ယွမ်ချင်ရာ ရှေ့ကို အလျင်အမြန် ပြေးသွားချင်ခဲ့ပေမဲ့ ပြိုင်ဘက် ရိုက်ချက်က ကျရောက်လာခဲ့ပြီးပြီလေ… သူချစ်ရတဲ့သားလေးကို အချိန်မီ မကာကွယ်ပေး နိုင်ခဲ့ဘူး။ စိတ်နှလုံးကြေကွဲစွာနဲ့ အဘိုးအိုလုယင်း လက်သီး ယွမ်ချင်ရာပေါ် ကျရောက်လာတာကို ကြည့်နေရုံသာ တတ်နိုင်တော့တယ်။
ရုတ်တရက်ဆန်သော တိုက်ခိုက်မှုနှင့် ဖြုံလောက်သော အစွမ်းနှင့် ရင်ဆိုင်ရသော်လည်း ယွမ်ချင်ရာက အမူအရာ မပျက်ယွင်းခဲ့ပါ... တုန်လှုပ်ချောက်ချားခြင်း အလျင် မရှိခဲ့ပါ။ ဒီအဘိုးအိုရဲ့ တိုက်ခိုက်မှုကို မလှုပ်မယှက် ရပ်စောင့်ဆိုင်းနေခဲ့တယ်။
အဖေ ပြောတာ မှန်ကန်တယ်… ယွမ်မိသားစုက သားတွေက သတ္တိမကြောင်ဘူး။ သူ သေရမယ် ဆိုရင်တောင် သူ ရပ်နေရင် သေမယ်… ရန်သူကို ဘယ်သောအခါမှ ဒူးထောက်မှာ မဟုတ်ဘူး။
ရုတ်တရက် ဘယ်ကမှန်းမသိ ရောက်လာခဲ့တဲ့ ချစ်စရာ ကောင်းသော ပုံရိပ်လေးက ယွမ်ချင်ရာရှေ့မှာ မားမားမတ်မတ် ကားဆီး ထားလိုက်တော့တယ်။
မိန်းမပျိုလေးမှာ ပါးစပ်အပြည့် သွေးများ အန်ကျလာတာပေါ့။ သူမရဲ့ လှပသော အသားအရေက ကြောက်မက်ဖွယ် ချက်ချင်း ဖြူဖျော့သွားခဲ့ပြီး သူမရဲ့ ဆံနွယ်များက ပြေလျော့သွားကာ ယွမ်ချင်ရာရှေ့မှာ တလွင့်လွင့် မျောပါနေခဲ့တယ်။
သူ့သူငယ်အိမ် ကျုံ့သွားခဲ့ပြီး သူ့ရှေ့မှာ ကာဆီးထားတဲ့ မိန်းကလေးကို တအံ့တသြ ငေးကြည့်နေမိတယ်။ သူ နားမလည်နိုင်စွာ မူးဝေလာရပြီ။ မိန်းကလေးရဲ့ ခန္ဓာကိုယ်က မြေကြီး ရှိရာ ဦးတည်လာတာကို မြင်ရတော့မှ သူ အသိပြန်ဝင်လာခဲ့ပြီ နူးညံ့ ပျော့ခွေနေသော ကောင်မလေး ခန္ဓာကိုယ်ကို ဖမ်းနိုင်ရန် ရှေ့သို့ ခြေလှမ်း နှစ်လှမ်း လှမ်းလိုက်လေရဲ့။
“ဘာကြောင့် မင်း… ငါ့ကို ကယ်တင်ခဲ့ရတာလဲ”
နင်အကြီးအကဲ ထွက်ခွာ သွားခဲ့သော်လည်း ဒီကောင်မလေးက ယွမ်အိမ်တော်မှာ နေခဲ့တယ်။ သူမက ယွမ်လော့ဖုန်း ပြန်အလာကို စောင့်နေသည်ဟု ထင်နိုင်သော်လည်း တကယ်တမ်းက သူမလေးက သူ့ရှေ့နားမှာ ဝေ့ဝဲနေခဲ့တာပါ။
ယွမ်ချင်ရာ အတွက်တော့ သူ့ထက် ဆယ်နှစ်ငယ်တဲ့ ဒီကောင်မလေးအတွက် လေးနက်တဲ့ ခံစားချက် မရှိခဲ့ဘူး။ သူမကို ညီမငယ်လေး တစ်ယောက်အဖြစ် ပြောဆို ပြုမူနိုင်တယ်။ သူ့ကိုယ်စား လုယင်း တိုက်ခိုက်မှုကို ခံယူဖို့ အချိန်မီ ပြေးလာမယ်လို့တော့ မထင်ထားခဲ့မိဘူး။
***
အပိုင်း(၄၃၉)

YOU ARE READING
သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၄၀၁ မှ ၅၀၂)
Romanceအပိုင်း၁၅၀၀အထိ freeလက်ဆောင်ယူပြီး Gp1ခုကို 2000ကျပ်ဖြင့် အားပေးလို့ ရပါတယ်