အပိုင်း(၄၁၈)
အမုန်းအာဃာတ
ရှောင်ယွီချင်း ပြန်တုံ့ပြန်ဖို့ အချိန် မရလိုက်ခင်မှာပဲ လင်ယွဲ့လည်း သူမရင်ဘတ်မှ နေရာ ကူးပြောင်း အင်းချပ်ကို ထုတ်လိုက်တယ်။ ချက်ချင်း ရှောင်ယွီချင်း လက်ကို ဖိကပ်ပြီး စကားတစ်ခွန်းကို ရွတ်ဆိုလိုက်တယ်။ အင်းချပ်ကို သူမလက်နဲ့ ဆွဲဖြဲလိုက်တယ်။
"ယွီချင်းက ဒါက နေရာ ကူးပြောင်းနိုင်တဲ့ အင်းချပ်... မီတာထောင်ပေါင်း များစွာကို နေရာ ကူးပြောင်းနိုင်တယ် ဒီနှစ်တွေမှာ ငါ စုဆောင်းထားတဲ့ တစ်ခုတည်းသော ရတနာပဲ... နင် ငါ့အတွက် လက်စားချေ ပေးရမယ် "
"မလုပ်နိုင်ဘူး"
ရှောင်ယွီချင်းလည်း ကတိုက်ကရိုက် ပြန်အော်လိုက်တယ်။ ခဏကြာတော့ သူ့တစ်ကိုယ်လုံးကို လေနဲ့အတူတူ သယ်ဆောင်သွားပြီး အနောက်ဘက် ခြံဝင်းမှ ပျောက်ကွယ် သွားခဲ့တယ်။
လင်ယွဲ့ လှုပ်ရှားမှုက အရမ်း မြန်ဆန်လွန်းတယ်။ လူတိုင်း ပြန်တုံ့ပြန်ဖို့ ခဲယဉ်းလောက်တဲ့အထိ မြန်ဆန်လွန်းတယ်။ ထို့နောက် သူမ အကြည့်က ရှောင်ချန်ဘက်သို့ ကူးပြောင်းသွားပြီး နာကြည်းသော အပြုံးက သူမ နှုတ်ခမ်းထောင့်မှာ ပေါ်လွင်လာတယ်။
"ကျွန်မ ငယ်ရွယ်မှု အားလုံး ရှင့်ကို ပေးအပ်ခဲ့တယ်... ရှင်ကတော့ ကျွန်မကို သစ္စာဖောက်ခဲ့တယ်"
သူမ မျက်လုံးများက အရင်လို အထင်ကြီး ဘဝင်မြင့်နေသော ပုံစံ မရှိတော့ဘဲ ပူဆွေးသောကဖြင့် ပြည့်နှက် နေတော့တယ်။
"ကံကောင်းစွာနဲ့ ကျွန်မမှာ ယွီချင်း ရှိသေးတယ် ... သားက ကျွန်မ မျှော်လင့်ချက်ပဲ... နင်တို့လက်ထဲမှာ ယွီချင်းကို သေခွင့်မပြုဘူး"
အတိတ်က လင်ယွဲ့ဆိုရင်တော့ သူမကိုယ် သူမ လွတ်မြောက်အောင် ကြံစည်မှာပါ။ အသက်ရှင်ဖို့ တစ်ခုတည်းကိုသာ ရွေးချယ်မှာပါ။ ရှောင်ယွီချင်းကို သေစေမှာပါ။ အခုတော့ သူမနှလုံးသားမှာ အမုန်းအာဃာတဖြင့် ပြည့်နှက်နေပြီ ... သူမ အရှက်မရချင်ဘူး... သူမ လက်စားချေချင်တယ်... သူမ အရည်အချင်းနဲ့ဆိုရင် ဒီနေရာက လွတ်မြောက်သွားလည်း... လက်စားချေနိုင်တဲ့ အခွင့်အရေး မရှိဘူး။ ဒါကြောင့်လည်း အသက်ရှင်နိုင်တဲ့ အခွင့်အရေးကို ရှောင်ယွီချင်းကို ပေးလိုက်တာပေါ့။ သူမ ရည်ရွယ်ချက်က ရှင်းပါတယ် နောင်ဆို သူမအတွက် လက်စားချေပေးဖို့ပဲ။
ယွမ်ရှောင်လည်း အဝေးကို ရောက်သွားတဲ့ ရှောင်ယွီချင်းကို လှမ်းကြည့်လိုက်တယ် သူ့မျက်ခုံးကို ကျုံ့လိုက်ပြီး သူ့ဘေးနားက လင်းချုံကို အသိပေးဟန် ကြည့်လိုက်တယ်။ လင်းချုံလည်း ပြန်အဆင်ပြေ ချင်တာကြောင့် အခွင့်အရေးကို လက်လွတ်မခံပေ။ အားလုံး မျက်စိရှေ့မှ အလျင်အမြန် ပျောက်ကွယ် သွားတယ်။
လင်းချုံ ထွက်သွားပြီးနောက် ယွမ်ရှောင်လည်း သူ့အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်တယ်။ ခံစားချက် ကင်းမဲ့သော မျက်လုံးများဖြင့် လင်ယွဲ့ကို မသွေမတိမ်း ကြည့်ရင်း သူ့ခန္ဓာကိုယ်မှ လူသတ်ချင်စိတ်များကို ထုတ်လွှင့်နေတယ်။ လူအားလုံးကို တုန်လှုပ် ချောက်ချားစေတယ်။
"ဟားဟား" လင်ယွဲ့လည်း ယွမ်ရှောင်ရဲ့ လူသတ်ချင်စိတ်ကို ခံစားမိတာကြောင့် ဟားတိုက် ရယ်မောလိုက်တယ်။
"ငါသေသွားမယ် ဆိုရင်တောင် ငါ့သားက ငါ့အတွက် လက်စားချေပေးမှာ... အဲဒီအချိန်ရောက်မှ နင်... ငါ့ကို မြေအောက် ကမ္ဘာမှာ အဖော်လာပြုလှည့်... ဟား..."
