အပိုင်း(၄၉၈)
ယွမ်လော့ဖုန်းကို လက်ထပ်ခွင့်တောင်းခြင်း (၁)
သူမပြောလိုက်တဲ့ ကျီစယ်သော စကားကြောင့် ယွမ်ချင်ရာ၏ ချောမော ခန့်ညားသော မျက်နှာမှာ အနီရောင် သမ်းယှက်လာခဲ့တယ်။
"ဦးငယ်လေး ... နင်ရှင်းကို ဘယ်အချိန် လက်ထပ်မှာလဲ..."
သူတို့နှစ်ယောက် အအရက်ပြေပြီလို့ ယူဆတာကြောင့် ယွမ်လော့ဖုန်းလည်း သူ့ကိုဆက်ပြီးတော့ ကျီစားလိုက်တယ်။
"ရှောင်ဖုန်း..."
နင်ရှင်းလည်း ခပ်ရေးရေးမျှ ပြုံးလိုက်တယ်။
"အခု ငါ့ဘက်က တစ်ဖက်သတ် အချစ်ပါ... ဒါပေမဲ့ အစ်ကိုယွမ် ငါ့အချစ်ကို လက်ခံတာနဲ့ ငါသူနဲ့ အမြန်ဆုံး လင်ထပ်မယ်"
သူမ အချစ်ကို လက်ခံဖို့ ယွမ်ချင်ရာကို တွန်းအားပေးမှာ မဟုတ်သလို... ဖိအားပေးမှာလည်း မဟုတ်ပါဘူး...။ သူမအချစ်ကို လိုလိုလားလား လက်ခံလာတဲ့ စောင့်ဆိုင်းနေမှာပါ။
ယွမ်ချင်ရာလည်း နင်ရှင်းကို ရှုပ်ထွေးနေတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။
"ကိုယ်က ယောက်ျားတစ်ယောက်ပါ... ကိုယ့်မိန်းကလေးကို ကိုယ် ကာကွယ်သင့်ပါတယ် မှန်ပါတယ်... ကိုယ့်မှာ မင်းကို အပြည့်အဝ ကာကွယ်ပေးနိုင်တဲ့ အစွမ်းအစ မရှိသေးဘူး... မင်းကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းရှိတဲ့ တစ်နေ့ ကိုယ် မင်းကို လက်ထပ်ပါ့မယ်"
နင်ရှင်းမှာ နှလုံးခုန်သံ ရပ်တန့်တော့မလို ခံစားရပြီး အံ့ဩ ပျော်ရွှင်သော အကြည့်နဲ့ ယွမ်ချင်ရာကို ကြည့်လိုက်တယ်။
အစ်ကိုယွမ်က သူမအချစ်ကို လက်ခံလိုက်တာလား။ သူမကို လက်ထပ်ဖို့ အချိန်မတန်သေးတာပေါ့ ...။
"အစ်ကိုယွမ်... အစ်ကို့ကို ညီမ စောင့်နေပေးမယ်"
နင်ရှင်းလည်း သူမစိတ်ကို တည်ငြိမ်အောင် အတတ်နိုင်ဆုံး ကြိုးစားလိုက်တယ်။ သူမမျက်နှာမှာ အပြုံးပန်းများ ပွင့်လန်း လာခဲ့တယ်။
"ဦးငယ်လေး"
ယွမ်လော့ဖုန်းလည်း တစ်စုံတစ်ရာကို တွေးမိတာကြောင့် မျက်မှောင်ကုတ် လိုက်တယ်။
"ဦးလေး ပြောချင်တာ..."
ယွမ်ချင်ရာလည်း ယွမ်လော့ဖုန်းကို တစေ့တစောင်း ကြည့်လိုက်ပြီး
"ဦးလေး ပြန်လမ်းမဲ့ သစ်တောကို သွားချင်တယ်"
'ပြန်လမ်းမဲ့ သစ်တော့' ဘယ်သူမှ ပြန်မလာနိုင်တဲ့ နေရာမလား။ ဒီနေကို သွားသည့်လူတိုင်း သေခြင်းမှ မလွတ်မြောက်နိုင်ဘူး။
ယွမ်လော့ဖုန်းလည်း အံဩမိပါရဲ့... ယွမ်ချင်ရာက အဲဒီလို နေရာမျိုးကို သွားချင်သတဲ့လား။
"သေချာပြီလား"
ယွမ်လော့ဖုန်းလည်း မျက်ခုံးပင့်ကာ မေးလိုက်တယ်။
"သေချာပါတယ်"
ယွမ်ချင်ရာလည်း ခေါင်းညိတ် လိုက်တယ်။ သူ့မျက်နှာက မကြုံစဖူးလောက်အောင် တည်ငြိမ်နေခဲ့တယ်။
"ဖုန်းအာလေးက ပြန်လမ်းမဲ့ သစ်တောက ထွက်မလာနိုင်တာ ကိုသာ သိနေခဲ့တာ... အဲဒီနေရာက ပြန်လာနိုင်တဲ့သူ အများကြီး ရှိနေပါသေးတယ်... ဖုန်းအာလေး မသိလို့ပါ... သူတို့ စွမ်းအားက အတော်လေး မြင့်မား သွားကြတယ်... ဦးလေး ... အမြန်ဆုံးနည်းနဲ့ အစွမ်းထက်ချင်ရင် ပြန်လမ်းမဲ့ သစ်တောကို သွားကိုသွားရမယ်... ရွေးချယ်ခွင့် မရှိဘူး"