သူမရယ်သံက ယုတ်မာ ရက်စက်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီ မျက်ဝန်းကိုတော့ အမုန်း အာဃာတများဖြင့် ဖြည့်စွက် ထားတာပေါ့။
အမုန်း...
သူမ မမုန်းဘဲ နေပါ့မလား...
အမှိုက်ကောင် အပါအဝင် ဘယ်သူမှ သူမသားကို ကျော်နိုင်မှာ မဟုတ်ဘူး။
ဝေ့လျန့်ရယ်လည်း ဘေးမှာ ရပ်မနေနိုင်တော့ဘဲ သူမကို ဟားတိုက် ပြောဆိုလိုတယ်။
"လင်ယွဲ့ ငါ မင်းကို တစ်ခုတော့ ပြောလိုက်မယ်... နင့်သားက အခုအချိန်မှာ ယွမ်ရှောင်လောက် မတော်နိုင်ဘူး။ နောင်လည်း ယွမ်ရှောင်ကို ကျော်နိုင်မှာ မဟုတ်ဘူး။ သူ့အပေါ် မျှော်လင့်ချက် အများကြီး မထားတာ အကောင်းဆုံးပဲ"
"ဟွန့်... ငါ မယုံကြည်ဘူး... ငါ့သားက အရမ်း ထူးချွန်တယ် အမှိုက်ကောင် အရမ်း စွမ်းအားကြီးလာတဲ့ အကြောင်းအရင်း ကလည်း အခွင့်အကောင်း တစ်ခုနဲ့ ကြုံဆုံခဲ့လို့ ဖြစ်ရမယ်။ ဒါကြောင့် ရှောင်ယွီချင်းကို ပြန်လမ်းမဲ့ သစ်တောရှိတဲ့ နေရာကို ပို့လိုက်ပြီ"
ဝေ့လျန့်ရယ်လည်း ခေါင်းကို ခါယမ်းလိုက်တယ်။ ဒီမိန်းမက တကယ်ကို ရူးနေတာပါလား။
သူမက ရှောင်ယွီချင်းကို ပြန်လမ်းမဲ့ သစ်တောထဲ ပို့လိုက်တယ်ပေါ့။ အခုတော့ သူမ သားအရင်းကိုတောင် ပို့လိုက်ပြီပေါ့။ ရူးနေတဲ့ မိန်းမသာ ဒီလိုကိစ္စမျိုးကို လုပ်ဆောင်မယ်။
"နင် ငါ့ကို သတ်ချင်ရင် သတ်လိုက်... နောင်ဆို ရှောင်ယွီချင်းက ငါ့အတွက် လက်စားချေပေးလိမ့်မယ်"
လင်ယွဲ့လည်း မေးမော့ပြီး သူရှေ့က လူများကို သရော်သော ပုံစံဖြင့် ကြည့်လိုက်တယ်။
"ရှင်က သေချင်တာလား"
ယွမ်လော့ဖုန်းလည်း မဲ့ပြုံး ပြုံးလိုက်တယ်။
"ဒီလောက် မလွယ်လောက်ဘူး ထင်တယ်... ရှင်မကြားဖူးဘူးလား... သေရတာက ပိုဆိုးရွားတဲ့ ရှင်သန်ခြင်း ဆိုတာလေ"
ယွမ်ရှောင်ကို ထိခိုက်စေခဲ့တဲ့ ဒီမိန်းမကို သူမ ဘယ်တော့မှ ခွင့်မလွှတ်ဘူး။ ဒါကြောင့် ဒီမိန်းမက အကြိမ်တစ်ထောင်မက သေဖို့ ထိုက်တန်တယ်။
***
YOU ARE READING
သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၄၀၁ မှ ၅၀၂)
Romanceအပိုင်း၁၅၀၀အထိ freeလက်ဆောင်ယူပြီး Gp1ခုကို 2000ကျပ်ဖြင့် အားပေးလို့ ရပါတယ်