ဒါကြောင့်လည်း နင်ရှင်းကို လက်မထပ်ချင် သေးတာပေါ့... သူ ပြန်လမ်းမဲ့သစ်တောမှ ပြန်လာမနိုင်မှာ စိုးရိမ်မိတယ်... သူ့ကြောင့် နင်ရှင်း မုဆိုးမ ဖြစ်သွားနိုင်တယ်။
"ဦးလေး... နောက်တစ်ကြိမ် လောက်တော့ ပြန်တွေးကြည့်ပါဦးနော်... ဒါပေမဲ့ ဦးလေး စိတ်ပိုင်းဖြတ်ပြီးပြီ ဆိုရင်တော့... ဖုန်းအာ အားပေးနေမှာပါ... ဘိုးဘိုး... နင်ရှင်းနဲ့ ဖုန်းအာ... ယွမ်အိမ်တော်မှာ စောင့်ဆိုင်းနေတယ် ဆိုတာ မမေ့ပါနဲ့နော်... အသက်ရှင်လျက် ပြန်လာရမယ်နော်"
ယွမ်ချင်ရာလည်း ယွမ်လော့ဖုန်း၏ ဦးခေါင်းလေးကို ယုယုယယ ပွတ်သပ်ပေးလိုက်တယ်။ သူ့မျက်ဝန်းများမှာ အဆုံးအစမဲ့သော နူးညံ့သိမ်မွေ့မှုများဖြင့် ပြည့်နှက် နေခဲ့ပါတယ်။
"စိတ်မပူနဲ့နော်... ဦးငယ်လေး အကောင်းဆုံး ကြိုးစားပါ့မယ်... ပြန်လမ်းမဲ့သစ်တော အစွန်းအဖျားမှာ နေပါ့မယ်... တောနက်ထဲအထိ မသွားပါဘူး... တူမလေးတို့အတွက် ဦးငယ်လေး ဘေးအန္တရာယ် ကင်းရှင်းအောင် နေထိုင်ပါ့မယ်"
"ဟုတ်ပါပြီရှင်..."
ယွမ်လော့ဖုန်းလည်း တွန့်ချိုးထားသော မျက်ခုံးလှလှလေးကို ပြေလျော့လိုက်တယ်။
"ဒါဆို ပြန်လမ်းမဲ့ သစ်တောမသွားခင် အချိန်မီလေး စိတ်ဝိညာဉ် ဆေးမြစ်တွေ ပြင်ဆင် ပေးလိုက်မယ်..."
ယွမ်ချင်ရာမှာ တစ်စုံတစ်ရာကို ပြောချင်သော်လည်း ပြောမထွက်ပေ။ သူ့ဆုံးဖြတ်ချက်ကို ယွမ်လော့ဖုန်း သဘောတူမှာ မဟုတ်ဘူးလို့ ထင်ခဲ့မိပါတယ်။ သို့သော်ငြား ဖုန်းအာက လွယ်လွယ်ကူကူ သဘောတူလိုက်တယ်လား... ဟုတ်များ ဟုတ်ရဲ့လားနော်...။ သူ့စိတ်သက်သာရာ ရပါတယ်။ ယွမ်လော့ဖုန်း သဘောမတူလည်း ပြန်လမ်းမဲ့သစ်တောထဲ ဝင်နိုင်တဲ့နည်းလမ်းကို ဘာပဲဖြစ်ဖြစ် ရှာမှာပါ။
သူ့မှာ စွမ်းအား အပြည့်အဝ ရှိမှ ယွမ်မိသားစုကို ကာကွယ်နိုင်မှာ...။
အရင်က အဖြစ်အပျက်မျိုး နောက်ထပ် ဖြစ်လာခွင့် မပြုနိုင်ဘူး။ သူ့မိသားစုကို သူ အကောင်းဆုံး ကာကွယ်မယ်။
"အစ်ကိုယွမ်"
နင်ရှင်းလည်း ယွမ်ချင်ရာကို စူးစူးစိုက်စိုက် ငေးမော ကြည့်လိုက်တယ်။ သူမ ရင်ထဲ လွမ်းဆွတ် တမ်းတနေမိဆဲပါ။
"အစ်ကို့ကို ယွမ်အိမ်တော်မှာ ညီမ မျှော်နေပါ့မယ်... အစ်ကို... အသက်ရှင်လျက် ပြန်လာရမယ်နော်... အစ်ကို ပြန်မလာဘူး ဆိုရင်တောင် ညီမ တစ်ဘဝလုံးနဲ့ ရင်းပြီး အစ်ကို့ကို မျှော်လင့် စောင့်ဆိုင်းနေမှာပါ... ညီမရဲ့ ကျန်ရှိတဲ့ ဘဝတစ်သက်တာက အစ်ကို့အတွက်ပါ... အစ်ကို... ယုံရဲ့လား"
ယွမ်ချင်ရာရဲ့ နှလုံးသားမှာလည်း ချိုမြိန်မှု နာကျင်မှုများ ရောယှက် နေခဲ့ပါသော်လည်း သူ အားတင်း ပြုံးလိုက်တယ်။
"ရှင်းအာ... ကိုယ့်ကိုယ်စား ဖုန်းအာနဲ့ ဖေဖေကို စောင့်ရှောက် ပေးပါနော်..."
"အစ်ကိုယွမ်... စိတ်ချပါ... ညီမ အသက်ရှင်နေသ၍ ယွမ်မိသားစုကို ဘယ်သူမှ မထိပါးစေရဘူး"
***

YOU ARE READING
သရဲဘုရင်ရဲ့ချစ်လှစွာသောဇနီးဆိုးလေး အပိုင်း(၄၀၁ မှ ၅၀၂)
Romanceအပိုင်း၁၅၀၀အထိ freeလက်ဆောင်ယူပြီး Gp1ခုကို 2000ကျပ်ဖြင့် အားပေးလို့ ရပါတယ်